သောကြာနေ့မနတ်အစောပိုင်းက ယှဉ်ပြိုင်ကစားခဲ့တဲ့ FA ဖလားပွဲစဉ်မှာ မန်ယူက ရွန်းနီဦးဆောင်တဲ့ ဒါဘီကို ဂိုးပြတ်အနိူင်ယူခဲ့ပါတယ်။

အဝေးကွင်းဖြစ်ပေမယ့် မန်ယူအသင်းအတွက် အခက်အခဲမရှိခဲ့ပဲ တိုက်စစ်မှူး အီဂါလို နဲ့ နောက်ခံကစားသမား လုခ်ရှောတို့ရဲ့ ဂိုးတွေနဲ့ အေးအေးဆေးဆေး အနိူင်ယူနိူင်ခဲ့ပါတယ်။

Source: Manchester Evening News

မန်ယူအသင်းမှာ အဓိကကစားသမားတွေဖြစ်တဲ့ မက်ဂွိုင်းရား၊ ဒီဟေးယားတို့ မပါဝင်ခဲ့ပဲ တိုက်စစ်ပိုင်းမှာလည်း အီဂါလို နဲ့ပွဲထွက်လာခဲ့ပါတယ်။ ဒါပေမဲ့ ဘရူနိုဖာနန်ဒက်စ်၊ မာတာတို့ ဦးဆောင်တဲ့ မန်ယူအသင်းဟာ ဒါဘီအသင်းကို သက်သောင့်သက်သာနဲ့ ယှဉ်ပြိုင်ကစားသွားနိူင်ခဲ့ပါတယ်။

မန်ယူ အသင်းက (၃၃)မိနစ်မှာ လုခ်ရှော၊ (၄၁)မိနစ်မှာ အီဂါလိုတို့ရဲ့ သွင်းဂိုးတွေနဲ့ ပထမပိုင်းမှာပဲ (၂) ဂိုးပြတ်ဦးဆောင်နိူင်ခဲ့ပြီး ဖိအားလျော့အောင် စွမ်းဆောင်ထားနိုင်ခဲ့ပါတယ်။ ဒုတိယပိုင်းမှာ ဒါဘီအသင်းက မန်ယူအသင်းဘက်ကို ပိုတိုက်စစ်ဆင်ကစားနိုင်ခဲ့ပေမယ့် ကစားသမားတွေတွဲလုံးမမိတာကြောင့် အရာမထင်ခဲ့ပါဘူး။ မန်ယူအသင်းအတွက် တတိယဂိုးကိုတော့ မိနစ်(၇၀)မှာ အီဂါလိုကပဲ ကန် သွင်းယူခဲ့ပါတယ်။

Source: The Independent

အသင်းဟောင်းနဲ့ ပြန်လည်ရင်ဆိုင်ရတဲ့ ပွဲမှာ ရွန်းနီဟာ ကွင်းလယ်ခံစစ်ကစားသမားအနေနဲ့ ပါဝင်ကစားပေးခဲ့ပြီး ဒါဘီအသင်းအတွက် အကောင်းဆုံး ကစားပေးခဲ့ပါတယ်။ ပစ်ဒဏ်ဘောကနေ တဆင့် တိုက်ရိုက်ကန်သွင်းခွင့် (၂) ကြိမ်ရရှိခဲ့ရာမှာ ဂိုးရလုနီးပါး ဖြစ်ခဲ့ပေမဲ့ မန်ယူဂိုးသမား ရိုမီယိုက အကောင်းဆုံး ကာကွယ်ပုတ်ထုတ်ထားနိူင်ခဲ့ပါတယ်။

ဒီပွဲမှာ မန်ယူအသင်းအတွက် အကောင်းဆုံးခြေးစွမ်းပြနိူင်ခဲ့သူကတော့ လုခ်ရှောဖြစ်ပြီး နောက်ခံကစားသမားဖြစ်ပေမဲ့လည်း တိုက်စစ်ပိုင်းအတွက် ကောင်းဆုံးပံပိုးပေးကာ အသင်းအတွက် အဖွင့်ဂိုးကိုလည်း သွင်းယူပေးနိူင်ခဲ့ပါတယ်။

Source: Evening Standard

နောက်ထပ် ချီးကျူးရမဲ့သူကတော့ ကွင်းလယ်ကစားသမား မာတာဖြစ်ပြီး တစ်ပွဲလုံးမှာ ကွင်းလယ်ကိုအကောင်းဆုံးထိန်းကျောင်းကစားသွားနိူင်ခဲ့ပါတယ်။ Man of The Match ကိုတော့ အနိူင်ဂိုး (၂) ဂိုးသွင်းယူပေးခဲ့တဲ့ မန်ယူတိုက်စစ်မူး အီဂါလို ရရှိသွားခဲ့ပါတယ်။

မန်ယူအသင်းအနေနဲ့ FA ဖလား ကွာတားဖိုင်နယ်အဆင့်ကို (၆) ရာသီဆက်တိုက် တက်ရောက်နိုင်ခဲ့တာဖြစ်ပါတယ်။