Death Metal ဆိုတာကတော့ ဟဲဗီးရော့ခ် ဂီတအမျိုးအစားတစ်ခုဖြစ်ပြီး ထိုသီချင်းတွေထဲတွင် သေဆုံးခြင်း၊ နာကျင်ခံစားရခြင်း၊ ပျက်ဆီးဆုံးရှုံးခြင်း အစရှိတဲ့ အကြောင်းအရာများကို စပ်ဆိုသီကုံးကာ သီချင်းစပ်ဆိုလေ့ရှိကြတာဖြစ်ပါတယ်။ Death Metal ဂီတအမျိုးအစားကို နှစ်သက်ကြတဲ့ ကွီး တို့အတွက် ကမ္ဘာပေါ်မှာ နာမည်အကြီးဆုံး Bands (၅) ဖွဲ့ရှိပါတယ်။
ဘာသာရေးအယူအဆကြောင့် သီဆိုခွင့်ပိတ်ပင်ခံလိုက်ရတဲ့ Death Metal ဂီတအဖွဲ့များသည်လည်း အနည်းငယ်ရှိပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ အချို့သော Death Meatal ဂီတအဖွဲ့များသည် စေတန်ဝါဒီကို အသားပေးကာ သီချင်းများ စပ်ဆိုရေးသားကာ သီဆိုဖျော်ဖြေကြသောကြောင့်ဖြစ်ပါတယ်။
Death Metal ဂီတအမျိုးအစားကို နှစ်သက်တဲ့ ကွီး တို့ အထင်ကရအဖြစ်ဆုံး Bands (၅) ဖွဲ့အကြောင်းကို ဝေမျှပေးလိုက်ရပါတယ်။
Behemoth
Photo: Pinterest
Behemoth သည် ပိုလန်နိုင်ငံရှိ ဂီတအဖွဲ့တစ်ဖွဲ့ဖြစ်ပါတယ်။ သူသည် ၁၉၉၁ ခုနှစ်မှာ စတင်ပေါ်ပေါက်ခဲ့တာဖြစ်ပြီး စစချင်တုန်းကတော့ Black Metal ဂီတအမျိုးအစားတွေကိုသာ တီးခတ်ဖျော်ဖြေလေ့ရှိပါတယ်။ သို့သော် ၁၉၉၀ နှောင်းပိုင်းမှာတော့ Black Metal ကနေ Death Metal ဘက်သို့ ကူးပြောင်းလာပြီး စေတန်ဝါဒီကို ဦးစားပေးတဲ့ အရေးအသားတွေကို သီချင်းတွေထဲမှာ တွေ့လာရပါတယ်။ ဒါ့ကြောင့် သူ့ကို တရားဥပဒေနဲ့ မညီညွှတ်ဘူးဆိုပြီး စွဲချက်တင်ကာ ပိုလန်နိုင်ငံတွင် ဖျော်ဖြေမှုပိတ်ပင်ခံလိုက်ရတဲ့ အဖွဲ့တစ်ဖွဲ့ဖြစ်ပါတယ်။
Cannibal Corpse
Photo: Japan Today
Cannibal Corpse အဖွဲ့သည် နယူးယော့ခ်မြို့တွင် စတင်ဖွဲ့စည်းခဲ့တဲ့အဖွဲ့ဖြစ်ပြီး Death Metal ဂီတအဖွဲ့များထဲတွင် သက်တမ်းအရှည်ဆုံး ဂီတအဖွဲ့ပဲဖြစ်ပါတယ်။ ဒါ့အပြင် အအောင်မြင်ဆုံး အဖွဲ့တစ်ဖွဲ့ဆိုလည်း မမှားပါဘူး။ သူ့အယ်လ်အချပ်ရေတွေဆိုရင် ၂ သန်းကျော်ခန့်တောင် ရောင်းချရသည်အထိ လူကြိုက်များပါတယ်။
သူ့သီချင်းစာသားတွေထဲမှာတော့ သည်းထိတ်ရင်ဖိုရုပ်ရှင်ဇာတ်ကားတွေထဲကလို ကြောက်စရာတွေ ပြည့်နှက်နေတဲ့ စာသားတွေကို ရေးဖွဲ့ထားတာဖြစ်ပါတယ်။
Death
Photo: Loudwire
ဒီအဖွဲ့ကတော့ ဖလော်ရီဒါမြို့က နာမည်ကြီးအဖွဲ့တစ်ဖွဲ့ဖြစ်ပြီး Death Metal ရယ်လို့ လူသိများလာအောင် ကြိုးပမ်းခဲ့တဲ့သူတွေဖြစ်ပါတယ်။ သူတို့သည် ပွဲဦးထွက် ပထမဦးဆုံး အယ်လ်ဘမ်ကို ၁၉၈၇ ခုနှစ်တွင် Scream Bloody Gore ဆိုတဲ့ အမည်ဖြင့် ထုတ်ဝေဖြန့်ချီခဲ့တာဖြစ်ပြီး သူတို့ကြောင့်ပဲ Death Metal ဆိုပြီး ဂီတအမျိုးအစားတစ်ခု ပေါ်ပေါက်လာခဲ့တာပါ။ Mainman Chuck Schuldiner သည် သူ့အသက် ၃၄ နှစ်အရွယ်၊ ၂၀၀၁ ခုနှစ်တွင် ကွယ်လွန်သွားခဲ့ပါတယ်။ သို့သော် ဂီတအမျိုးအစားသစ်တစ်ခုကိုတော့ နောက်မျိုးဆက်အတွက် ချန်ထားနိုင်ခဲ့ပါတယ်။
Decide
Photo: Pinterest
Decide ကတော့ အမေရိကန်ဂီတအဖွဲ့ဖြစ်ပြီး သူသည်လည်း ဖလော်ရီဒါမြို့တွင် စတင်ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။ ၁၉၈၇ ခုနှစ်ကတည်းက စတင်ပေါ်ပေါက်ခဲ့တာဖြစ်ပြီး ယနေ့ထိတိုင် လူကြိုက်များတဲ့ အဖွဲ့တစ်ခုဖြစ်ပါတယ်။
Possessed
Photo: Idioteq
Possessed သည်လည်း အမေရိကန်ဂီတအဖွဲ့တစ်ခုဖြစ်ပြီး ၁၉၈၃ ခုနှစ်က စတင်ပေါ်ပေါက်ခဲ့တာဖြစ်ပါတယ်။ ၁၉၈၇ ခုနှစ်တွင် အဖွဲ့ကွဲသွားခဲ့ပြီး ၁၉၉၀ နှင့် ၁၉၉၃ ခုနှစ်အတွင်း ပြန်လည်ဖွဲ့စည်းနိုင်ခဲ့ပြန်ပါတယ်။ သူတို့သည် စတူဒီယိုအယ်လ်ဘမ် သုံးခု၊ Live အယ်လ်ဘမ်တစ်ခုနှင့် အခြားသော တေးသီချင်းများကိုသာ ရေးသားစပ်ဆိုခဲ့ကြပါတယ်။
အခုဖော်ပြသွားခဲ့တဲ့ Death Metal ဂီတအဖွဲ့များကတော့ အထင်ကရဖြစ်ပြီး နာမည်ကြီးတဲ့ ဂီတအဖွဲ့များပဲဖြစ်ပါတယ်။
Source: Masterclass
Featured Image Source: Thejakartapost