မိန်းကလေးတွေနဲ့တွေ့ဆုံရတာဟာ တချို့ယောက်ျားလေးတွေအတွက် စိန်ခေါ်မှုတခုဖြစ်ချင်ဖြစ်မှာပါ။ ဒါပေမယ့် အလွန်အမင်းရှက်တတ်တဲ့ယောက်ျားလေးဆိုရင်တော့ သူ့အတွက်အခက်အခဲ တခုပါဖြစ်သွားပါပြီ။ စကားပြောဖို့တောင်ခက်နေတယ်ဆိုရင် အဆင်ပြေမှာမဟုတ်ပါဘူး။ ဒါဆို သင့်ရဲ့ရှက်ကြောက်မှုက မိန်းကလေးတွေနဲ့ပြောဆိုဆက်ဆံဖို့ အတားအဆီးလိုဖြစ်နေတယ်ဆိုရင် ဒီအချက်လေးတွေကို စမ်းကြည့်လိုက်ပါ။

(၁) အလွယ်ဆုံးကစပါ

Source : WayTooSocial

နေ့ချင်းညချင်းကြီးပြောင်းလဲစရာမလိုပါဘူး။ သင်အပြင်သွားတဲ့အခါ လူစိမ်း ၂ယောက် ၃ယောက်နဲ့စကားပြောဖြစ်ဖို့ ကိုယ့်ကိုယ်ကိုတွန်းအားပေးကြည့်ပါ။ အပြန်အလှန်ပြောဆိုရင်း တစိမ်းတွေနဲ့စကားပြောရတာ သက်တောင့်သက်သာရှိလာပါလိမ့်မယ်။ သင့်ရဲ့စကားလုံးတွေက လေးနက်ပြီး အဓိပ္ပါယ်ပြည့်ဝနေစရာမလိုပါဘူး။ အပြန်အလှန်ပြောလို့ကောင်းရုံဆို ရပါပြီ။

(၂) သတ္တိရှိပါ

Source : Maribor2

သင့်ရဲ့ရှက်ကြောက်ခြင်းကို မောင်းထုတ်ဖို့ဆိုတာ အချိန်ယူရတယ်ဆိုပေမယ့် သင်ဒါကိုလုပ်နိုင်ပါတယ်။ ဒါကြောင့် တခါတရံ မသက်မသာဖြစ်နိုင်တယ်ဆိုပေမယ့် လက်ခံရပါမယ်။ ကြောက်စိတ်ကို လက်ခံပါ ပြီးရင်ဆက်လုပ်ပါ။ ဒါကသာသင်ပြောင်းလဲဖို့ တခုတည်းသောနည်လမ်းဖြစ်ပါတယ်။

(၃) သင့်ရဲ့ကိုယ်ဟန်အပြုအမူကို တိုးတက်ပါစေ

Source : Fearless Men

သင်လမ်းလျှောက်တဲ့အခါ ပျင်းရိပျင်းတွဲလျှောက်လား။ မြေကြီးကိုပဲကြည့်နေလား။ ဒါမှမဟုတ် လက်နှစ်ဖက်ကို အိတ်ထဲမှာပဲထည့်ထားတာလား။
တကယ်တော့ အင်အားပြည့်ဝပြီး ယုံကြည်မှုရှိတဲ့ ကိုယ်ဟန်အပြုအမူကိုသာ အာရုံစိုက်သင့်တာဖြစ်ပါတယ်။ ဒါဆိုရင် ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိလာတယ်လို့ ခံစားရလာပါလိမ့်မယ်။ ပြုံးဖို့လည်းမမေ့ပါနဲ့။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ့်ကိုယ်ကို အသေးစိတ်ပြုမူဖို့ခိုင်းတဲ့အခါ ဦးနှောက်ကသင့်လျော်တဲ့ ဓာတုပစ္စည်းတွေထုတ်လွှတ်ပေးပြီး ခံစားချက်တွေကတကယ်လိုဖြစ်လာလို့ပါ။

(၄) ပေါင်းသင်းဆက်ဆံရေးကောင်းတဲ့ သူငယ်ချင်းတွေကို ရှာပါ

Source : Freepik

ရိုးရိုးလေးပါပဲ။ ယုံကြည်ရတဲ့ ပေါင်းသင်းဆက်ဆံရေးကောင်းပြီး ဖော်ရွေမှုရှိတဲ့ သူငယ်ချင်းမိတ်ဆွေတွေနဲ့ အပြင်သွားပေးတာက သင့်ရဲ့ရှက်ကြောက်တတ်တဲ့ ဘောင်ထဲကနေရုန်းထွက်ဖို့ ပိုလွယ်လာပါလိမ့်မယ်။ အဲ့လိုမကြာခဏလုပ်ပေးခြင်းက သင့်ရဲ့အပေါင်းအသင်းတွေနဲ့ သင်ကို သဘာဝကျကျတူလာစေပြီး စကားအပြောအဆို လှုပ်ရှားမှုဟန်ပန်တွေတိုးတက်လာစေမှာပါ။

(၅) ကတိကိုထိန်းပါ

Source : Shutterstock

တကယ်လို့ ကိုယ်ချဉ်းကပ်ချင်တဲ့ မိန်းကလေးကို စကားသွားပြောမယ်ဆိုပါစို့။ စိတ်မသက်မသာဖြစ်ရင်တောင် သင့်ကိုယ့်သင် ကတိပေးထားတဲ့အတိုင်းဆက်ထိန်းထားပါ ဘယ်တော့မှစကားစမဖြတ်လိုက်နဲ့ ။ ဒါပေမယ့် ကိုယ့်ကိုယ်ကိုအတင်းဖိအားမပေးမိအောင်တော့ လေ့ကျင့်ပါ။ စကားသွားပြောတိုင်းအဆင်ပြေချင်မှ ပြေပါလိမ့်မယ်။ ဒါပေမယ့် လုပ်မယ်လို့ဆုံးဖြတ်ပြီးရင် တဝက်တပျက်နဲ့တော့မရပ်လိုက်ပါနဲ့။ ခန္ဓာကိုယ်ကို မတ်မတ်ရပ်ပြီး သူမဘက်က ဘယ်လိုပဲတုံ့ပြန်တုံ့ပြန် အကောင်းမြင်စိတ်ကိုသာထိန်းထားပါ။

(၆) သင်နှစ်သက်တဲ့အရာကိုလုပ်ပါ

Source : rawpixel

သင်က ရော့ခ်ဖျော်ဖြေပွဲတွေကို နှစ်သက်တာလား။ တောင်တက်ရတာကြိုက်တာလား။ ဘက်စကတ်ဘောကစားရတာကြိုက်တာလား။ ဒါဆို ဒီအရာတွေကို မျှဝေလုပ်ဆောင်မယ့်သူတွေကိုရှာပြီး သူတို့နဲ့ပူးပေါင်းပါ။ ကိုယ်တကယ်ပျော်ရွှင်နှစ်သက်တဲ့ အရာကိုလုပ်ဆောင်နေတဲ့အခါ ရှက်တဲ့စိတ်တွေမေ့နေပါလိမ့်မယ်။ သင်အကောင်းဆုံးလုပ်ဆောင်နေရင် မိန်းကလေးတွေက သတိထားမိလာမှာသေချာပါတယ်။