အလေ့အကျင့်များသည် ကျွန်တော်တို့နေ့စဉ်ဘဝရဲ့ အခြေခံအုတ်မြစ်များပဲဖြစ်ပါတယ်။ ကျွန်တော်တို့ နေ့စဉ်ပြုလုပ်တဲ့ အပြုအမူ အလေ့အကျင့်များကပဲ ကိုယ့်ရဲ့ဘဝကို ဖန်တီးပုံဖော်ပေးသွားတာပါ။

ကိုယ့်ရဲ့ရည်မှန်းချက် ပန်းတိုင်ဆီသို့ မှန်မှန်အရောက်လှမ်းနိုင်အောင် ကူညီပေးမယ့် အလေ့အကျင့်များကို ကိုယ်ကိုယ်တိုင် လေ့ကျင့်ယူနိုင်သလို ကိုယ့်ရဲ့ရည်မှန်းချက်များကို နှောင့်နှေးသွားစေတဲ့ အလေ့အကျင့်ဆိုးများကိုလည်း ကိုယ်ကိုင်တိုင်ပဲ ဖန်တီးယူနေကြတာပါ။ ဒါ့ကြောင့် ကိုယ့်ရဲ့အပြုအမူတွေသည် ကောင်းတဲ့ အလေ့အကျင့်လား ဆိုးတဲ့အလေ့အကျင့်လားဆိုတာကို သေသေချာချာ သိနားလည်ဖို့လိုအပ်ပါတယ်။

ဒါဆိုရင် ကိုယ့်ရဲ့အောင်မြင်မှုဆီ မရောက်ရှိအောင် ဖမ်းဆွဲထားတဲ့ အလေ့အကျင့်ဆိုးတွေက ဘာတွေဖြစ်မလဲ။

အခြားသူများရဲ့ သဘောတူညီချက်ကို စောင့်ဆိုင်းနေခြင်း

bad habits hold your back from success

အခြားသူတွေက ကိုယ့်ကို ဘယ်လိုထင်မြင်ယူဆသလဲ ဆိုတာကို အာရုံစိုက်နေတဲ့အခါ ကိုယ့်ကိုယ်ကိုယ် လျစ်လျူရှုမိနေတတ်ပါတယ်။ အခြားသူများရဲ့ သဘောတူညီချက်၊ ထင်မြင်ယူဆချက်များကို စောင့်ဆိုင်းနေခြင်းက သင့်ရဲ့အလုပ်ကို နှေးဖင့်စေပြီး ကိုယ့်ရဲ့ရည်မှန်းချက်ပန်းတိုင်ဆီသို့ အရောက်လှမ်းနိုင်အောင် တားဆီးနေပါတယ်။ ဒါ့ကြောင့် မိမိကိုယ်ကိုယ် ယုံကြည်ချက်ရှိပါ။ သင်သည် သင်ကိုယ်တိုင်ပဲဖြစ်ပြီး ကိုယ့်ခြေထောက်ပေါ်မှာ ရပ်တည်နိုင်အောင် ကြိုးစားရပါမယ်။

မိမိကိုယ်ကိုယ် သံသယဝင်ခြင်း

bad habits hold your back from success

ဒီအကျင့်သည် သင့်ရဲ့အိပ်မက်ကို ဖျက်ဆီးနေတဲ့ အလေ့အကျင့်တစ်ခုပါပဲ။ ကိုယ့်ကိုယ်ကိုယ် သံသယဝင်ခြင်းသည် ဆုံးဖြတ်ချက်များ မပြတ်မသားဖြစ်စေပြီး အဆိုးမြင်စိတ်များ ဝင်လာတတ်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် ဖမ်းဆွဲထားမယ်ဆိုရင် ကိုယ့်ရဲ့အိပ်မက်ဆီ အရောက်မလှမ်းနိုင်တော့ပါဘူး။ ကိုယ့်ကိုယ်ကိုယ် သံသယစိတ်များအကြား မပိတ်လှောင်ထားပါနဲ့။

အချိန်အခါကောင်းကို စောင့်ဆိုင်းခြင်း

 

bad habits hold your back from success

ဒီအရေးကြီး ကိစ္စကို ပြုလုပ်ရမယ့် အချိန်အခါကောင်းမဟုတ်သေးဘူး။ ရက်ကောင်းရက်မြတ်ရွေးချယ်လိုက်ဦးမယ် ဆိုပြီး စောင့်ဆိုင်းနေခြင်း၊ နေ့ရွေ့ ညရွေ့နှင့် ကိုယ် လုပ်ရမယ့်ကိစ္စကို အချိန်ဖြုန်းနေခြင်းသည် အရာအားလုံးကို နှောင့်နှေးစေပါတယ်။ အခွင့်အရေးဆိုသည်မှာလည်း ကိုယ်ကိုယ်တိုင် ဖန်တီးယူရတာဖြစ်ပြီး ထိုအရာကို ထိုင်စောင့်နေပါက အလကားအချိန်ကုန်တာပဲ အဖတ်တင်ပါလိမ့်မယ်။

အိပ်မက်များ ဝေဝါးနေခြင်း

bad habits hold your back from success

လူအများစုမှာ အမှန်တကယ်အကောင်အထည်ဖော်ချင်ကြတဲ့ အိပ်မက်များ ရှိကြပါတယ်။ ဒါပေမဲ့ ထိုအိပ်မက်ကို အကောင်းအထည်ဖော်ဖို့ရန်အတွက် တိကျပြတ်သားတဲ့ အစီအစဉ်များ မရှိတဲ့အခါ သင့်ရဲ့အိပ်မက်သည် အချိန်ကြာလာသည်နှင့် အမျှ ဝေဝါး ပျောက်ကွယက်သွားပါလိမ့်မယ်။

ဒါ့ကြောင့် အရင်ဦးဆုံး ကိုယ့်အိပ်မက်က ဘာလဲ သေချာစဉ်းစားပုံဖော်ပါ။ ထိုအိပ်မက်ဆီ အရောက်လှမ်းနိုင်ဖို့ ဘယ်အရာတွေ လိုအပ်မလဲ၊ ဘယ်လို Plan တွေ ချရေးရမလဲ စဉ်းစားပါ။ သင့်ရဲ့အိပ်မက်ဆီသို့ အရောက်လှမ်းနိုင်မယ့် မြေပုံတစ်ခုရှိမယ်၊ သွားရမယ့် နည်းလမ်းတွေကိုလည်း သိမယ်ဆိုရင်တော့ ထိုအိပ်မက်ဆီသို့ အချိန်တိုအတွင်းမှာ အရောက်လှမ်းနိုင်မှာမဟုတ်လား။

Source: Entrepreneur.com

Featured Image Source: Timemanagementninja.com