Dark Rum နဲ့ ဖျော်စပ်တဲ့ ကော့လ်တေး တွေ အများကြီး ရှိတဲ့အထဲက လူကြိုက်အများဆုံးနဲ့ နာမည်အကြီးဆုံး ကော့လ်တေးကို ပြောပါဆိုရင် Mai Tai ကော့လ်တေးက ထိပ်ဆုံးက ပါပါတယ်။ Mai Tai ကော့လ်တေးဟာ ဆန်းပြားသိမ်မွေ့ပြီး ထူးခြားတဲ့ အသီးအရသာနဲ့ ၁၉၄၀ ပြည့်လွန်နှစ်တွေမှာ စတင်ပေါ်ပေါက်ခဲ့တဲ့ ဂန္ထဝင်ကော့လ်တေး တစ်ခွက်ဖြစ်ပါတယ်။

Photo : A Couple Cooks

Mai Tai ကော့လ်တေးကို သက်တမ်းရင့် Rum ၊ Dark Rum ၊ Orange Liqueur ၊ Lime Juice ၊ Orgeat Syrup တို့နဲ့ အဓိက ဖျော်စပ်ပါတယ်။ အိမ်မှာအလွယ်တကူ ပြင်ဆင်ဖျော်စပ်လို့ရသလို နွေရာသီကော့လ်တေး ၊ ပါတီ Drink နဲ့ ညစာစာပွဲတွေမှာ တည်ခင်းလို့ အလိုက်ဖက်ဆုံး ဖြစ်ပါတယ်။


Photo : A Couple Cooks

ကော့လ်တေးဖျော်စပ်နည်း  အဆင့်ဆင့်ကတော့ အရင်ဆုံး ကော့လ်တေး Shaker ထဲမှာ သက်တမ်းရင့် Rum (Golden ၊ Amber ၊ Anejo) ၁ အောင်စခွဲ ၊ Orange Liqueur (Curaçao, Cointreau ၊ Grand Marnier) အောင်စဝက် ၊ Lime Juice အောင်စဝက် ၊ Orgeat Syrup အောင်စဝက် တို့ကို ရေခဲအနည်းငယ်နဲ့ ရောထည့်ပြီး အေးခဲလာတဲ့အထိ ရှိတ်ပေးပါ။ ရလာတဲ့ ကော့လ်တေး ဖျော်ရည်ကို ရေခဲဖြည့်ထားတဲ့ ဖန်ခွက်ထဲ ဖြည်းဖြည်းချင်း လောင်းထည့်ပါ။ ဖန်ခွက်အပေါ်ကနေ ပူစီနံရွက် ၊ သံပုရာခြမ်း ၊ ချယ်ရီသီးနဲ့ နာနတ်သီးလေးတွေ အလှဆင်ပြီး အရသာရှိတဲ့ Mai Tai ကော့လ်တေး တစ်ခွက်အသင့် သောက်သုံးနိုင်ပြီ ဖြစ်ပါတယ်။

Featured Photo : Cookist