ဒီနေ့တော့ kwee page ကနေ ဝင်ငွေက မက်လောက်စရာကောင်းအောင် ရပေမယ့် အသက်နဲ့ရင်းပြီးလုပ်ရတဲ့ အလုပ်တွေအကြောင်း တင်ပြပေးသွားမှာပါ။

(၁) မိလ္လာပိုက်၊ ရေဆိုးပိုက် သန့်ရှင်းရေးအလုပ်သမား

Source: Brains On

ဒီအလုပ်ကတော့ မိလ္လာပိုက်ခေါင်းတွေထဲ ဆင်းသွားပြီး ပိတ်ဆို့နေတဲ့ အမှိုက်သရိုက်တွေကို ရှင်းပေးရတာပါ။ ဝင်ငွေအနေနဲ့ကတော့ တစ်နှစ်ကို ဒေါ်လာ (၆) သောင်းခန့်ရရှိပါတယ်။ တစ်ခါတစ်လေ မိလ္လာပိုက်ခေါင်းထဲမှာ အောက်စီဂျင်ပြတ်ပြီး အသက်အန္တရာယ်နဲ့ ရင်ဆိုင်ရတက်ပါတယ်။

(၂) ရေအောက် ဂဟေဆော်သူ

Source: Careers nz

ဒီအလုပ်လုပ်ဖို့အတွက် ရေငုပ်ကျွမ်းကျင်ဖို့ အဓိကလိုအပ်ပါတယ်။ ပြီးတော့ ရေအောက်အနက်ကြီးထိ ဆင်းပြီး ဂဟေဆော်ရဲဖို့လည်း လိုပါသေးတယ်။ ဒီအလုပ်လုပ်ကိုင်နေတဲ့သူတွေဟာ တစ်နှစ်ကို ဒေါ်လာ (၃-၇) သောင်းအထိ ရရှိပါတယ်။ ခုလို ရေအောက်မှာ ဂဟေဆော်ရတဲ့သူတွေက အရမ်းအေးတဲ့ ရေထဲမှာ အကြာကြီးနေရသလို အခက်မသင့်ရင် ပြင်းထန်တဲ့ ရေစီးကြောင်းထဲ ရောက်သွားရင် အသက်အန္တရာယ်တောင် ထိခိုက်နိုင်ပါတယ်။

(၃) ရေနံတူးစင်ပေါ်မှာ အလုပ်လုပ်ရတဲ့သူ

Source: Quartz

ဒီအလုပ်ကတော့ အလုပ်ကြမ်းတွေထဲမှာ ဝင်ငွေအများဆုံးလို့ ပြောလို့ရပါတယ်။ တစ်နှစ်ကို ဒေါ်လာ (၁) သိန်းကျော်ဝင်ငွေရှိပြီး ကျွမ်းကျင်မှုပေါ်မူတည်ပြီးတော့ (၂) သိန်း အထိရရှိနိုင်ပါတယ်။

ဒီအလုပ်ကြောင့် နှစ်စဉ်သေဆုံးသူ (၂၁) ယောက်အထိရှိနေပြီး (၂၀၁၁) ခုနှစ်မှာ ဖြစ်ခဲ့တဲ့ Deep Water Horizon ဖြစ်ရပ်ဆိုးမှာဆိုရင် လူ ၁၁ ယောက်ထိ သေဆုံးခဲ့ရပါတယ်။

အဲ့ဒီအလုပ်အကိုင်က အရမ်း အန္တရာယ်များပြီး နှစ်စဉ် သေဆုံးမှု ၂၁ ယောက်ထိရှိတယ်လို့ သိရပါတယ်။ ဒါကြောင့် ခုလို အများကြီးပေးရတာရဲ့ နောက်ကွယ်မှာလည်း မတော်တဆမှုတွေ မဖြစ်ရအောင် တာဝန်ယူရတာတွေများစွာရှိပါတယ်။

(၄) လျှပ်စစ်သွယ်တန်း ပြင်ဆင်သူများ

Source: Frontier Myanmar

လျှပ်စစ်ပါဝါကြိုးတပ်ဆင်သူတွေအနေနဲ့ တစ်နှစ်ကို ဒေါ်လာ (၇) သောင်းလောက်ရနိုင်ပါတယ်။ ဒါပေမယ့်လည်း အဲ့ဒီအလုပ်အကိုင်က အရမ်းမြင့်မားတဲ့ တာဝါတိုင်တွေနဲ့ အခြား အဆောက်အအုံးတွေပေါ် တက်ဖို့ လိုအပ်ပါတယ်။ နောက်ပြီး အဲ့လိုအလုပ်တွေက ပြင်ဆင်သူတွေအနေနဲ့ မြန်မြန်လုပ်ကိုင်ဖို့တော့ လိုအပ်ပါတယ်။ မဟုတ်ရင်တော့ ပြည်သူတွေ လျှပ်စစ်မီးမရှိပဲ အကြာကြီး စောင့်နေရမှာကို မဖြစ်မခံနိုင်ပါဘူးလေနော်။

လျှပ်စစ်ဗို့အားကြီးတဲ့ ဝါယာရိုးတွေကို ကိုင်တွယ်လုပ်ဆောင်ရမှာဖြစ်တာကြောင့် အခက်မသင့်ရင် အသက်သေဆုံးသွားနိုင်တဲ့အထိ ဖြစ်နိုင်ပါတယ်။ တခါတလေ မိုးထဲလေထဲမှာ လုပ်ရတာကြောင့်လည်း လျှပ်စစ်အန္တရာယ်ကို ကြောက်ရပါတယ်။