ယူႏုိက္တက္အသင္းရဲ႕ ဂိုးသမား ဒီဂီယာဟာ ဘာစီလိုနာအသင္းနဲ႔ ခ်န္ပီယံလိဂ္ ကြာတားဖိုင္နယ္ ဒုတိယအေက်ာ့ အေဝးကြင္းပြဲစဥ္မွာ က်ဴးလြန္ခ့ဲတ့ဲ သူ႔ရဲ႕ အမွားအတြက္ အသင္းေဖာ္ ယူႏုိက္တက္ကစားသမားေတြကို ေတာင္းပန္စကား ေျပာၾကားခ့ဲေၾကာင္း သိရွိရပါတယ္။ ဘာစီလိုနာအသင္းရဲ႕ အိမ္ကြင္း ႏူးကမ့္မွာ ကစားခ့ဲရတ့ဲ ဒီပြဲမွာ ယူႏုိက္တက္အသင္းက ပုံစံေကာင္းျပသႏုိင္ခ့ဲျခင္းမရွိဘဲ ၃-၀ ဂိုးျဖင့္ ေျချပတ္ဂိုးျပတ္ ရံႈးနိမ့္ကာ ႏွစ္ေက်ာ့ေပါင္းရလဒ္ ၄-၀ ဂိုးျဖင့္ ၿပိဳင္ပြဲက ထြက္ခ့ဲရပါတယ္။

Photo Credit : Bleacher Report

အက္ရွ္ေလယန္းရဲဲ႕ အမွားကတစ္ဆင့္ မက္ဆီက အက္ရွ္ေလယန္းအပါအဝင္ ဖရက္ဒ္ ဖီးလ္ဂ်ံဳးစ္တုိ႔ကို အေကာင္းဆံုး ေက်ာ္ျဖတ္ၿပီး ဒီဂီယာရဲ႕ ညာဘက္ေအာက္ေထာင့္ကို အနိမ့္ေဘာ ကန္သြင္းယူႏုိင္ခ့ဲသလို ဦးေဆာင္ဂိုးရၿပီး မၾကာခင္မွာပဲ မက္ဆီက ကြင္းလယ္က ဆြဲေျပးကာ ဧရိယာထိပ္ကေန ညာေျခနဲ႔ ကန္သြင္းၿပီး ဘာစီလိုနာတုိ႔ ဒုတိယဂိုးရရွိခ့ဲပါတယ္။ ယူႏုိက္တက္အသင္းရဲ႕ ဆီမီးဖုိင္နယ္ ေမွ်ာ္လင့္ခ်က္ကို ကုန္ဆံုးေစသေလာက္ျဖစ္သြားေစတ့ဲ ဒီဂုိးအတြက္ မက္ဆီရဲ႕ ညာေျခကန္ခ်က္က ထင္သေလာက္ အားမပါခ့ဲေပမယ့္ ဒီဂီယာရဲ႕ေပါ့ဆမႈေၾကာင့္ သူ႔ရဲ႕ လက္ေမာင္းေအာက္ကေန ဂိုးဝင္သြားခ့ဲတာလည္း ျဖစ္ပါတယ္။


Photo Credit : The Sun

ဒီဂီယာက သူ႔ရဲ႕ အမွားအတြက္ သူ႔ကိုယ္သူ ခြင့္မလႊတ္ႏုိင္ခ့ဲဘဲ ပြဲအၿပီးအဝတ္လဲခန္းထဲမွာ အသင္းေဖာ္ေတြကုိ ေတာင္းပန္စကား ေျပာၾကားခ့ဲေၾကာင္း သိရွိရပါတယ္။ ဒီဂီယာရဲ႕ အမွားအယြင္း မရွိခ့ဲရင္ေတာင္ ေနာက္တစ္ဆင့္ကုိ တက္ေရာက္ဖို႔ လံုေလာက္တ့ဲ စြမ္းေဆာင္ရည္ကုိ ျပသႏုိင္ခ့ဲျခင္းမရွိတ့ဲ ယူႏုိက္တက္အသင္းသားေတြဟာ ဒီဂီယာကို ျပစ္တင္ေဝဖန္ျခင္းမျပဳခ့ဲၾကေပမယ့္ ကာယကံရွင္ျဖစ္သူကုိယ္တိုင္ကေတာ့ သူ႔ကိုယ္သူ ခြင့္မလႊတ္ႏုိင္ျဖစ္ခ့ဲရပါတယ္။

