ယနေ့ခေတ်တွင် လူတွေက စိမ်းလန်းပြီး နေချင်စရာကောင်းတဲ့ နေရာတွေကို လိုချင်လာကြတယ်။ အရင်တုန်းက ယခုလူတွေ နေတဲ့နေရာတွေဟာ သစ်ပင်တွေ မြစ်ချောင်းတွေနဲ့ သာယာလှပစွာ ရှိခဲ့ကြတဲ့ နေရာတွေပါ။ လူတွေကြောင့် တိုက်တာအဆောက်အုံတွေ နဲ့ဖြစ်လာပြီး သဘာဝပတ်ဝန်းကျင်တွေ ပျက်စီးခဲ့ကြရတယ်။

ဒီဘက်ခေတ်ပြန်ရောက်လာတော့ လူတွေက သဘာဝကို ချစ်မြတ်နိုးလာကြတယ်။ မပျက်စီးအောင် ထိန်းသိမ်းလာကြတယ်။ အပင်တွေ ပြန်လည် စိုက်ပျိုးလာကြတယ်။ ဒီလိုပဲ ဒီဇိုင်နာတွေကလည်း အဆောက်အုံတွေ ဆောက်တဲ့အခါမှာ ပတ်ဝန်းကျင် ထိခိုက်မှု အနည်းဆုံးဖြစ်အောင် လုပ်ဆောင်လာကြပါတယ်။ ဒီနေ့ kwee page ကနေ သဘာဝကို ချစ်မြတ်နိုးပြီးတဲ့သူတွေ လုပ်ဆောင်ထားတဲ့ အရာတွေကို ဖော်ပြပေးသွားမှာပါ။

ဩစတေးလျ နိုင်ငံရှိ ခရစ်စ်မက် ကျွန်းမှာ ဂဏန်းတွေ အန္တရာယ်ကင်းကင်းနဲ့ လမ်းဖြတ်ကူးနိုင်အောင် တံတားတွေ တည်ဆောက်ပေးထားကြတယ်။

ပြန်လည်အသုံးပြုနိုင်တဲ့ အရာတွေကို အပြင်မှာ ထားနိုင်အောင် ပြုလုပ်ထားတဲ့ အမှိုက်ပုံးပါ။ ဒီလိုလုပ်ထားခြင်းအားဖြင့် ပုလင်းကောက်တဲ့သူတွေဟာ ပုလင်းတွေရဖို့အတွက် အမှိုက်တွင်းထဲ မွှေနှောက်ရှာဖွေစရာမလိုတော့ပါဘူး။

ခက်ရင်း လက်ကိုင်နဲ့ ပြုလုပ်ထားတဲ့ ဓားပါ။ ဓားလုပ်ဖို့ သက်သက် ပစ္စည်းတွေ ထပ်သုံးစရာမလိုတော့အောင် ပြုလုပ်ထားတာပါ။

ဒါက စင်ကာပူနိုင်ငံမှာပါ။ တောနေတိရိစ္ဆာန်တွေ အန္တရာယ်ကင်းစွာ လမ်းကူးနိုင်အောင် ပြုလုပ်ပေးထားတာပါ။

ဒီစားသောက်ဆိုင်ကတော့ အပင်ကို ခုတ်မပစ်ပဲ ဒီအတိုင်း ထားပြီး ဆိုင်ဆောက်လုပ်ခဲ့တာပါ။

ဂျပန်နိုင်ငံက လိပ်တွေအတွက် မီးရထားလမ်းကူး ပြုလုပ်ပေးထားတာပါ။

ဒါကတော့ နယ်သာလန်နိုင်ငံကပါ။ တောနေတိရိစ္ဆာန်တွေအတွက် တည်ဆောင်ပေးထားတာပါ။

လမ်းခွမှာ ရှိနေတဲ့ သစ်ပင်ကို ခုတ်ပစ်ခြင်းမရှိပဲ အဝိုင်းပတ်ပုံစံ ပြုလုပ်ထားတာပါ။

ရှဉ့်တွေအတွက် တံတားထိုးထားတာပါတဲ့။ ဝါရှင်တန် မှာပါ။

ဘီယာ ကုမ္ပဏီ တစ်ခုက ဘီယာဘူးခွံတွေ ပြန်လည် အသုံးပြုရလွယ်ကူအောင် ဒီဇိုင်းဆွဲထားခြင်းဖြစ်ပါတယ်။

အပင်ကို မခုတ်ပစ်ပဲ ခြံစည်းရိုးကို ဖောက်ထားတာပါ။

ဓာတ်ကြိုးနဲ့ မလွတ်လို့ဆိုပြီး အပင်ကို ခုတ်ပစ်လေ့မရှိပါဘူး။

ဒီအပင်က နှစ် (၉၀) သက်တမ်းရှိပြီတဲ့။ စားသောက်ဆိုင်ဆောက်တော့ ခုတ်ရမှာ နှမြောတာကြောင့် ဒီလိုမျိုး ဆောင်ခဲ့ကြတယ်။

Source: Bright Side