ခန္ဓာကိုယ်ပေါ်မှာ တတ်တူးတွေဟာ တချို့လူတွေအတွက် ပုံတွေဆိုတာထက်ပိုပါတယ်။ တချို့လူတွေဟာ သူတို့ ဘယ်လိုလူမျိုးတွေဖြစ်ကြောင်းဖော်ပြဖို့ တတ်တူးကိုအသုံးပြုကြပါတယ်။

တချို့တတ်တူးပုံတွေက တခြားလူသို့မဟုတ် အဖွဲ့အစည်းတခုကို စော်ကားရာရောက်စေပါတယ်။ ခု kwee page ကနေပြီးတော့ အန္တရာယ်အရှိဆုံးတတ်တူး ပုံတွေ နဲ့ ပြသာနာအဖြစ်များဆုံး တတ်တူးပုံတွေကို ပြောပြပေးသွားမှာပါ။

 

မျက်ရည်

Source: @imeeksofficial

ညာဖက်မျက်လုံးအောက်မှာ မျက်ရည်ပုံတတ်တူးထိုးထားတဲ့ သူဟာ လူသက်ဖူးသူ သို့ လူသက်ရန် ကြိုးစားခဲ့ဖူးသူ လို့အဓိပ္ပာယ်ရပါတယ်။ ထောင်ကျဖူးတဲ့ သူတော်တော်များများ ဒီတတ်တူးမျိုးထိုးလေ့ရှိကြပါတယ်။ ဒီတတ်တူမျိုးက အပျော်သဘောနဲ့ထိုးတဲ့သူတွေအတွက် မလိုလားအပ်တဲ့ ပြသာနာတွေဖြစ်စေတတ်ပါတယ်။

 

ဗုဒ္ဓဘုရားပုံ

Source: Pinterest

ခန္ဓာကိုယ်ပေါ်မှာ ဘုရားပုံတော်တွေတတ်တူးထိုးထားတာဟာ ဘာသာတရားကို စော်ကားရာရောက်ပါတယ်။ ဒါကြောင့် ဘုရားပုံတော်တွေကို တတ်တူးထိုးထားတဲ့ နိုင်ငံခြားဧည့်သည်တွေ တော်တော်များများရဲစခန်းမှာပဲ အဆုံးသက်သွားကြပါတယ်။

 

Yakuza

Source: Steemit

ဂျပန်နိုင်ငံမှာYakuza အဖွဲဝင်တွေပဲYakuza ပုံကိုတတ်တူးထိုးထားခွင့်ရှိပါတယ်။ဒီYakuza ဟာ ဂျပန်နိုင်ငံမှာ စွမ်းအားအကြီးဆုံးနဲ့ သွေးမြေအကျဆုံး ရာဇဝတ်မူ့တွေ ကျူးလွန်တဲ့ ဂိုဏ်းအဖွဲကြီးပါ။ ဂျပန်နိုင်ငံမှာ Yakuza အဖွဲ့ဝင်မဟုတ်ပဲနဲ့ Yakuza ပုံကို တတ်တူးထိုးထားမယ်ဆိုရင်တော့ ပြသာနာ အကြီးကြီးတတ်ဖို့သာ ပြင်ထားပေတော့။

 

Cross On The Chest

Source: @Eastern Promises

ဒီတတ်တူးဟာ ရုရှားနိုင်ငံမှာ အလွန်အန္တရာယ်များတဲ့ တတ်တူးတခုပါ။ ရုရှားနိုင်ငံမှာ အန္တရာယ်အရှိဆုံး ရာဇဝတ်သားတွေကသာ ဒီတတ်တူးမျိုးထိုးလေ့ရှိပါတယ်။ ဒီတတ်တူး ထိုးဖို့က အရမ်းစွန့်စားရာကြပြီးတော့။ ဒီတတ်တူးအကြောင်းသိတဲ့ သူတယောက်ယောက်ကသာတွေ့သွားရင် လိမ်လည်မှုအတွက် တရားစွဲခံရတဲ့အထိဖြစ်နိုင်ပါတယ်။

 

Shamrock

Source: @tattooist wasab

ဒီအရွတ်ပုံကိုတော့ လူတော်တော်များများက ကံကောင်းခြင်းအနေနဲ့ ကိုယ်ပေါ်မှာ တတ်တူးထိုးထားတတ်ကြပါတယ်။ ဒါပေမဲ့ အရွတ်သုံးရွတ်ပဲထိုးရမဲ့ အစား လေးရွတ်မှားထိုးမိရင်တော့ Irish လူမျိုးရာဇဝတ်ဂိုဏ်းဝင်တယောက်ဖြစ်သွားပါလိမ့်မယ်။ ဒီဂိုဏ်းဝင် တယောက်ယောက်ကသာ သင့်ကိုတွေ့သွားပြီး အဖွဲ့ဝင်အစစ်မဟုတ်တာ သိသွားလိုကတော့ ပြသာနာ အကြီးကြီးတတ်မှာ သေချာပါတယ်။

 

Clown

Source: @captainstattoocomany

ဘရာဇီးမှာ သာ ကွီးတို့ ဒီပုံထိုးထားရင်တော့ အသက်သေဆုံးတဲ့အထိဖြစ်စေနိုင်ပါတယ်။ ဘာလိုလဲဆိုတော့ ဒါဟာဘရာဇီး ဥပဒေဘက်တော်သားတွေကို ရိုင်းစိုင်းစော်ကားရာရောက်လို့ပါ။ ဘရာဇီးမှာ ဒီတတ်တူးကို ရဲသားတွေကို သက်ဖူးတဲ့သူတွေသာ ထိုးလေ့ရှိကြပါတယ်။

 

စစ်ပွဲ နိုင်ငံရေးနဲ့ပတ်သက်တဲ့ တတ်တူး

Source: @pexel.com

စစ်ပွဲ၊ နိုင်ငံရေး၊ ဘာသာရေးနဲ့ ပတ်သက်တဲ့ တတ်တူးပုံတွေထိုးထားတဲ့ သူတွေဟာများသောအားဖြင့် သူတို့ရဲ့အမြင်တွေကို ကာကွယ်ဖို့အတွက် အချိန်မရွေး တိုက်ခိုက်ဖို့အသင့် ရှိနေတတ်တဲ့သူတွေပါ။နိုင်ငံတွေတော်တော်များများမှာ ဒီလိုအများရဲ့ယုံကြည်မှုကိုဆန့်ကျင်တဲ့ တတ်တူးပုံတွေထိုးထားတဲ့သူတွေကို ဒဏ်ငွေကောက်တာ တခါတရံ ထောင်ချတာတွေအထိအပြစ်ပေးလေ့ရှိပါတယ်။