Photo Credit : Google News – Overview

အာဆင္နယ္အသင္းကို ၂-၀ ဂိုးျဖင့္ ရံႈးနိမ့္ခဲ့တ့ဲ ပရီးမီးယားလိဂ္အေဝးကြင္းပဲြမွာလည္း ဒီဂီယာတစ္ေယာက္ ၿပိဳင္ဘက္ကစားသမားရဲ႕ ခ်ာကာရဲ႕ ကန္ခ်က္ကို အတြက္အဆမွားခ့ဲရာမွတစ္ဆင့္ ဂုိးခြင့္ျပဳခ့ဲရဖူးၿပီး စာခ်ဳပ္သစ္ကိစၥရပ္မ်ားနဲ႔ ပတ္သက္လို႔ ေဆြးေႏြးမႈမ်ား အဆင္မေျပျဖစ္လ်က္ရွိတ့ဲေနာက္ပိုင္းမွာ ဒီဂီယာအေနနဲ႔ ကြင္းတြင္းလက္စြမ္းက်ဆင္းလာတာကုိ သိသိသာသာ ျမင္ေတြ႔ေနရပါတယ္။ ယူႏုိက္တက္အသင္းက ဒီဂီယာကို ငါးႏွစ္သက္တမ္းနဲ႔ ကာလရွည္စာခ်ဳပ္ခ်ဳပ္ဆုိဖို႔ ျပင္ဆင္ေနေပမယ့္ လက္ရွိအခ်ိန္အထိ ကစားသမားနဲ႔ လစာေငြ ကိစၥ ညွိႏႈိင္းမႈမ်ား အဆင္မေျပျဖစ္ေနတာေၾကာင့္ စာခ်ဳပ္သစ္ကိစၥက ၾကန္႔ၾကာလ်က္ရွိေနရာ ဒီဂီယာကို ကာလရွည္ စိတ္ဝင္စားခ့ဲတ့ဲ ရီးရဲယ္မက္ဒရစ္အသင္းကလည္း အဆုိပါစပိန္လက္ေရြးစင္ဂိုးသမားရဲ႕ အနာဂတ္ကို အနီးကပ္ေစာင့္ၾကည့္ေနၿပီျဖစ္ေၾကာင္းလည္း သတင္းမ်ား ထြက္ေပၚလ်က္ရွိပါတယ္။

(Unicode)

ယူနိုက်တက်အသင်းရဲ့ ဂိုးသမား ဒီဂီယာဟာ ဘာစီလိုနာအသင်းနဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ဒုတိယအကျော့ အဝေးကွင်းပွဲစဉ်မှာ ကျူးလွန်ခဲ့တဲ့ သူ့ရဲ့ အမှားအတွက် အသင်းဖော် ယူနိုက်တက်ကစားသမားတွေကို တောင်းပန်စကား ပြောကြားခဲ့ကြောင်း သိရှိရပါတယ်။ ဘာစီလိုနာအသင်းရဲ့ အိမ်ကွင်း နူးကမ့်မှာ ကစားခဲ့ရတဲ့ ဒီပွဲမှာ ယူနိုက်တက်အသင်းက ပုံစံကောင်းပြသနိုင်ခဲ့ခြင်းမရှိဘဲ ၃-၀ ဂိုးဖြင့် ခြေပြတ်ဂိုးပြတ် ရှုံးနိမ့်ကာ နှစ်ကျော့ပေါင်းရလဒ် ၄-၀ ဂိုးဖြင့် ပြိုင်ပွဲကထွက်ခဲ့ရပါတယ်။

