ချစ်သူတွေရယ်လို့ ဖြစ်လာရင် ပျော်ရွှင်ရတဲ့အချိန်တွေ ရှိသလိုရန်ဖြစ်ပြဿနာတက်ရတဲ့ အချိန်တွေဆိုတာလည်းရှိကြစမြဲပါ။သို့သော်လည်းတစ်ဦးနဲ့ တစ်ဦးကြားဆက်ဆံရေးမှာ အချစ်တွေထက် ပြဿနာတွေကသာပိုပြီးကြီးစိုးထားမယ်ဆိုရင် ရေရှည်မှာအဆင်ပြေမှာမဟုတ်ပါဘူး။အဆင်မပြေတဲ့ အချစ်ရေးကိုဆုပ်ကိုင်ထားခြင်းက သူ့ဘက်ကိုယ့်ဘက်ဆုံးရှုံးနစ်နာမှုတွေများစွာရှိပါတယ်။အချစ်နဲ့စတင်ထားတဲ့ relationship တစ်ခုကိုအဆုံးသတ်ဖို့ဆိုတာ တော်ရုံနဲ့တော့ ဆုံးဖြတ်ချက်ချဖို့မဖြစ်နိုင်ပါဘူး။ဒါပေမယ့်ဒီလက္ခဏာတွေဖြစ်လာပြီဆိုရင်တော့ သင့်ရဲ့အချစ်ရေးကိုအဆုံးသတ်ဖို့ စဉ်းစားသင့်ပါပြီ။

(၁) အချိန်တိုင်းစိတ်ဆင်းရဲနေရတဲ့အခါ

Source : Shutterstock

အချစ်ရေးမှာ စိတ်ညစ်စရာပြဿနာတွေ ညှိနှိုင်းရခက်ခဲတဲ့ အမြင်မတူမှုတွေဆိုတာ rs သက်တမ်းကြာလာတာနဲ့အမျှကြုံတွေ့ရမယ့် ကိစ္စတွေပါ။ဒီလိုအဆင်မပြေမှုတွေကြုံလာတိုင်းလမ်းခွဲဖို့ စဉ်းစားသင့်တယ်လို့ မဆိုလိုပေမယ့် အချိန်တော်တော်များများ နေ့တိုင်းနီးပါးလိုလို ပြဿနာတွေနဲ့ ယဉ်ပါးလာမယ်ဆိုရင်တော့ ကိုယ့်ရဲ့နေ့စဉ်ဘဝက ပြဿနာတွေထဲမှာပဲ နစ်မွန်းလာမှာဖြစ်ပါတယ်။တန်ဖိုးရှိတဲ့ဘဝရဲ့အချိန်တွေကိုပြဿနာတွေကပဲ လွှမ်းမိုးနေမယ်ဆိုရင်တော့ ရှေ့ဆက်ဖို့သင့်မသင့်စဉ်းစားသင့်ပါပြီ။

(၂ ) မရိုးသားတဲ့အရိပ်အယောင်တွေမြင်လာရတဲ့အခါ

Source : Shutterstock

သစ္စာဖောက်တာ ရှုပ်ပွေတာတွေဟာ ယောကျာ်းလေးအများစုလုပ်တာလို့ သတ်မှတ်ထားလို့မရတော့ပါဘူး။
ဗီဇပါရင် ယောကျာ်းလေးဖြစ်စေမိန်းကလေးဖြစ်စေ လုပ်မှာပါပဲ။ကိုယ့်ချစ်သူစီက မရိုးသားတဲ့အရိပ်ယောင်တွေမြင်လာရတယ် ဥပမာသူဖုန်းယူကိုင်တဲ့အခါ ကမ္ဘာပျက်မတက်ကြောက်လန့်နေတာမျိုး အတူတူရှိနေချိန် ထူးဆန်းတဲ့ ဖုန်းတွေ sms တွေမကြာခဏဝင်လာတာမျိုးစသည်ဖြင့် မရိုးသားတဲ့အရိပ်ယောင်တွေမြင်တွေ့နေရပြီဆိုရင်တော့ သစ္စာဖောက်ခံရဖို့ရာခိုင်နှုန်းများနေပြီဖြစ်တဲ့အတွက် ဒီ relationshipကို အဆုံးသတ်ဖို့ စတင်စဉ်းစားသင့်ပါပြီ။

(၃) ဝါသနာနဲ့အလုပ်အပေါ်ထိခိုက်လာတဲ့အခါ

Source : Shutterstock

ပါရမီဖြည့်ဘက်ဆိုတဲ့အတိုင်း ကောင်းမွန်တဲ့ လက်တွဲဖော်ကောင်းဆိုတာ ကိုယ့်ရဲ့ဝါသနာနဲ့အလုပ်အပေါ် တန်ဖိုးထားပြီး ထောက်ခံအားပေးမှာပါ။လူတိုင်းလူတိုင်းက ကိုယ်တကယ်ဝါသနာပါရာအလုပ်ကိုပဲ ရွေးချယ်ချင်ကြတာဖြစ်ပါတယ်။ဒီလိုမှမဟုတ်ပဲ ကိုယ့်ရဲ့အလုပ်နဲ့ ဝါသနာကိုမကြိုက်လို့ဆိုတဲ့အကြောင်းပြချက်တွေနဲ့ ကြီးစိုးခြယ်လှယ်ဖို့ကြိုးစားနေမယ်ဆိုရင်တော့ တစ်ချိန်ချိန်မှာ ကြီးကြီးမားမားပြဿနာတွေဖြစ်လာနိုင်ပါတယ်။ဒါကြောင့်အချစ်အတွက်နဲ့ ဝါသနာပါတဲ့အရာတွေကို စွန့်လွတ်ရဖို့ ဖြစ်လာမယ်ဆိုရင် ဘယ်အရာကိုအမှန်တကယ်စွန့်လွတ်သင့်လဲဆိုတာ စဉ်းစားသင့်ပါတယ်။

(၄) အေးစက်တဲ့ဆက်ဆံရေးဖြစ်လာတဲ့အခါ

Source : Shutterstock

ချစ်သူနှစ်ဦးရဲ့ဆက်ဆံရေးတွေက အေးစက်တိတ်ဆိတ်ပြီး ငြိမ်သက်နေမယ်ဆိုရင် အပျက်ဘက်ကို ဦးတည်နေပြီဆိုတာသိနိုင်ပါတယ်။တစ်ယောက်တစ်ယောက်ဖုန်းမပြောပဲနေရတာပိုကောင်းလာတာမျိုး မတွေ့ပဲနေတာကပိုအေးချမ်းတာမျိုး ရင်ခုန်စရာမပြောနဲ့ စကားတောင်သုံးခွန်းပြည့်အောင်မပြောချင်တော့တဲ့ အခြေအနေကိုရောက်လာပြီဆိုရင်တော့ ကိုယ့်ရဲ့အချစ်ရေးကိုပြန်သုံးသပ်သင့်ပါပြီ။တစ်ယောက်မရှိလဲ တစ်ယောက်နေနိုင်တဲ့အနေအထားမှာ ချစ်သူတွေလို့ အမည်ခံထားတာကလဲ အမည်ခံသက်သက်ပဲဖြစ်နေပါလိမ့်မယ်။ဒါကြောင့်တစ်ယောက်ကိုတစ်ယောက်တကယ်ပဲစိတ်ကုန်စိတ်ပျက်နေတယ်ဆိုရင် ပွင့်ပွင့်လင်းလင်းသာပြောဆိုပြီး လမ်းခွဲသင့်ပါတယ်။