တစ်နှစ်မှာတစ်ခါသာ ကျရောက်လာတဲ့ သင်္ကြန်ပွဲတော်လေးက မြန်မာလူမျိုးတွေ အထွဋ်အမြတ်ထားတဲ့ ရိုးရာပွဲတော်ပဲဖြစ်ပါတယ်။ မတ်လကလည်း ကုန်လုနီးပါးဖြစ်လာပြီဆိုတော့ သင်္ကြန်သီချင်းလေးတွေ၊ သင်္ကြန်အငွေ့အသက်လေးတွေ ခံစားမိရင်း သင်္ကြန်ပိုးလေးတွေ ထလာကြမယ်လို့ ထင်ပါတယ်။

သင်္ကြန်ရက်မှာ ရေပက်ခံထွက်မယ်ဆိုရင် အိမ်နေဝတ်အင်္ကျီနဲ့ ကိုယ့်ရပ်ကွက်ထဲမယ် ဟိုနားဒီနားလျှောက်သွားလို့ရပေမယ့် မြို့ထဲသွားပြီး ရေပက်ခံကားနဲ့ လည်ပတ်တဲ့အခါ၊ မဏ္ဍပ်ထိုင်တဲ့အခါ ဘယ်လိုဖက်ရှင်ဝတ်ဆင်ရမလဲဆိုတာ သေချာစဉ်းစားဖို့လိုအပ်နေပါပြီ။ ကောင်မလေးတွေအများကြီးလည်း ရေပက်ခံထွက်မှာဆိုတော့ ကိုယ့်ဖက်ရှင်ကလည်း ဂွမ်းလို့မဖြစ်ဘူးလေ။ ဟုတ်တယ်မလား။ ဒါ့ကြောင့် ကွီးတို့ သင်္ကြန်ရက်မှာ ဖက်ရှင်ကျစေဖို့အတွက် ဝတ်ဆင်သင့်တဲ့ဂျင်းဂျက်ကတ်ဖက်ရှင်လေးတွေကို ဝေမျှပေးချင်ပါတယ်။

Levis Denim ဂျက်ကတ်

Source: myntra.com

တစ်နေကုန်ရေစိုနေမှာဆိုတော့ အချမ်းပြေအောင် ဂျက်ကတ်ကတော့ မဖြစ်မနေဝတ်ထားသင့်ပါတယ်။ ဒါ့အပြင် ခရမ်းလွန်နေရာင်ခြည်ဒဏ်က ပြင်းထန်တဲ့အတွက်ကြောင့် နေလောင်ဒဏ်မခံရဖို့အတွက် ဝတ်ဆင်မယ့်အင်္ကျီကလည်း လက်ရှည်ဖြစ်ဖို့လိုအပ်ပါတယ်။ Levis ကတော့ Jeans နဲ့ ပတ်သက်ရင် နာမည်ကြီးလူကြိုက်များတဲ့တံဆိပ်တစ်မျိုးပဲဖြစ်ပါတယ်။ ဂျင်းဘောင်းဘီဝတ်မယ်၊ အပေါ်က တီရှပ်အပါးတစ်ထည်ဝတ်ပြီး ဂျင်းဂျက်ကတ်လေး ထပ်ဝတ်လိုက်ရုံနဲ့ ဖက်ရှင်ကျသွားမှာဖြစ်ပါတယ်။

ဂျင်းဂျက်ကတ်အပြဲ

Source: dhgate.com

အပြဲဖက်ရှင်တွေကလည်း လူငယ်တွေကြားရေပန်းစားနေတဲ့ဖက်ရှင်ဖြစ်တာကြောင့် အခုနောက်ပိုင်းမှာ ဂျင်းဘောင်းဘီအပြဲတင်မကပါဘူး။ ဂျင်းဂျက်ကတ်ကိုလည်း အပြဲဒီဇိုင်းများ တီထွင်ထုတ်လုပ်လာကြပါပြီ။ ရေပက်ခံထွက်တာ ကိုယ့်ချစ်သူလေးပါ ပါမယ်ဆိုရင် သူမနဲ့ဆင်တူဝတ်လို့ရပါသေးတယ်။

ဂျင်းအပြာနုဖက်ရှင်

Source: theiconic.co.nz

ဂျင်းအပြာနုဝတ်မယ်ဆိုရင်တာ့ ဘောင်းဘီကို အရောင်ရင့်တာ ဦးစားပေးဝတ်ဆင်လိုက်ပါ။ တီရှပ်အင်္ကျီကိုတော့ အဖြူရောင်၊ ဒါမှမဟုတ် အရောင်နုတဲ့အင်္ကျီအဝတ်အစားတွေ ဦးစားပေးပါ။ နေကလည်း တစ်နေကုန်ပူနေမှာဆိုတော့ အရောင်နုလေးတွေ ဝတ်ထားမယ်ဆို အအိုက်သက်သာမှာပဲဖြစ်ပါတယ်။

အရုပ်ပါတဲ့ ဂျက်ကတ်များ

Source: koovs.com

အရုပ်တွေ၊ စာသားတွေ ရိုက်နှိပ်ထားတဲ့ဂျင်းဂျက်ကတ်ကလည်း လူငယ်တွေကြားမှာ ရေပန်းစားရုံသာမကဘဲ လူကြီးတွေလည်း ဝတ်ဆင်လေ့ရှိတဲ့ဖက်ရှင်တစ်ခုပါပဲ။

အခြားဂျင်းဂျက်ကတ်ဖက်ရှင်တွေကို ဆက်လေ့လာလို့ရအောင် တစ်ခါတည်းဖော်ပြပေးလိုက်တယ်နော်။

Photo Source: Pinterest.com