ဘရာဇီးလ်လက်ရွေးစင်အသင်းရဲ့ လက်ရှိအသင်းခေါင်းဆောင်ရာထူးခန့်အပ်ခြင်း ခံထားရတဲ့ တိုက်စစ်မှူးနေမာကတော့ ၎င်းရဲ့ အသင်းခေါင်ဆောင်ရာထူးကနေ ဖယ်ရှားခြင်းခံလိုက်ရပြီပဲ ဖြစ်ပါတယ်။ အသက် (၂၇) နှစ်အရွယ် တိုက်စစ်မှူးနေမာဟာ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလကမှ ဘရာဇီးလ်လက်ရွှေးစင်အသင်းရဲ့ အမြဲတမ်းအသင်းခေါင်းဆောင်အဖြစ် တာဝန်ခန့်အပ်ခြင်းခံခဲ့ရတာဖြစ်ပြီး (၉) လခန့်သာ ဘရာဇီးလ်လက်ရွှေးစင်အသင်းခေါင်းဆောင်နေရာမှာ တာဝန်ထမ်းဆောင်ခဲ့ရတာဖြစ်ပါတယ်။

နေမာအနေနဲ့ အသင်းရဲ့ စည်းကမ်းပိုင်းဆိုင်ရာမှာ ပြစ်ချက်တွေများစွာရှိနေတာကြောင့် အခုလိုရာထူးက ဖယ်ရှားခံခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။

Source : Evening Standard

ဘရာဇီးလ်အသင်းလက်ရွေးစင် ကစားသမားဟောင်းတွေအနေနဲ့လည်း နေမာကို အသင်းခေါင်းဆောင်နေရာကနေ ဖယ်ရှားဖို့ ဖိအားတွေပေးနေခဲ့တာကြောင့် ဘရာဇီးလ်အသင်းနည်းပြ ထိထီက ဘရာဇီးလ်အသင်းရဲ့ အသင်းခေါင်းဆောင်နေရာကို အပြောင်းအလဲပြုလုပ်ရန် ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ဘရာဇီးလ်အသင်းနည်းပြ ထိထီဟာ ဘရာဇီးလ်လက်ရွှေးစင်အသင်းကို ရောက်ရှိလာစဉ်ကတည်းက အသင်းအတွက် အမြဲတမ်းအသင်းခေါင်းဆောင်ခန့်အပ်ခြင်းမရှိဘဲ ပြီးခဲ့တဲ့ စက်တင်ဘာလမှ တိုက်စစ်မှူးနေမာကို ပထမဆုံး စတင်တာဝန်ပေးအပ်ခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာတော့ အသင်းခေါင်ဆောင်နေရာကိုတော့ တိုက်စစ်မှူးနေမာနေရာမှာ အသက် (၃၆) နှစ်အရွယ် PSG အသင်းနောက်တန်းကစားသမား အဲလ်ဗတ်စ်ကို ပြောင်းလဲခန့်အပ်ခဲ့တယ်လို့ သိရပါတယ်။

Source : sportzwiki.com

ပြီးခဲ့တဲ့ မေလ(၂၇) ရက်နေ့ တနင်္လာနေ့မှာတော့ ဘရာဇီးလ်လက်ရွှေးစင်အသင်းရဲ့ လက်ရှိအသင်းခေါင်းဆောင်နေရာကို အဲလ်ဗတ်စ်အားခန့်အပ်လိုက်ပြီဖြစ်ကြောင်း ဘရာဇီးလ်ဘောလုံးအဖွဲ့ချုပ် (CBF) က အတည်ပြုကြေညာခဲ့တာဖြစ်ပါတယ်။ ဘရာဇီးလ်နိုင်ငံတွင် လာမယ့်ဇွန်လ (၁၄) ရက်မှ စတင်ကျင်းပမယ့် ကိုပါအမေရိကပြိုင်ပွဲမှာ အိမ်ရှင်ဘရာဇီးလ်အသင်းအနေနဲ့ ဘိုလစ်ဗီးယားအသင်းနှင့် အဖွင့်ပွဲယှဉ်ပြိုင်ကစားရမှာဖြစ်ပြီး အဆိုပါပွဲစဉ်မှာတော့ ကစားသမား အဲလ်ဗတ်စ်က အသင်းခေါင်ဆောင်နေရာကနေ တာဝန်ယူဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

အသင်းခေါင်ဆောင်အသစ် အဲလ်ဗတ်စ်ဟာ ယခင်ကလည်း ဘရာဇီးလ်အသင်းရဲ့ ယာယီအသင်းခေါင်းဆောင်ရာထူးဖြင့် (၄) ပွဲခန့်ကစားဖူးခဲ့ပြီး လက်ရှိမှာတော့ ဘရာဇီးလ်အသင်းနဲ့ အတူ ပွဲပေါင်း (၁၀၀) ကျော်ကစားထားတဲ့ ကစားသမားတစ်ဦးပဲ ဖြစ်ပါတယ်။

Source : FootTheBall