အသားအရေဆိုင်ရာကျွမ်းကျင်သူတွေကတော့ ဝက်ခြံဟာ ဟော်မုန်းအပြောင်းအလဲတွေ ၊ အစားအသောက်မမှန်မှု ၊ စိတ်ဖိစီးမှုတွေနဲ့လူရဲ့ နေ့ဉ် Lifestyle အမှားတွေကြောင့် ဖြစ်တတ်တယ်လို့ဆိုပါတယ်။ ဝက်ခြံဟာ ကွီးတို့ရဲ့ ခန့်ညားမှုကိုလျော့စေမှာတော့သေချာပါတယ်။ ဒါကြောင့် ဒီနေ့တော့ ဝက်ခြံမဖြစ်အောင် ဘယ်လိုနေသင့်လဲဆိုတဲ့အကြံပြုချက်လေးတွေပြောပြပေးမှာပါ။

man washing face

Photo : Verywell Health

မျက်နှာပေါ်က မွေးညင်းပေါက်လေးတွေမှာ အဆီနဲ့အညစ်အကြေးတွေ ပိတ်ဆို့မိတာ ကြာရင်လည်း ဝက်ခြံဖြစ်နိုင်ပါတယ်။ ဒီတော့ မျက်နှာကို Deep Cleaning လုပ်နိုင်မယ့် မျက်နှာသစ်ဆေးကောင်းကောင်း သုံးပြီး သန့်ရှင်းပေးဖို့လိုသလို မျက်နှာပြင်ပေါ်က အသားအရေ ညီညာစေဖို့Moisturiser သုံးတာ ၊ တစ်ပတ်တစ်ခါ Face Scrubing လုပ်ပြီး ချေးချွတ်တာမျိုးလုပ်သင့်ပါတယ်။ အဆီအဆိမ့်နဲ့အငန်ဓါတ် ကဲတဲ့ အစားအသောက်တွေဟာ ဝက်ခြံဖြစ်ဖို့အားပေးပါတယ်။ အသီးအရွက်နဲ့အမျှင်ဓါတ်များတဲ့ အစားအသောက်တွေကတော့ ဝမ်းမှန်စေပြီး ကိုယ်တွင်းအပူအပုပ်တွေ ငြိမ်းစေတာကြောင့် အသားအရေကြမ်းတမ်းတာနဲ့ဝက်ခြံဖြစ်တာမျိုး နည်းစေပါတယ်။

ကိုယ်လက်လေ့ကျင့်ခန်း မှန်မှန်လုပ်ခြင်းဟာ ဆီးဝမ်းသွေးလေ ညီမျှစေပြီး လူကို ပေါ့ပါး သွက်လက်စေတဲ့အပြင် ခန္ဓာကိုယ်ထဲက မလိုအပ်တဲ့ အဆိပ်အတောက်တွေ ဖယ်ရှားပေးရာရောက်ပါတယ။် လေ့ကျင့်ခန်း ပုံမှန်လုပ်သူတွေဟာ သာမန်လူတွေထက် စိတ်ရောရုပ်ပါ ကျန်းမာရေး ကောင်းကျိုးများစွာ ရရှိပြီး ဒီထဲမှာ ဝက်ခြံလိုမျိုး ရုပ်အင်္ဂါပိုင်းမှာပါ ကောင်းမွန်တဲ့ သက်ရောက်မှု ရှိစေပါတယ်။

man look at the mirror his face

Photo : Medical News Today

စိတ်ဖိစီးမှု များသူတွေမှာ ဝက်ခြံဖြစ်ပွားမှုနှုန်း ပိုများသလို ဖြစ်ရင်လည်း ပိုပြီး ဆိုးဆိုးဝါးဝါးဖြစ်တတ်ပါတယ်။ ဒါကြောင့် စိတ်ပင်ပန်းဆင်းရဲမှု လျော့ပါးစေမယ့် တရားထိုင်တာ ၊ အသက်ရှုလေ့ကျင့်ခန်း လုပ်တာနဲ့ယောဂလို လေ့ကျင့်ခန်းမျိုးတွေ လုပ်ပေးပြီး စိတ်အေးချမ်းအောင ်လေ့ကျင့်သင့်ပါတယ်။

Featured Photo : Healthline