ကောင်မလေးနဲ့ ချိန်းထားချိန် ဘာဝတ်သွားရမလဲဆိုတဲ့ ကိစ္စက ယောကျာ်းလေးတွေ ခေါင်းကုပ်ချင်တဲ့ ကိစ္စထဲမှာ ပါပါတယ်။ Date Night ဖက်ရှင် တစ်ခု ရွေးမယ်ဆိုရင် ကြည့်ကောင်းရုံနဲ့ မရပါဘူး။ ကိုယ့်အသားအရောင် ၊ ကိုယ်လုံးကိုယ်ပေါက်နဲ့ပါ သက်တောင့်သက်သာ အဆင် ပြေပြေ ရှိနေဖို့ လိုပါတယ်။ နောက်ပြီး ရာသီဥတု ၊ ကိုယ်သွားမယ့် နေရာ စတဲ့ အချက်တွေ နဲ့လည်း ကိုက်ညီတဲ့ ဝတ်စားဆင်ယင်မှုမျိုး ဖြစ်ဖို့ ဂရုစိုက်ရပါတယ်။

ဒါတင် မဟုတ်ဘဲ ကောင်မလေးနဲ့ သွားမယ့် Date အမျိုးအစားပေါ် လိုက်ပြီး ဝတ်ရစားရတာတွေ ရှိပါတယ်။ ဒီနေရာမှာ Date အမျိုးအစားကလည်း အများကြီးပါပဲ။ ကောင်မလေးနဲ့ ညစာအတူ စားရမယ့် Dinner Date လား။ ကော်ဖီလောက် သောက်ပြီး ကြည်ကြည်နူးနူး ဖြတ်သန်းချင်တဲ့ Coffee Date လား။ အရက်ဘားမှာ သွားပြီး လွတ်လွတ်လပ်လပ် ရင်ချင်းဆက်ကြမယ့် Bar Date လား။ ရုပ်ရှင်လောက် ကြည့်ရတဲ့ Cinema Date လား။ အပြင်ထွက် လျှောက်လည်ကြမယ့် Outdoor Date လား။ ပြောမယ်ဆို Date Type တွေကလည်း အများကြီးရှိတာပါပဲ။

ဒီလိုမျိုး ဟို Date ဒီ Date အတွက် သူ့နေရာနဲ့ သူ လိုက်ဖက်အောင် ဝတ်စားဖို့ စဉ်းစားရတာ ခေါင်းကိုက်ချင်စရာ ကောင်းပါတယ်။ ဒီလိုမျိုး အဘက်ဘက်က စဉ်းစားရတဲ့ ကိစ္စမျိုးက ယောကျာ်းလေးတွေအတွက် ရည်းစားစကားပြောရသလောက် စိတ်ဖိစီးစေပါတယ်။ ဒါကြောင့် ကောင်မလေးနဲ့ ချိန်းထားလို့ အပြင်သွားရမယ်ဆိုရင် ဗီရိုဖွင့်ပြီး ခေါင်းကုပ်နေရတာလည်း အကြာကြီးပါပဲ။ ဒီလို မဖြစ်ရလေအောင် အရိုးရှင်းဆုံး Date Night Outfit ၃ မျိုးကို လက်သုံးထားနိုင်အောင် မျှဝေလိုက်ပါတယ်။

(၁) Go-To Date Outfit Ideas

Best-Home-Date-Ideas-To-Experience-With-Your-Partner

Photo : nextluxury

ကောင်မလေးနဲ့ ပေါ့ပေါ့ပါးပါး Go-To Date အတွက် ချိန်းထားတယ်ဆိုရင် Lightweight ဖက်ရှင်မျိုး ဝတ်တာ ပိုကောင်းပါတယ်။ အခုလို ပူအိုက်တဲ့ ရာသီမျိုးမှာဆို Button-Down Shirt အဖြူဗြောင် ၊ Regular Fit ဒီဇိုင်း နဲ့ လာတဲ့ Dark Wash Jeans ဒါမှမဟုတ် အရောင်ခပ်ဖျော့ဖျော့ Jeans ကိုမှ အနက်ရောင် Slim Suit နဲ့ ဝတ်နိုင်ပါတယ်။ ဒါမှမဟုတ်လည်း အရောင်ရင့်ရင့် နက်ပြာ ၊ အဖြူ ၊ အနက် နဲ့ မီးခိုးရောင် T-Shirt နဲ့ Black Brogue Shoes မျိုး ဝတ်လို့ ရပါတယ်။ Sneaker ကြိုက်တယ်ဆိုရင် အရောင်သိပ်မထွက်တဲ့ Navy ၊ Grey ၊ Black ၊ White ၊ Charcoal တို့လို Neutral Color မျိုး ရွေးချယ်နိုင်ပါတယ်။ ဘောင်းဘီကိုတော့ Chino စတိုင် Pants မျိုး ဝတ်နိုင်ပါတယ်။

