Demon Slayer ကာတွန်းကားဟာ လူငယ်လေးတစ်ယောက်က သူ့မိသားစုကို သတ်ဖြတ်စားသောက်သွားတဲ့ မကောင်းဆိုးရွားကို လိုက်ပြီးတိုက်ခိုက်ရတဲ့အကြောင်းကို ဇာတ်အိမ်တည်ပြီးရိုက်ကူးထားတာပါ။ ဒီကာတွန်းကားဟာ ဆယ်စုနှစ် နှစ်ခုနီးပါး မှတ်တမ်းအတွင်း ဂျပန်နိုင်ငံရဲ့ ဝင်ငွေအကောင်းဆုံး ရုပ်ရှင်ဖြစ်လာခဲ့တယ်လို့ရုပ်ရှင်ထုတ်လုပ်သူက ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ ပြောဆိုခဲ့ပါတယ်။

Source: asiaone.com

နာမည်ကျော် Manga ကာတွန်းနဲ့ ရုပ်သံကာတွန်းစီးရီးကို အခြေခံထားတဲ့ Demon Slayer ကာတွန်းကားဟာ အော်စကာဆုရ ဒါရိုက်တာ Hayao Miyazaki ရဲ့ Spirited Away ရုပ်ရှင်ကို အချိန် ခဏလေးအတွင်းမှာပဲ ကျော်ဖြတ်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။

Kimetsu no Yaiba the Movie – Mugen Train လို့ခေါင်းစဉ်တပ်ထားတဲ့ခေါ်တဲ့ “Demon Slayer” ရုပ်ရှင်ဟာ ဝင်ငွေ ဒေါ်လာ (၄၁၆) သန်း (ဂျပန် ယန်း ၃၂.၄၇ ဘီလီယံ) ရရှိထားပြီဖြစ်ကြောင်းသိရပါတယ်။ Spirited Away ရုပ်ရှင်ကတော့ ယန်း ၃၁.၆၈ ဘီလီယံသာ ရရှိထားတယ်လို့ ဒေတာအချက်အလတ်တွေအရ သိရပါတယ်။

Source: Talkies Network

ရုပ်ရှင်စောင့်ကြည့်သူတွေကတော့ အခုလို့ coronavirus ဗိုင်းရပ်စ်ပြန့်ပွားနေချိန်မှာ မထင်မှတ်ထားလောက်အောင် အောင်မြင်မှုရရှိခဲ့တာလို့ ပြောဆိုထားပါတယ်။ Social distancing ကြောင့် အိမ်တွင်းပုန်းနေရတဲ့ လူတွေက ရုပ်ရှင်ရုံတွေပြန်ဖွင့်တဲ့အချိန်မှာ အဲ့ဒီကာတွန်းရုပ်ရှင်ကို အပြေးအလွှား လာကြည့်ခဲ့ကြတာလို့လည်းဖြစ်ပါတယ်။

Source: UnGeek

Demon Slayer ရဲ့ ပူးတွဲဖြန့်ချီသူဖြစ်တဲ့ Sony Corp ဟာလည်း ဒီရုပ်ရှင်ကို အာရှနိုင်ငံအများစုမှာ ပြသထားပြီး ရလဒ်ကောင်းတာကြောင့် လာမယ့်နှစ်သစ်ကူးကာလမှာ US နဲ့ ကနေဒါတို့မှာလည်း ပြသသွားမှာဖြစ်ကြောင်း သိရပါတယ်။