Pokemon: Detective Pikachu ရုပ်ရှင်ဇာတ်ကားကတော့ ပိုကီမွန် ချစ်သူတွေအားလုံးလက်မလွှတ်သင့်တဲ့ ဇာတ်ကားကောင်းတစ်ကားပါ။ ချစ်စရာကောင်းတဲ့ Pokemon ကာတွန်းဇာတ်ကောင်ကို ပထမဆုံးရုပ်ရှင်အဖြစ် ပြန်လည် အသက်သွင်းရိုက်ကူးထားတာဖြစ်ပါတယ်။ ဒီဇာတ်ကားကတော့ ၂၀၁၆ ခုနှစ်ကထွက်ရှိခဲ့တဲ့ Detective Pikachu ဗီဒီယိုဂိမ်းကို မှီငြမ်းပြီး အက်ရှင်ဆန်ဆန် စွန့်စားခန်းတွေများစွာနဲ့ စိတ်ဝင်စားဖွယ် ကြည့်ရှုကြရမှာ ဖြစ်ပါတယ်။

Source : Polygon

နောက်ထပ်ထူးခြားတာတစ်ခုက ဒီဇာတ်ကားလေးရဲ့ အဓိကဇာတ်ကောင်ဖြစ်တဲ့ ချစ်စရာကောင်းတဲ့ Pikachu ဇာတ်ကောင်နေရာမှာ ပရိသတ်တွေရဲ့ အသည်းကျော်ကြီး Deadpool စူပါဟီးရိုးမင်းသား Ryan Reynolds က နောက်ခံစကားပြော အသံသရုပ်ဆောင်နေရာက ပါဝင်ရိုက်ကူးထားတာဖြစ်ပါတယ်။ Deadpool ဇာတ်ကောင်မှာကတည်းက Ryan Reynolds ရဲ့ ရုပ်တည်နဲ့ ပြောင်ချော်ချော် စတိုင်တွေဟာ အရမ်းကိုဟာသမြောက်ခဲ့တာကြောင့် ပရိသတ်တွေအားလုံး သဘောကျနှစ်ခြိုက်ခဲ့ရတာပါ။ အခု Pikachu ဇာတ်ကောင်နေရာမှာလည်း ဘယ်လိုမျိုး ရယ်စရာကောင်းတဲ့ ပြောဆိုပုံလေးတွေနဲ့ Pikachu ဇာတ်ကောင်ကို အသက်သွင်းဦးမလဲဆိုတာ စိတ်ဝင်စားစရာပါပဲ။

Source : Fox News

ဇာတ်လမ်းအကျဉ်းကတော့ Pikachu ရဲ့ ရဲဖော်ရဲဘက်တွဲဖက် စုံထောက်ကြီး Harry Goodman ဆိုသူဟာ ထူးဆန်းစွာပဲပျောက်ဆုံးနေခဲ့ပါတယ်။ စုံထောက်ကြီး Harry Goodman ရဲ့ ပျောက်ဆုံးနေမှုကို ရှာဖွေဖို့ Harry ရဲ့ သားဖြစ်သူ အသက် (၂၁) နှစ်အရွယ် Tim က အသည်းအသန်ကြိုးပမ်းနေခဲ့ပါတယ်။ တစ်ရက်မှာတော့ အတိတ်မေ့နေတဲ့ Pikachu တစ်ယောက် တွဲဖက်ဟောင်း Harry ရဲ့ ဦးထုပ်ထဲက လိပ်စာအတိုင်း Tim စီကို ရောက်လာခဲ့ပါတယ်။ အဲ့အချိန်ကစပြီး Pikachu နဲ့ Tim တို့အတူပူးပေါင်းကာ ပျောက်ဆုံးနေတဲ့ စုံထောက် Harry ရဲ့ အမှုကို နည်းလမ်းမျိုးစုံနဲ့ အဖြေရှာဖို့ ကြိုးပမ်းပါတော့တယ်။

Source : hindustantimes.com

ထူးဆန်းစွာပဲ တခြားသောပိုကီမွန်တွေနဲ့ စကားပြောနိုင်တဲ့သူက Pikachu တစ်ယောက်ပဲရှိတာဖြစ်ပြီး Pikachu ရဲ့စကားကို နားလည်နိုင်တာကလည်း Tim တစ်ယောက်တည်းရှိတာပါ။ ဒါကြောင့် သူတို့အချင်းချင်းအပြန်အလှန်ကူညီကျရင်း စုံထောက် Harry ပျောက်ဆုံးနေတဲ့ အရှုပ်တော်ပုံကြီးကို သဲလွန်စတွေမျိုးစုံနဲ့ အဖြေရှာကြပါတယ်။ Harry ကို ရှာဖွေတဲ့ ခရီးစဉ်တစ်လျောက်မှာ Pikachu နဲ့ Tim တို့နှစ်ယောက် ဘယ်လိုမျိုးအခက်ခဲတွေ ရင်ဆိုင်ရမလဲ။ ထင်မှတ်မထားတဲ့ ရန်သူတွေရဲ့ အတာအဆီးတွေကို ဘယ်လိုဖြတ်ကျော်မလဲ။ Harry ကို တကယ်ပဲ ပြန်ရှာတွေ့မှာလား။ နောက်ဆုံးမှာ လူသားတွေကြောင့်ပဲ ပိုကီမွန်တွေနဲ့ လူသားတွေကြား Balance ညီညီ အတူယှဉ်တွဲနေထိုင်ခြင်းကို ထိခိုက်လာနိုင်မလား စတဲ့မေးခွန်း များစွာကို ပရိသတ်တွေကပဲ ရုပ်ရှင်ပိတ်ကားထက်မှာ ကြည့်ရှု့ခံစားရင်း အဖြေရှာကြည့်လိုက်ပါဦးနော်။

Source: Warner Bros. Pictures

ပြသပေးသွားမည့် ရုံများ

Junction City, City Mall (St.John), Nay Pyi Taw Cinema, Mingalar Dagon Centre (II), Mingalar Sanpya, Mingalar Gamone Pwint (Hledan-San Yeik Nyein), Mingalar Sein Gay Har (Hlaing Thar Yar), Mingalar North Okkalapa, Mingalar Tamwe (Bayint Naung), Mingalar Cinemas Gold Class