နှုတ်ခမ်းမွေးတို့ မုတ်ဆိတ်မွေးတို့ဆိုတာ ယောင်္ကျားတစ်ယောက်ရဲ့ သွင်ပြင်ကို ပီပြင်စေတဲ့အရာပါ။ တကယ်လို့ မုတ်ဆိတ် ပါးသိုင်းမွေး ပေါက်တာ သိပ်ပုံမကျဘူးဆိုရင် အခုပြောတာတွေ လုပ်မိနေလို့ ဖြစ်နိုင်ပါတယ်။

(၁) မုတ်ဆိတ်ကို ပုံမှန် မ,သခြင်း

Photo: FashionBeans

မုတ်ဆိပ်ကို လှအောင် ပုံသွင်းလို့ ရပါတယ်။ စိတ်ရှည်ရှည်နဲ့ ပုံမှန် သ ပေးမှ မုတ်ဆိတ်သန်မှာပါ။

(၂) Brush မသုံးခြင်း

Photo: The Manual

နေ့တိုင်း မုတ်ဆိတ်ကို ဘရက်ရှပ်တစ်ခုနဲ့ သပ်ရပ်အောင် လုပ်ပေးမယ်ဆိုရင် မုတ်ဆိတ်ပါးသိုင်းမွေး သန်လာပါလိမ့်မယ်။ ပုံမှန် brush သုံးခြင်းအားဖြင့် သွေးစီးဆင်းမှု ပိုကောင်းပြီး မုတ်ဆိတ်သန်စွမ်းမှု မြန်လာမှာပါ။

(၃) ဆေးကြော သန့်ရှင်းမှု မလုပ်ခြင်း

Photo: Freepik

ခေါင်းလျှော်သလိုမျိုး မုတ်ဆိတ်တွေကိုလည်း ပုံမှန် လျှော်ပေးရပါတယ်။ ဒါမှသာ မုတ်ဆိတ်ထားနေတုန်း ယားယံတာ မဖြစ်နိုင်စေသလို ပိုပြီးလည်း ကျန်းမာသန်စွမ်းစေပါတယ်။

(၄) အလှကုန်ပစ္စည်း မသုံးခြင်း

Photo: mensxp

မျက်နှာကို ဆပ်ပြာနဲ့ သစ်တာမျိုး ၊ မုတ်ဆိတ်အတွက် ထုတ်ထားတဲ့ အလှကုန် မသုံးတာမျိုးကလည်း မုတ်ဆိတ်နှုတ်ခမ်းမွေး သန်စွမ်းကျန်းမာမှုကို ထိခိုက်စေနိုင်ပါတယ်။ဆံပင်အတွက် သုံးတဲ့ ခေါင်းလျှော်ရည်ကို မုတ်ဆိတ်မှာ သုံးတာကလည်း မှားယွင်းတဲ့ အပြုအမှုတစ်ခုပဲ ဖြစ်ပါတယ်။

(၅) ဗိုက်တာမင် မသုံးခြင်း

Photo: Unsplash

မုတ်ဆိတ် သန်စွမ်းကျန်းမာဖို့ ဗိုက်တာမင်စီ နဲ့ အိုမီဂါ- သရီး ဖက်တီးအက်ဆစ်တွေ စားပေးသင့်ပါတယ်။ အဆီများတဲ့ ဆယ်လ်မွန်နဲ့ ဆာဒင်းငါးတွေ စားပေးလို့လည်း ရပါတယ်။