တစ်ယောက်နဲ့တစ်ယောက် ချစ်ကြတဲ့ စုံတွဲများက လူမြင်ကွင်းမှာပဲ လက်ကလေးကိုင် ကြင်နာယုယပြရုံပဲမဟုတ်ပါဘူး။ Facebook တို့ Instagram တို့မှာပဲ ဓာတ်ပုံလေး တင်လိုက်ရုံပဲမဟုတ်ပါဘူး။ သူတို့က တစ်ယောက်ကိုတစ်ယောက် ဦးစားပေးပြီး တစ်ယောက်မျက်နှာပျက်သွားတာမျိုးကို အဖြစ်မခံနိုင်တဲ့အထိ ချစ်တတ်ကြပါတယ်။ သူတို့ရဲ့နေ့စဉ်ဘဝမှာ အပေါ်ယံချစ်ပြတာမျိုးမဟုတ်ဘဲ စိတ်ထဲက အမှန်တကယ် ချစ်ပြတတ်ကြပါတယ်။

သင်ရော သင့်ချစ်သူကောင်မလေးကို ဘယ်လိုဂရုစိုက်ပြတတ်ပါသလဲ။ သင့်ချစ်သူကောင်မလေးကို တကယ်ချစ်ရိုးမှန်ရင် အခုဖော်ပြပေးမယ့်အချက်များကို နေ့စဉ်ပြုမူလုပ်ဆောင်သင့်ပါတယ်။

နေ့စဉ် ဆက်သွယ်တယ်

Daily Tips for Men Who Really Love Their Girlfriends

သာယာပျော်ရွှင်တဲ့ စုံတွဲတစ်တွဲဖြစ်ဖို့ရန်အတွက် နေ့စဉ်အဆက်အသွယ်ပြုလုပ်နေဖို့လိုအပ်ပါတယ်။ လူချင်းမတွေ့နိုငရင်တောင်မှ ဖုန်းဆက်ခြင်း၊ မက်ဆေ့ချ်ပို့ခြင်းတို့ကို ပြုလုပ်နိုင်ပါတယ်။ အဓိကကတော့ တစ်ယောက်နဲ့တစ်ယောက် အဆက်အသွယ်ပြတ်မသွားဖို့ပါပဲ။ တစ်ယောက်နဲ့တစ်ယောက် စကားပြောတဲ့အခါမှာလည်း အခြားတစ်ယောက်ပြောတဲ့အကြောင်းအရာကို ဂရုတစိုက်နဲ့ စိတ်ဝင်တစားနားထောင်သင့်ပါတယ်။

အသေးအဖွဲလေးကအစ ဂရုစိုက်ကြတယ်

Daily Tips for Men Who Really Love Their Girlfriends

ကြီးမားတဲ့ အပြုအမူများကို နေ့စဉ်ပြုလုပ်စရာမလိုပါဘူး။ သေးငယ်တဲ့ ဂရုစိုက်မှုလေးတွေကပဲ သင်တို့ရဲ့ချစ်ခြင်းမေတ္တာကို တစ်စထက်တစ်စ တိုးလာအောင် ကူညီပေးနိုင်ပါတယ်။ ကိုယ့်ကောင်မလေး ကြိုက်တတ်တဲ့အစားအစာများကို ဝယ်ပေးတာမျိုး၊ သူ ဒုက္ခရောက် စိတ်ညစ်နေချိန်မှာ သူ့နံ့ဘေးမှာ အဖော်ပြုပေးတာမျိုး စတဲ့အသေးအဖွဲအပြုအမူလေးတွေကို နေ့စဉ်ပြုလုပ်ပေးလိုက်ပါ။

ကိုယ့်ကောင်မလေးကို ကြင်ကြင်နာနာ ပြောဆိုဆက်ဆံကြတယ်

Daily Tips for Men Who Really Love Their Girlfriends

လူသားတိုင်းမှာ ပင်ပန်းနွမ်းနယ်တဲ့အချိန်၊ စိတ်တိုဒေါသထွက်တဲ့အချိန်ဆိုတာ ရှိစမြဲပါပဲ။ ဒါပေမဲ့ ကိုယ့်ကောင်မလေးကို အမှန်တကယ်ချစ်တဲ့ ယောကျာ်းလေးများကတော့ ကိုယ် စိတ်တိုနေလို့ဆိုပြီးတော့ ကိုယ့်ကောင်မလေးကို အော်ဟစ်ဆဲဆိုခြင်း မပြုကြပါဘူး။ ဘယ်အချိန်မဆို ကြင်ကြင်နာနာ ဆက်ဆံတတ်ကြပါတယ်။

တစ်ယောက်ကိုတစ်ယောက် ကျေးဇူးတင်တတ်ကြတယ်

Daily Tips for Men Who Really Love Their Girlfriends

ချစ်သူသက်တမ်း သုံးလပြည့်သွားတဲ့အခါမျိုး (သို့) တစ်နှစ်ပြည့်သွားတဲ့အခါမျိုးမှာ ကိုယ့်ချစ်သူကောင်မလေးကို ကျေးဇူးတင်စကား ပြောခဲ့ဖူးပါသလား။ ဘယ်လိုအကြောင်းကိစ္စမျိုးပဲ ကြုံတွေ့ပါစေ ကိုယ့်ကောင်မလေးကို ကျေးဇူးတင်စကားပြောဖို့ ဝန်မလေးပါနဲ့။ ကိုယ့်ကို ချစ်ပေးလို့၊ စိတ်ရှည်သည်းခံပေးလို့၊ ကိုယ့်အတွက် ပြုလုပ်ပေးတဲ့ အရာမှန်သမျှကို ကျေးဇူးတင်ကြောင်း ပြောပြလိုက်ပါ။

ဒါဆိုရင်တော့ သင်တို့ရဲ့အချစ်ခရီးလမ်းက ပျော်ရွှင်စရာတွေနဲ့ပဲ ပြည့်နှက်နေပါလိမ့်မယ်။

Photo Source: Freepik.com

Source: Projecthotmess.com