လူတစ်ယောက်ကို ကြီးကျယ်မြင့်မြတ်စေတဲ့ အရာဟာ သူ့ကို အထက်ရောက်အောင် တွန်းတင်တဲ့ အရာတွေကြောင့် ဖြစ်ပါတယ်။ တိုးတက်အောင်မြင်သူဖြစ်အောင် ပုံပြောင်းပေးတဲ့အရာကလည်း သူနေ့စဉ်လုပ်နေတဲ့ အလေ့အထတွေကြောင့်ပါ။
ဒီတော့ တိုးတက်အောင်မြင်ချင်တယ်။ နေ့တိုင်းမှာ ပိုကောင်းတယ်လို့ ခံစားရချင်တယ်ဆိုရင် အခုပြောမယ့်အလေ့အကျင့်တွေ နေ့တိုင်း လုပ်ပေးသင့်ပါတယ်။

(၁) ပန်းတိုင်ဆီ ဦးတည်နေပါ

Photo: Unsplash

နေ့တိုင်း သင့်စိတ်ထဲမှာ ပန်းတိုင်ဆီ သွားတဲ့ လမ်းကြောင်းပဲ ရှိနေရမှာပါ။ ပန်းတိုင်ဆီ စိတ်ရောက်ပြီးသား လူအတွက် သွားဖို့နည်းလမ်း သိပ်မခက်ဘဲ ရှာတွေ့နိုင်မှာ ဖြစ်ပါတယ်။

(၂) အရေးမပါတဲ့ အချက်အလက်တွေနဲ့ ခေါင်းရှုပ်မခံပါနဲ့

Photo: Freepik

ကျွန်တော်တို့ဟာ နေ့တိုင်းမှာ Data တွေ ရနေတာပါ။ လူမှုကွန်ရက်ပေါ်မှာ ၊ လူတွေနဲ့ တွေ့ကြုံပြောဆိုနေချိန်တွေမှာ အချက်အလက်သစ်တွေဟာ ခေါင်းထဲကို အဆီးအတားမရှိ ဝင်ရောက်နေတာ ဖြစ်ပါတယ်။ တိုးတက်အောင်မြင်ချင်တယ်ဆိုရင် အချက်အလက်ရဲ့ ကျေးကျွန်မဖြစ်စေပါနဲ့။ အရေးမပါတာတွေအတွက် စိတ်အနှောင့်အယှက်ဖြစ်နေမယ်ဆိုရင် သင့်ရည်မှန်းချက်ဆီ သွားဖို့ ပိုခက်ခဲလာပါလိမ့်မယ်။

(၃) မိတ်ဆွေကောင်းတွေ ရှာဖွေပါ

Photo: Pexels

မိတ်ကောင်းဆွေကောင်းဆိုတာ လူ့အဖွဲ့အစည်းကြီးကို နေပျော်စေတဲ့ အဓိက ပါဝင်ပစ္စည်းတွေပါ။ လူဟာ လောကမှာ ရုန်းကန်ရှင်သန်ရင်း လောကဓံလမ်းကွေ့တွေကို ဖြတ်သန်းရင်းနဲ့ လူ့ဘဝခရီးကို ဆက်နေရတာ ဖြစ်ပါတယ်။ မိတ်ဆွေကောင်းတွေဟာ ကိုယ့်ကို ဖေးကူလမ်းပြပေးနိုင်ပါတယ်။
ကိုယ်ကိုယ်တိုင်လည်း မိတ်ဆွေကောင်းတစ်ယောက်ဖြစ်ဖို့ ကြိုးစားရမှာပါ။ ဒါမှသာ ကိုယ့်ကိုယ်တိုင်လည်း အောင်မြင်တဲ့ ဘဝတစ်ခု ပုံဖော်နိုင်မှာ ဖြစ်သလို ပတ်ဝန်းကျင်အတွက်လည်း သစ်တစ်ပင်ကောင်းအဖြစ် လောကကို အလှဆင်နိုင်မှာ ဖြစ်ပါတယ်။

(၄) စိတ်မလျှော့ပါနဲ့

Photo: Freepik

သင်ဖြစ်ချင်တာတွေ ချက်ချင်း ဖြစ်လာမှာ မဟုတ်ပါဘူး။ တစ်ခါတစ်လေမှာ ၂ နှစ် ၃ နှစ် ကြာနိုင်သလို တစ်ခါတစ်လေမှာ ဆယ်စုနှစ်တစ်ခုနှစ်ခု ကြာနိုင်ပါတယ်။ ဒီလို ရုန်းကန်နေချိန်မှာ စိတ်ဓါတ်တွေဝေပျက်ပြားနိုင်စရာတွေ အများကြီး ကြုံရနိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ် Never Give Up လို့ အကြံပေးချင်ပါတယ်။

(၅) အမြဲသင်နေပါ

Photo: Pexels

သင်ယူခြင်းဟာ တိုးတက်ခြင်းပါပဲ။ နေ့တိုင်းမှာ အသစ်အသစ်တွေ သင်နေမှသာ လောကကြီးဟာ ငြီးငွေ့စရာမကောင်းမှာပါ။ နောက်တစ်ခုက သင်ယူခြင်းဟာ ကိုယ့်ကိုယ်ကို အဆင့်မြှင့်လိုက်တာ ဖြစ်လို့ သင်ယူမှု ရပ်ဆိုင်းတာနဲ့ တိုးတက်ခြင်း လမ်းစတွေလည်း မှေးမှိန်ပျောက်ကွယ်သွားနိုင်တယ်ဆိုတာ သတိပြုရမှာ ဖြစ်ပါတယ်။