Photo Credit : Bleacher Report

အက်ရှ်လေယန်းရဲဲ့ အမှားကတစ်ဆင့် မက်ဆီက အက်ရှ်လေယန်းအပါအဝင် ဖရက်ဒ် ဖီးလ်ဂျုံးစ်တို့ကို အကောင်းဆုံး ကျော်ဖြတ်ပြီး ဒီဂီယာရဲ့ ညာဘက်အောက်ထောင့်ကို အနိမ့်ဘော ကန်သွင်းယူနိုင်ခဲ့သလို ဦးဆောင်ဂိုးရပြီး မကြာခင်မှာပဲ မက်ဆီက ကွင်းလယ်က ဆွဲပြေးကာ ဧရိယာထိပ်ကနေ ညာခြေနဲ့ ကန်သွင်းပြီး ဘာစီလိုနာတို့ ဒုတိယဂိုးရရှိခဲ့ပါတယ်။ ယူနိုက်တက်အသင်းရဲ့ ဆီမီးဖိုင်နယ် မျှော်လင့်ချက်ကို ကုန်ဆုံးစေသလောက်ဖြစ်သွားစေတဲ့ ဒီဂိုးအတွက် မက်ဆီရဲ့ ညာခြေကန်ချက်က ထင်သလောက် အားမပါခဲ့ပေမယ့် ဒီဂီယာရဲ့ပေါ့ဆမှုကြောင့် သူ့ရဲ့ လက်မောင်းအောက်ကနေ ဂိုးဝင်သွားခဲ့တာလည်း ဖြစ်ပါတယ်။

Photo Credit : The Sun

ဒီဂီယာက သူ့ရဲ့ အမှားအတွက် သူ့ကိုယ်သူ ခွင့်မလွှတ်နိုင်ခဲ့ဘဲ ပွဲအပြီးအဝတ်လဲခန်းထဲမှာ အသင်းဖော်တွေကို တောင်းပန်စကား ပြောကြားခဲ့ကြောင်း သိရှိရပါတယ်။ ဒီဂီယာရဲ့ အမှားအယွင်း မရှိခဲ့ရင်တောင် နောက်တစ်ဆင့်ကို တက်ရောက်ဖို့ လုံလောက်တဲ့ စွမ်းဆောင်ရည်ကို ပြသနိုင်ခဲ့ခြင်းမရှိတဲ့ ယူနိုက်တက်အသင်းသားတွေဟာ ဒီဂီယာကို ပြစ်တင်ဝေဖန်ခြင်းမပြုခဲ့ကြပေမယ့် ကာယကံရှင်ဖြစ်သူကိုယ်တိုင်ကတော့ သူ့ကိုယ်သူ ခွင့်မလွှတ်နိုင်ဖြစ်ခဲ့ရပါတယ်။

Photo Credit : Google News – Overview

အာဆင်နယ်အသင်းကို ၂-၀ ဂိုးဖြင့် ရှုံးနိမ့်ခဲ့တဲ့ ပရီးမီးယားလိဂ်အဝေးကွင်းပွဲမှာလည်း ဒီဂီယာတစ်ယောက် ပြိုင်ဘက်ကစားသမားရဲ့ ချာကာရဲ့ ကန်ချက်ကို အတွက်အဆမှားခဲ့ရာမှတစ်ဆင့် ဂိုးခွင့်ပြုခဲ့ရဖူးပြီး စာချုပ်သစ်ကိစ္စရပ်များနဲ့ ပတ်သက်လို့ ဆွေးနွေးမှုများ အဆင်မပြေဖြစ်လျက်ရှိတဲ့နောက်ပိုင်းမှာ ဒီဂီယာအနေနဲ့ ကွင်းတွင်းလက်စွမ်းကျဆင်းလာတာကို သိသိသာသာ မြင်တွေ့နေရပါတယ်။ ယူနိုက်တက်အသင်းက ဒီဂီယာကို ငါးနှစ်သက်တမ်းနဲ့ ကာလရှည်စာချုပ်ချုပ်ဆိုဖို့ ပြင်ဆင်နေပေမယ့် လက်ရှိအချိန်အထိ ကစားသမားနဲ့ လစာငွေ ကိစ္စ ညှိနှိုင်းမှုများ အဆင်မပြေဖြစ်နေတာကြောင့် စာချုပ်သစ်ကိစ္စက ကြန့်ကြာလျက်ရှိနေရာ ဒီဂီယာကို ကာလရှည် စိတ်ဝင်စားခဲ့တဲ့ ရီးရဲယ်မက်ဒရစ်အသင်းကလည်း အဆိုပါစပိန်လက်ရွေးစင်ဂိုးသမားရဲ့ အနာဂတ်ကို အနီးကပ်စောင့်ကြည့်နေပြီဖြစ်ကြောင်းလည်း သတင်းများ ထွက်ပေါ်လျက်ရှိပါတယ်။