ချစ်ပြီးမှ ဝေးမှာကို မလိုလားတယ်ဆိုတဲ့ သီချင်းစာသားအတိုင်းပါပဲ။ လူတွေဟာ အချစ်ဆုံးရှုံးမှာကို ကြောက်တတ်ကြပါတယ်။ အဝေးက အချစ်မျိုးနဲ့ ချစ်ကြရတဲ့ LDRS တွေဆို ဒီလိုကြောက်ရတဲ့စိတ် ပိုတတ်ပါတယ်။ Relationship တစ်ခု ခိုင်ခိုင်မာမာ တည်မြဲစေချင်တယ်ဆိုရင် ဒီလိုအလေ့အထလေးတွေ ရှိဖို့တော့ လိုမှာပါ။

(၁) သင့်ချစ်သူအကြောင်း အချက်အလက်သစ်တွေ လေ့လာပါ

Photo: Unsplash

ချစ်သူသက်တမ်း ဘယ်လောက် ကြာပြီဆိုတာထက် တစ်ယောက်ကိုတစ်ယောက် ဘယ်လောက်နားလည်သလဲဆိုတာက ပိုအရေးကြီးပါတယ်။ တစ်ယောက်အကြောင်း တစ်ယောက်နားလည်ခြင်းဆိုတာ တစ်ဘဝလုံးအတွက် အရေးကြီးတဲ့ အချက်ဖြစ်ပါတယ်။ အချစ်ရေး ပိုမြဲချင်ရင် ကိုယ်ချစ်တဲ့သူအကြောင်း အမြဲပဲ သိအောင် ကြိုးစားဖို့ လိုပါတယ်။

သင့်လက်တွဲဖော်ပေါ် စိတ်ဝင်စားမှု ဘယ်တော့မှ ရပ်မသွားတာ ၊ သူ့စရိုက် သူ့သဘောကို ကောင်းကောင်း သိတာဟာ တစ်ယောက်ကိုတစ်ယောက်ပိုပြီး နီးစပ်မှု ရှိစေတဲ့ အချက်ဖြစ်ပါတယ်။ ကိုယ့်ချစ်သူရဲ့ ခေါင်းထဲက စိတ်ကူးတွေနဲ့ လက်ရှိခံစားချက်တွေကို တကယ်စိတ်ဝင်စားတတ်တဲ့သူဟာ သူ့ချစ်သူအတွက်က အကောင်းဆုံး ဘဝလက်တွဲဖော်ဆိုလည်း မမှားပါဘူး။

(၂) နေ့တိုင်း စိတ်သက်သာရာရတဲ့ စကားတွေ ပြောပေးပါ

Photo: Pexels

အလုပ်ချိန်မှာတောင် Tea Break ဆိုတာ ရှိပါတယ်။ ကျွန်တော်တို့တတွေဟာ ပင်ပန်းစရာတွေကို အကြာကြီး သယ်မထားနိုင်လို့ ရင်ဖွင့်ရမယ့်သူကို ရှာနေကြတာပါ။ သင့်ချစ်သူလည်း ဒီအတိုင်းပါပဲ။

တစ်နေ့လုံး ရုံးမှာ စိတ်ပင်ပန်းစရာတွေ ဖိစီးမှုတွေ ကြုံခဲ့တဲ့ ချစ်သူကို နားလည်စာနာစိတ်နဲ့ ဖေးဖေးမမ ငြင်ငြင်သာသာ အားပေးတာ ၊ စိတ်အေးချမ်းစေမယ့် စကားဝိုင်းတစ်ခု ဖန်တီးတာမျိုးတွေနဲ့ အကြင်နာတွေ ဖော်ပြမယ်ဆိုရင် ကိုယ့်ပေါ်မှာ ပိုပြီး သံယောဇဉ်ခိုင်မြဲပါလိမ့်မယ်။

(၃) ဂရုစိုက်မှုလေးတွေ ပြပါ

Photo: Unsplash

နေ့တိုင်းမှာ သိပ်ပြီး ကြီးကြီးမားမားမဟုတ်တောင် အရေးပါတဲ့ ဂရုစိုက်မှုလေးတွေ လုပ်ပေးဖို့ အကြံပေးချင်ပါတယ်။ ဒီလို ဂ*ုစိက်တာကို စိတ်ပညာရှင်တွေက ဂရုဏာနှင့်ယှဉ်သော ချစ်မှုပုံစံလို့ ခေါ်ပါတယ်။ သေးသေးလေးပဲဖြစ်ဖြစ် လူတစ်ယောက်ကို ဂရုစိုက်ကြောင်းပြတဲ့ အမူအယာဟာ အကြီးကြီး အလုပ်ဖြစ်တဲ့အရာလည်း ဖြစ်ပါတယ်။

(၄) အိမ်မှုကိစ္စအတူလုပ်ပါ

Photo: Pexels

သုတေသနတွေအရ အိမ်ဝေယျာဝစ္စကို တစ်ယောက်တည်းလုပ်ရတဲ့ စုံတွဲတွေဟာ တစ်ယောက်နဲ့တစ်ယောက် သိပ်အစေးမကပ်ကြဘူးလို့ ဆိုပါတယ်။ အပြန်အလှန်အနေနဲ့ အိမ်မှုကိစ္စတစ်ချို့တစ်ဝက်ကို အတူတူ လုပ်ဖော်ရတဲ့ လက်တွဲဖော်တွေက ပိုပျော်ကြပြီး တစ်ယောက်ကို တစ်ယောက်လည်း ပိုချစ်ကြတယ်လို့ ဆိုပါတယ်။