အမျိုးသားတွေအနေနဲ့ ဦးရေပြားပေါ်မှာဗောက်တွေဖြစ်လေ့ရှိကြပြီး ဗောက်တွေကနေ့စဉ်ဘဝ အတွက်တော့ စိတ်ရှုပ်စရာကောင်းလှပါတယ်။ ဒီလိုစိတ်ရှုပ်ဖို့ကောင်းတဲ့ဗောက်တွေက ဘာကြောင့်ဖြစ်လာရတာလဲ။ များသောအားဖြင့်တော့ ဦးရေပြားအဆီခမ်းခြောက်ခြင်းကြောင့် ဦးရေပြားပေါ်မှာ မှိုတွေစွဲကပ်လာပြီးဗောက်ဖြစ်စေတာပါ။

Dandruff

Photo : Healthline

နောက်တစ်ချက်ကတော့ hair care products တွေနဲ့ပတ်သတ်ပြီး ဓာတုဆေးတွေပါဝင်မှုရှိမရှိ သေချာလေ့လာမှုမရှိပဲ အသုံးပြုမိတာကြောင့်လည်းဖြစ်နိုင်ပါတယ်။ မကြာခဏခေါင်းလျော်ခြင်းဟာလည်း ဗောက်တွေကိုအဖြစ်များစေပြီး ဦးရေပြားပေါ်က သဘာဝအဆီတွေကို ခမ်းခြောက်စေကာ ဦးရေပြားယားယံခြင်း ၊ ဆံသားပျက်စီးခြင်းတွေအထိ ဖြစ်နိုင်ပါတယ်။

ဆက်စပ်နေတဲ့နောက်ထပ်အချက်ကတော့ အသက်အရွယ်ပါ။ ဗောက်တွေဟာ မြှီးကောင်ပေါက်အရွယ်ကစလို့ လူလတ်ပိုင်းအထိကို ဖြစ်လေ့ရှိပါတယ်။ အသက်ကြီးသူတွေမှာလည်း တစ်ခါတစ်ရံဗောက်ထတဲ့ပြဿနာတွေဖြစ်ပေါ်နိုင်ခြေရှိပါတယ်။ လေ့လာမှုတွေအရ အမျိုးသမီးတွေထက်အမျိုးသားတွေမှာ ဗောက်ပြဿနာပိုဖြစ်နိုင်ပြီး ဆံပင်ကိုကောင်းစွာ ဂရုမစိုက်ခြင်း ၊ စားသောက်နေထိုင်မှုပုံစံမှားယွင်းနေခြင်းတွေကတဆင့်လည်း ဗောက်ပြဿနာ ကြုံရနိုင်ပါတယ်။

 Dandruff

Photo : Verywell Health

ဗောက်ပြဿနာကို ကြိုတင်ကာကွယ်ဖို့ဆိုရင်တော့ မှန်ကန်တဲ့ခေါင်းလျော်ရည်သုံးတာ ၊ ခေါင်းလျော်တဲ့အခါ Conditioner သုံးပေးတာ ၊ ဦးရေပြားအစိုဓာတ်ဖြည့်တင်းပေးတာ ၊ စိတ်ဖိစီးမှုလျော့ချတာ စတဲ့အချက်တွေနဲ့ ဆံသားနဲ့ဦးရေပြားကျန်းမာရေးကို ဂရုစိုက်ဖို့လိုပါလိမ့်မယ်။

Featured Photo : Head & Shoulders Anti-Dandruff Shampoo