ဂျင်းဘောင်းဘီ ဂျင်းအင်္ကျီများသည် ဘယ်တော့မှ ရိုးမသွားတဲ့ ဖက်ရှင်စတိုင်လ်တစ်မျိုးဖြစ်ပြီး လူငယ်လူရွယ်များသာမက လူလတ်ပိုင်းများပါ နှစ်နှစ်ခြိုက်ခြိုက်ဝတ်ဆင်ကြတဲ့ အဝတ်အစားတစ်မျိုးဖြစ်ပါတယ်။ ဂျင်းဘောင်းဘီတို၊ ဂျင်းဘောင်းဘီရှည်၊ ဂျင်းအနွေးထည်၊ ဂျင်းရှပ်အင်္ကျီ စသည်ဖြင့် အမျိုးအစား အမျိုးမျိုးရှိသည့်အနက် ဒီတစ်ခါမှာတော့ ဂျင်းရှပ်အင်္ကျီဖက်ရှင်အချို့ကို ဝေမျှပေးချင်ပါတယ်။
ပေါ့ပေါ့ပါးပါး ဝတ်ချင်တဲ့အခါ ရှပ်အင်္ကျီကို အပြင်ထုတ်လိုက်ပါ

စမတ်ကျကျ ဝတ်ချင်တယ်ဆိုရင်တော့ ဒီလိုဝတ်ပါ

ဂျင်းအရောင်နဲ့ ပတ်သက်လာရင် အရောင်နု၊ အရောင်ရင့် ဆိုပြီး နှစ်မျိုး ခွဲထားထာကြောင့် မိမိစိတ်ကြိုက် ရွေးချယ်ဝတ်ဆင်နိုင်ပါတယ်။

ဝတ်စုံပြည့်နဲ့ တွဲဖက်ဝတ်ဆင်လို့လည်း ရပါတယ်

Formal မကျ Casual မကျ ဖက်ရှင်

ပေါ့ပေါ့ပါးပါးဖက်ရှင် ဝတ်မယ်ဆိုရင် ဒီလို ဝတ်ပါ

ဂျင်းရှပ်အင်္ကျီမှာလည်း တံဆိပ်အမျိုးမျိုးရှိတဲ့အတွက်ကြောင့် မိမိစိတ်ကြိုက်တံဆိပ်ကို ဝယ်ယူဝတ်ဆင်နိုင်ဖို့ရန်အတွက် နာမည်ကြီးတံဆိပ်အချို့ကို ဝေမျှပေးချင်ပါတယ်။
Luca Faloni

Levi’s

Norse Projects

Asket

Nudie

Buck Mason

A.P.C

OrSlow

Lee

Source: Apetogentleman.com
Featured Image Source: Apetogentleman.com
