ခန္ဓာကိုယ်ရဲ့ ဘယ်အစိတ်အပိုင်းမှာဖြစ်ဖြစ် အဆီတွေစုလာရင် လူတွေကစိုးရိမ်တက်ကြတယ်။ အထူးသဖြင့် ဝမ်းဗိုက်မှာ အဆီတွေစုလာရင် ပိုပြီးစိုးရိမ်တက်ကြတယ်။ အမျိုးသမီးတစ်ယောက်ရဲ့ ခါးဆိုဒ်က (၃၅) လက်မဖြစ်ရင်၊ အမျိုးသားတစ်ယောက်ရဲ့ ခါးဆိုဒ်က (၄၀) လက်မရှိနေမယ်ဆိုရင် ဝမ်းဗိုက်မှာ အဆီတွေစုနေပြီဆိုတဲ့ သဘောပါပဲ။ ဆရာဝန်တွေရဲ့ ပြေားကြားချက်အရ ဒီလို ဝမ်းဗိုက်မှာ အဆီပိုတွေရှိနေခြင်းက ကျန်းမာရေးအတွက် မကောင်းပါဘူး။
ဆီးချိုဖြစ်နိုင်ခြေမြှင့်မားတယ်

Source: Diet Doctor
အသည်းမှာအဆီတွေဖုံးနေမယ်ဆိုရင် သွေးတွင်းသကြားပါဝင်မူကို စစ်ထုတ်ပေးဖို့ အနှောက်အယှက်ဖြစ်စေပါတယ်။ ဒါက သွေးတွင်းသကြားပါဝင်မှုနှုန်းမြင့်မားလာစေပြီး ဆီးချိုရောဂါကို ဖြစ်စေပါတယ်။
ဇီဝကမ္မဖြစ်စဉ်တွေပျက်စီးလာမယ်

Source: Healthline
ခါးမှာအဆီတွေပိုတွေ စုလာခြင်းက ဇီဝကမ္မဖြစ်စဉ်တွေပျက်စီးလာရခြင်းရဲ့ အကြောင်းအရင်းပါပဲ။ ခါးမှာအဆီပိုတွေ စုနေရင် နှလုံးရောဂါ၊ ဆီးချိုရောဂါ နဲ့ လေဖြတ်ခြင်း စတဲ့ရောဂါတွေ ဖြစ်လွယ်ပါတယ်။
နှလုံးသွေးကြောဆိုင်ရောဂါတွေ ဖြစ်နိုင်ခြေများမယ်

Source: Lifeline24
လေ့လာမှုတွေအရ visceral လို့ခေါ်တဲ့ ဝမ်းဗိုက်အဆီ ဆဲလ်တွေက သွေးကြောတွေကိုကျုံ့သွားစေတဲ့ ပရိုတင်းတစ်မျိုးထုတ်လုပ်ပါတယ်။ ဒါက သွေးတွင်းသကြားပါဝင်မူနှုန်းကို မြှင့်မားစေပါတယ်။ နောက်ဆက်တွဲအနေနဲ့ လေဖြတ်တာနဲ့ နှလုံးရောဂါဖြစ်စေနိုင်ပါတယ်။
စိတ်ဖောက်ပြန်နိုင်ခြေမြင့်မားတယ်

Source: Healthcare in America
လေ့လာမှုတွေအရ ဝမ်းဗိုက်မှာအဆီပိုတွေစုနေခြင်းက ပုံမှန်လူထက် စိတ်ဖောက်ပြန်နိူင်ခြေ (၃) ဆပိုမိုများပြားကြောင်း သိရပါတယ်။
ဒီလိုအန္တရာယ်များတဲ့ ဝမ်းဗိုက်အတွင်းအဆီတွေစုပုံလာခြင်း မရှိရလေအောင် လေ့ကျင့်ခန်းလုပ်ခြင်း၊ အစားအသောက်ကို ကျန်းမာရေးနဲ့ ညီညွတ်စွာစားသုံးခြင်းတွေအပြင် အိပ်ရေးဝဝ အိပ်ခြင်းတို့ကို ဂရုစိုက်ပေးသင့်ပါတယ်။
