စတိုင်လ်ကျသော အမျိုးသားတိုင်းရဲ့အဝတ်အဘီဒိုထဲမှာ Denim အဝတ်အစားများကလည်း မရှိမဖြစ်တစ်ခုအပါအဝင်ပါပဲ။ Denim အဝတ်အစားများသည် အကြမ်းခံရုံသာမက ဖက်ရှင်လည်း ကျစေပါသေးတယ်။
ဂျင်းနှင့် Denim အဝတ်အစားများကို ရှေးယခင်တုန်းက ကာယလုပ်သားများသာ ဝတ်ဆင်ကြပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ ကာယလုပ်သားများသည် အပေခံသော အဝတ်အစားများကိုသာ ဝတ်ဆင်ဖို့လိုအပ်တဲ့အတွက်ကြောင့်ပါ။
သို့ပေမယ့် ယနေ့ခေတ်မှာတော့ Denim အဝတ်အစာများ၊ ဂျင်းအင်္ကျီ၊ ဂျင်းဘောင်းဘီတို့ကို လူကြီး၊ လူငယ်၊ ကျား၊ မ မရွေး ဖက်ရှင်ကျကျ ဝတ်ဆင်လာကြပါပြီ။ စတိုင်လ်ကျတဲ့ ယောကျာ်းများအတွက် Denim ဖက်ရှင်အမျိုးမျိုးကို ဒီဆောင်းပါးလေးကနေတဆင့် ဖော်ပြပေးလိုက်ရပါတယ်။
Source: Pinterest.com