Dinner Date အတွက် အပြင်ထွက်မယ်လို့ စီစဉ်ထားရင် ဝတ်သင့်တာက Dark Suit ၊ Brogues နဲ့ Plain White Shirt ဆိုပြီး တွဲဝတ်လို့ ရပါတယ်။ ဒီထက်ပိုပြီး စမတ်ဖြစ်ချင်ရင် Suit အပါးတစ်ထည်ကိုမှ T-Shirt ဒါမှမဟုတ် Polo Shirt နဲ့လည်း ဝတ်နိုင်ပါတယ်။ လူငယ်တန်းတွေအတွက်တော့ Lightweight Denim ဒါမှမဟုတ် Bomber Jacket ပါးတစ်ထည် ဝတ်ပြီး White Triners တို့ Converse တို့လို Casual Footwear နဲ့ စီးနိုင်ပါတဘ်။

(၂) Casual Outfit Ideas

First-Date-Relaxing-Location

Photo : nextluxury

Casual ဖက်ရှင်က Night Date အတော်များများ နဲ့ အဆင်ပြေပါတယ်။ Dinner Date က လွဲရင် Casual Outfit ဖက်ရှင် က Date Night အတော်များများမှာ ဝတ်လို့ ရပါတယ်။ ပုံမှန်အားဖြင့်ဆို Smart Casual မျိုးကို ဝတ်လို့ ရပြီး ဝတ်ရမယ့် ဖက်ရှင်က သိပ်ပြီး Casual မဆန်ရင် ရပါတယ်။ ဥပမာ Dark , Straight Jeans နဲ့ T-Shirt စင်း ၊ Sneakers ဒါမှမဟုတ်လည်း Casual Shirt နဲ့ Sneakers ၊ Hoodie & Sneaker မျိုးလည်း တတ်နိုင်ပါတယ်။ Jeans မကြိုက်ရင် Chino စတိုင် Pants နဲ့ Hoodie ဒါမှမဟုတ် T-Shirt နဲ့ တွဲဝတ်နိုင်ပါတယ်။

Coffee Date ဆို Jeans နဲ့ Chino ဘဲ ဝတ်တာ ကောင်းပါတယ်။ ပို သပ်ရပ်ချင်ရင် အပေါ်မှာ Sportscoat ဒါမှမဟုတ် Lightweight Jacket ၊ Polo ဒါမှမဟုတ် T-Shirt နဲ့ Loafers ၊ White Sneakers တစ်ခုခုကို ရွေးချယ်နိုင်ပါတယ်။ Bar Date အတွက်လည်း ဒီစတိုင်မျိုးပဲ ဝတ်လို့ ရပါတယ်။ Cinema Date မှာတော့ T-Shirt နဲ့ Jacket ကို မှ Chino Pant ၊ Sneaker ဖိနပ်တို့နဲ့ တွဲဝတ်ဆင်နိုင်ပါတယ်။

(၃) Formal Outfit Ideas

sweet-couple-having-fun-in-movie-theather

Photo : nextluxury

Dinner Date လိုမျိုးမှာဆို Formal ဘက် ရောက်တဲ့ ဖက်ရှင်မျိုးကို ရွေးချယ်သင့်ပါတယ်။ ညနေခင်းဘက် အတွက် ဝတ်ရမှာ ဖြစ်လို့ အရောင်ခပ်ရိုးရိုးပဲ ဝတ်တာ ပိုပြီး စိတ်ကို ငြိမ်းစေပါတယ်။ ဖက်ရှင်စတိုင်အနေနဲ့ Jeans ၊ Suit Jacket နဲ့ ရှပ်အဖြူ ဒါမှမဟုတ် Jeans ၊ T-Shirt အစင်း နဲ့ Suit Jacket ၊ Casual Shirt တစ်ထည်နဲ့ Chino Style Pant တို့ ဝတ်သွားနိုင်ပါတယ်။

Featured Photo : americanfinancing