အောင်လအန်ဆန်ကို စိန်ခေါ်သူကတော့ နယ်သာလန်နိူင်ငံသား The Dutch Knight လိုလူသိများတဲ့ De Ridder ပဲဖြစ်ပါတယ်။ ဖေဖော်ဝါရီ ၇ ရက်နေ့ ညက အင်ဒိုနီးရှားနိုင်ငံ၏မြို့တော် ဂျာကာတာတွင် ကျင်းပခဲ့တဲ့ NE: WARRIOR’S CODE ပြိုင်ပွဲမှာ ဘရာဇီးဖိုက်တာ Leandro “Wolf” Ataides ကို အနိူင်ရပြီး တဲ့နောက်မှာ အခုလို အောင်လအန်ဆန် နဲ့ထိုးသတ်ဖို့ စိန်ခေါ်ခဲ့ခြင်းဖြစ်ပါတယ်။

Source: One Championship

အဆိုပါ ပွဲစဉ်တွင် အနိုင်ရရှိခဲ့ခြင်းကြောင့် De Ridder က ကမ္ဘာမယ်ဒယ်ဝိတ်တန်း ခါးပတ်ကို စိန်ခေါ်ခွင့် ရရှိခဲ့သည်။

“အောင်လရေ မင်းအသင့်ဖြစ်ပြီလား။ အချိန်၊နေရာ ကိုမင်းရွေးလိုက်။ မင်းနဲ့ထိုက်တန်ပါတယ်။ ဒါပေမဲ့ ချန်ပီယံ ခါးပက်ကိုတော့ ပြောင်နေအောင်လုပ်ထားပါ။ ဘာလို့လဲဆိုတော့ ငါလာယူတော့မှာမို့လို့ပဲ” ဆိုပြီး စိန်ခေါ်စကားပြောခဲ့ပါတယ်။

Source: One Championship

De Ridder ၏ စိန်ခေါ်မှုကို လက်ခံ၍ ထိုးသတ်လာခဲ့ပါက အောင်လအန်ဆန်ရဲ့ ၂၀၂၀ ခုနှစ်တွင် ပွဲဦးထွက် ပွဲစဉ် တစ်ခု ဖြစ်လာနိုင်ပါတယ်။

Source: BJPenn

အောင်လ ဟာ MMA ပြိုင်ပွဲမှာ ၃၇ ပွဲထိုးသတ်ထားပြီး ၂၆ ပွဲအထိ အနိူင်ရရှိထားပါတယ်။ နယ်သာလန်နိူင်ငံသား De Ridder ကတော့ ထိုးသတ်ပြီးသွားတဲ့ ၁၂ ပွဲစလုံးမှာ ရှုံးပွဲမရှိသေးပါဘူး။ ပွဲအတွေ့အကြုံအရ အောင်လက တစ်ပန်းသာနေသာနေပါတယ်။ စိန်ခေါ်သူ နယ်သာလန်နိူင်ငံသားဟာလည်း ပြိုင်ဘက်ကို အလစ်မပေးပဲ တရစပ်တိုက်ခိုက်တတ်သူဖြစ်တဲ့အတွက်ကြောင့် အောင်လ နဲ့ De Ridder တို့ရဲ့ပွဲဟာ အကောင်းဆုံးပွဲတပွဲဖြစ်လာဖို့ရှိနေပါတယ်။