ပြုံးရယ်လိုက်တိုင်းမှာ ဖြူဖွေးညီညာတဲ့သွားများ ပိုင်ဆိုင်ချင်တဲ့ ယောကျာ်းများအတွက် သိထားသင့်တဲ့အချက်များ ရှိပါတယ်။ ကော်ဖီသောက်တဲ့သူတွေဆိုရင်လည်း သွား ဝါကျဉ်ကျဉ်မဖြစ်အောင် ဘယ်လိုသောက်သုံးသင့်သလဲ။ သွားများ ဖြူဖွေးညီညာအောင် ဘယ်လိုပြုလုပ်ရမလဲဆိုတာကို ဆက်လေ့လာကြည့်လိုက်ရအောင်။

ကော်ဖီနှင့် လက်ဖက်ရည်သောက်တဲ့အခါ

Dental care tips for men

ကော်ဖီနှင့် လက်ဖက်ရည် များများသောက်သုံးခြင်းသည် သွားများကို ဝါကျဉ်စေပြီး သွားကြွေလွှာများကို ပျက်စီးစေပါတယ်။ အက်စစ်ပါဝင်တဲ့အစားအစာများသည်လည်း ထိုနည်းလည်းကောင်းပါပဲ။

ဒါ့ကြောင့် ကော်ဖီနဲ့ လက်ဖက်ရည်တွေ သောက်သုံးတဲ့အခါ အက်ဆစ်ဓာတ် လျော့နည်းသွားအောင်လို့ နွားနို့ထည့်သောက်ပေးသင့်ပါတယ်။

နာနတ်သီး စားပါ

Dental care tips for men

နာနတ်သီးထဲမှာပါဝင်တဲ့ Bromelain ဓာတ်သည် သွားကြွေလွှာများကို ထိန်းသိမ်းပေးတဲ့နေရာမှာ အကောင်းဆုံး ဒြပ်ပေါင်းတစ်ခုဖြစ်ပါတယ်။ ဒါ့အပြင် သွားဖုံးများ နာကျင် ရောင်ရမ်းခြင်းကိုလည်း သက်သာပျောက်ကင်းစေပါသေးတယ်။

သွားဖြူအောင် အတင်းအကြပ်မကြိုးစားပါနဲ့

Dental care tips for men

သွားများသည် ဖြူစွတ်စွတ်ဖြစ်နေတာ ရှားပါတယ်။ သဘာဝအတိုင်းဆိုလည်း အနည်းငယ်တော့ အဝါရောင်သမ်းပါတယ်။ မျိုးရိုးဗီဇနဲ့ သက်ဆိုင်ပါတယ်။ သွားကို အတင်းအကြပ်ဖြူအောင်လို့ သွားဖြူဆေးများ အသုံးပြုခြင်းသည် သင့်သွား ကြွေလွှာကို ပျက်စီးစေပါတယ်။ သွားတိုက်ဆေး ရွေးချယ်မယ်ဆိုရင်လည်း ဖလိုရိုက် ပါဝင်မှုများတဲ့ သွားတိုက်ဆေးများကိုသာ ရွေးချယ်လိုက်ပါ။

တံတွေးအထွက်များအောင် ပြုလုပ်ပါ

Dental care tips for men

တံတွေးများသည် ခံတွင်းထဲရှိ မကောင်းတဲ့ဘက်တီးရီးယားများကို ဖယ်ရှားပေးပြီး သွားများကို ကျန်းမာကြံ့ခိုင်စေပါတယ်။ တကယ်လို့ သင့်ခံတွင်းထဲမှာ တံတွေးမရှိတော့ဘူး ခြောက်သွေ့နေတယ်ဆိုရင်တော့ ခံတွင်းထဲတွင် pH ပမာဏ ပြောင်းလဲသွားပြီး ဘက်တီးရီးယားများသည် သွားကြွေလွှာများကို ဖျက်ဆီးဖို့ စတင်ပါတော့တယ်။

ဒါ့ကြောင့် တံတွေးအထွက်များဖို့ရန်အတွက် ရေများများသောက်ပါ။ သကြားမပါတဲ့ ပီကေများ စားသုံးပေးနိုင်ပါတယ်။

ဖျော်ရည်သောက်သုံးတဲ့အခါ ပိုက်ဖြင့် သောက်ပါ

Dental care tips for men

သင် အချိုရည်သောက်သုံးတဲ့ပုံစံသည်လည်း သင့်သွားကျန်းမာရေးအပေါ် အကျိုးသက်ရောက်မှုရှိပါတယ်။ ပိုက်မပါဘဲ ဒီအတိုင်း မော့သောက်တဲ့အခါ အချိုရည်သည် ခံတွင်းထဲမှာ အချိန်ကြာကြာရှိနေတဲ့အတွက်ကြောင့် သွားများ ဝါထိန်စေပြီး သွားကြွေလွှာများကို ပျက်စီးစေပါတယ်။ ဖျော်ရည်ထဲမှာ ပါဝင်တဲ့ သကြားဓာတ်၊ အက်ဆစ်ဓာတ်များသည် သင့်သွားကို တဖြည်းဖြည်း ဖျက်စီးနေပါတယ်။

ဒါ့ကြောင့် အချိုရည်သောက်သုံးတဲ့အခါ ပိုက်ဖြင့် သောက်ကာ ဖျော်ရည်များ ခံတွင်းထဲမှာ ကြာကြာရှိမနေအောင် ပြုလုပ်ပါ။

ည အိပ်ရာမဝင်ခင် သွားတိုက်ပါ

Dental care tips for men

တစ်နေ့လျှင် သွား ၂ ကြိမ် တိုက်ရမယ်ဆိုတာ အားလုံး သိပြီးသားဖြစ်ပါတယ်။ ဒါပေမဲ့ သင့်အနေနဲ့ တစ်ကြိမ်ပဲ သွားတိုက်ဖြစ်တယ်ဆိုရင်တော့ မနက် မိုးလင်းတဲ့အချိန်ထက်စာရင် ညအိပ်ရာ ဝင်ချိန်ကို တိုက်သင့်ပါတယ်။ သင် အိပ်ပျော်နေတဲ့အချိန်မှာ တံတွေးထွက်နှုန်းက နှေးကွေးတဲ့အတွက်ကြောင့် သွားချေးများသည် သွားများပေါ်တွင် ကပ်နေမှာပါ။ နောက်ဆုံးမှာတော့ သွားအခေါင်းပေါက် ဖြစ်စေပါလိမ့်မယ်။

မနက် သွားမတိုက်ဘဲ ညအိပ်ရာဝင်ခါနီးမှ တိုက်ရမယ်ဆိုတာ ထူးဆန်းတယ်လို့ သင် တွေးထင်နိုင်ပါတယ်။ ဒါ့ကြောင့် ထူးဆန်းတဲ့လူသားမဖြစ်ချင်ရင်တော့ မနက် တစ်ကြိမ်၊ ည တစ်ကြိမ် ပုံမှန်သွားတိုက်ပါ။ တစ်ခါတိုက်ရင် ၂ မိနစ်ခန့် တိုက်ရပါမယ်။

Source: Brightside.me

Featured Image Source: Betteryoursmile.com