မန်ချက်စတာယူနိုက်တက်ဂိုးသမား ဒေးဗစ် ဒဟေးယားက ယာယီနည်းပြ ရာ့လ်ဖ် ရန်းနစ်ခ် လက်အောက်မှာ ကစားရတဲ့အချိန်တိုင်းက ပြင်းထန်ခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

Mancheste United Interim Boss Rangnick

Photo: Punditarena

ရန်းနစ်ခ်ဟာ ပြီးခဲ့တဲ့လမှာ ဝက်ဖို့ဒ်ကို ၄-၁ နဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် နည်းပြ ဆိုးလ်ရှားကို မန်ချက်စတာယူနိုက်တက်အသင်းက ရာထူးကနေ ထုတ်ပယ်ခဲ့ပြီးနောက် ယာယီနည်းပြအဖြစ် ခန့်အပ်ခြင်းခံခဲ့ရသူဖြစ်ပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ရဲ့ အကျိုးသက်ရောက်မှုကြောင့် ယူနိုက်တက်ရဲ့ ပွဲချိန်ဇယားဟာ ကမောက်ကမဖြစ်ခဲ့တာကြောင့် ပွဲစဉ်တွေကို ရွှေ့ဆိုင်းခဲ့ရပြီး ယာယီနည်းပြသစ်လက်အောက်မှာ ယူနိုက်တက်ကစားသမားတွေဟာ ၃ ပွဲသာ ကစားရသေးတာ ဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ပထမအသင်းကစားသမားတွေဟာ ကိုဗစ်-၁၉ ရဲ့ လျှပ်တပြက် ထိုးနှက်မှု ခံရပြီးနောက်ပိုင်း အများစုဟာ ပြန်လည်သက်သာနေကြပြီဖြစ်ပြီး ဒဏ်ရာရနေတဲ့ ပေါ့ဂ်ဘာလည်း ယနေ့ည နယူးကာဆယ်လ်နဲ့ပွဲမှာ ပါဝင်ကစားပေးနိုင်ဖွယ်ရှိနေပြီဖြစ်ပါတယ်။ ယူနိုက်တက်ဂိုးသမား ဒဟေးယားဟာ အသင်းအနေနဲ့ ခွန်အားပြန်ပြည့်နေတာကို ဝမ်းမြောက်ဝမ်းသာဖြစ်နေပြီး ၎င်းတို့ရဲ့ လေ့ကျင့်ရေးအစီအစဉ်မှာ အသေမောင်းခံထားရတာကြောင့် ပွဲစဉ်အတွင်း ကြီးမားတဲ့အကျိုးသက်ရောက်မှု စတင်ရှိလာလိမ့်မယ်လို့ မျှော်လင့်နေတာဖြစ်ပါတယ်။

1640522405_David-de-Gea-opens-up-on-intense-Man-Utd-training

Photo: Mirror

“အဲဒါက အရမ်းကောင်းပါတယ်။ တစ်သင်းလုံး အတူတူ လေ့ကျင့်ရေး ပြန်လုပ်နိုင်တာက ကောင်းမွန်ပြီး ပြီးတဲ့နောက်မှာ သူတို့တွေ အားလုံး လုံခြုံစိတ်ချရတယ်ဆိုတာကို မြင်ရတာ အမှန်ပါပဲ။ သူတို့တွေ ပြန်လာကြပြီ။ သူတို့တွေအားလုံး လေ့ကျင့်ရေးဆင်းနေတယ်။ သူတို့တွေ အဆင်ပြေပါတယ်။ အဲဒီတော့ နောက်ထပ်တစ်ကြိမ် အတူတူရှိနေရတာ အရမ်းကောင်းပါတယ်။ ကျွန်တော်တို့ ပြင်းပြင်းထန်ထန် လေ့ကျင့်ခဲ့ကြတယ်ဆိုတာ ဟုတ်ပါတယ်။ လေ့ကျင့်ရေးက အရမ်းပြင်းထန်ပါတယ်။ လေ့ကျင့်ရေးအစီအစဉ်တိုင်း၊ ရန်းနစ်ခ်နဲ့ ရှိနေတဲ့ အချိန်တိုင်းက ပြင်းထန်ခဲ့ပါတယ်”

“ခင်ဗျား လေ့ကျင့်ရေးနဲ့ ပွဲစဉ်တွေမှာ အချိန်တိုင်း ၁၀၀ ရာခိုင်နှုန်း ပေးဆပ်ရမှာဆိုတော့ ကြည့်ကြတာပေါ့။ အခုမှ အစပဲ ရှိပါသေးတယ်။ ရက်သတ္တပတ် အနည်းငယ်လောက်ပဲ ရှိပါသေးတယ်။ အဲဒီတော့ အနာဂတ်ကို ကြည့်ကြတာပေါ့။ အသင်းက အင်နဲ့အားနဲ့ လေ့ကျင့်ရေး ပြုလုပ်နေတယ်။ လျင်မြန်မှုနဲ့အတူပါ။ ကျွန်တော်တို့ အခု အဲဒါကို ပွဲကြီးပွဲကောင်းတွေမှာ ပြသရမှာပါ”လို့ ပြောကြားခဲ့ပါတယ်။

Featured Photo: Daily Mail