ပရိသတ်အများစု မသိကြသေးတဲ့ ဒစ္စနေကာတွန်းတွေရဲ့ စိတ်ဝင်စားစရာ အကြောင်းအရာတစ်ချို့ကို kwee page ကဖော်ပြပေးလိုက်ပါတယ်။
ဒစ္စနေမင်းသမီးတွေအားလုံးထဲမှာ Rapunzel တစ်ယောက်ထဲ အစိမ်းရောင် မျက်လုံးရှိတယ်
ဒစ္စနေမင်းသမီးအများစုမှာ အပြာရောင် (သို့) အဝါရောင်မျက်လုံးရှိကြတယ်။ Rapunzel တစ်ယောက်ထဲပဲ အစိမ်းရောင်မျက်လုံးတစ်စုံ ပိုင်ဆိုင်ပါတယ်။
Beauty and the Beast ထဲသ သတ္တဝါကြီးဟာ မတူညီတဲ့ တိရိစ္ဆာန် (၇) ကောင်ရဲ့အစိတ်အပိုင်းတွေနဲ့ ဖွဲ့စည်းထားတာပါ
ဒီဇိုင်းပညာရှင်တွေက သတ္တဝါကြီးရဲ့ ပုံကိုရဖို့အတွက် အချိန်အကြာကြီးပေးခဲ့ရပါတယ်။ နောက်ဆုံးမှာတော့ တိရိစ္ဆာန် (၇) ကောင်ရဲ့အစိတ်အပိုင်းတွေနဲ့ ဖွဲ့စည်းခဲ့ပါတယ်။
The Little Mermaid ကားထဲက Ariel ဇာတ်ကောင်ဟာ မင်းသမီး Alyssa Milano ရဲ့ ပုံစံကိုယူပြီး ဖန်တီးထားတာပါ
The Jungle Book ထဲက လင်းတတွေဟာ The Beatles ဆိုတဲ့ ရော့ခ်တီးဝိုင်းအခြေခံပြီး ဖန်တီးထားခြင်းဖြစ်ပါတယ်
The Lion King ထဲက Simba ရဲ့ဟိန်းသံဟာ ခြင်္သေ့ဟိန်းသံမဟုတ်ပါဘူး။
ခြင်္သေ့ဟိန်သံဟာ အနည်းငယ်တိုးတာကြောင် Simba ကို ခြင်္သေ့ဟိန်သံအစား ကျားဟိန်သံကို ထည့်သွင်းထားတာပါ။
Big Hero 6 ကားထဲမှာ Frozen ကားထဲက Hans ကိုမြင်နိုင်ပါတယ်။
Frozen ကားထဲက လူဆိုး Hans ကိုမှတ်မိကြသေးလာ။ Big Hero 6 ကိုဖန်တီးသူဟာ Hans ကိုဟာသလုပ်ချင်တာကြောင့် ရဲစခန်းထဲက “အလိုရှိသည်” ဆိုတဲ့ ဘုတ်ပြားပေါ်မှာ ဓာတ်ပုံချိတ်ထားခဲ့ပါတယ်။
Ratatouille ကားထဲမှာ Up ကားထဲက ခွေးကလေးပုံ အရိပ်လေးပါလာခဲ့ပါတယ်။
Ratatouille ကားထဲက အဓိကဇာတ်ကောင် ကြွက်လေး Remy ဟာ ခွေးတစ်ကောင်ရဲ့ အရိပ်ကိုတွေ့ပြီး ကြောက်သွားတဲ့အခန်းကို မှတ်မိကြမယ်ထင်ပါတယ်။ Ratatouille ဖန်တီးခဲ့တုန်းက Up ဇာတ်ကားကိုဖန်တီးဖို့ အစီအစဉ်ပဲ ဆွဲရပါသေးတယ်။ Up ကားထဲက ခွေးကလေး Dug ရဲ့အရိပ်ကို Ratatouille ထဲမှာပေါ်လာစေတာကတော့ ပရိသတ်တွေကို အရိပ်အမြွတ်ပြခြင်းဖြစ်ပါတယ်။
ဒစ္စနေမင်းသမီးတွေ အားလုံးထဲမှာ Tiana တစ်ယောက်ထဲပဲ တကယ့်အလုပ်ရှိတာပါ။
ဒစ္စနေမင်းသမီးတွေ အားလုံးမှာ Tiana တစ်ဦးကလွဲရင် အသက်မွေးဝမ်းကြောင်းအလုပ် မရှိကြဘူး။
ဒစ္စနေမင်းသမီးတွေထဲမှာ Mulan နဲ့ Jasmine ကပဲ ဘောင်းဘီဝတ်ပါတယ်။
ဒစ္စနေမင်းသမီးတွေ အားလုံးနီးပါးဟာ ဂါဝန်တွေ အထက်တန်းကျတဲ့ ဝတ်စုံတွေပဲ ဝတ်ဆင်ကြပါတယ်။ ဒီထဲမှာ Mulan နဲ့ Jasmine ဘောင်းဘီဝတ်ဆင်ကြပါတယ်။
Source: Bright Side