ဝိတ်ချဖို့အတွက် စဉ်းစားနေပေမယ့် လေ့ကျင့်ခန်းပြုလုပ်ဖို့ အချိန်မပေးနိုင်တဲ့ ယောကျာ်းများအတွက် နည်းလမ်းကောင်းလေးတစ်ခု ပြောပြချင်ပါတယ်။ ထိုနည်းလမ်းကောင်းကတော့ Detox ဖျော်ရည် နေ့စဉ်သောက်သုံးပြီး အမြန်ဝိတ်ချနည်းပဲဖြစ်ပါတယ်။

Detox ဖျော်ရည်ဆိုတာဘာလဲ။

detox smoothies for men

Photo Source: Irenamacri.com

Detox ဖျော်ရည်ဆိုတာ သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်တို့ကို ပေါင်းစပ်ကာ ဖျော်ထားတဲ့ ဖျော်ရည်တစ်မျိုးဖြစ်ပြီး ခန္ဓာကိုယ်တွင်းရှိ အဆိပ်အတောက်များကို ဖယ်ရှားပေးကာ ဝိတ်အမြန်ကျအောင် ကူညီပေးပါတယ်။

Detox ဖျော်ရည် နေ့စဉ်သောက်သုံးပေးခြင်းအားဖြင့် ဝိတ်အမြန်ကျခြင်း၊ ညဘက်တွင် နှစ်ခြိုက်စွာ အိပ်မောကျစေခြင်း၊ တစ်နေ့တာလုံး စွမ်းအင်ပြည့်ဝစေခြင်း၊ အသားအရေ စိုပြေဝင်းပစေခြင်းနှင့် အသက်ရှည်ကျန်းမာစွာ နေထိုင်နိုင်ခြင်း အစရှိတဲ့အကျိုးကျေးဇူးများကို ရရှိနိုင်ပါတယ်။

Detox ဖျော်ရည် ပြုလုပ်နည်းအမျိုးမျိုးရှိတဲ့အနက် အလွယ်ကူဆုံး ဖျော်နည်း (၃) မျိုးကို ဝေမျှပေးလိုက်ရပါတယ်။

ငှက်ပျောသီး Detox ဖျော်ရည်

detox smoothies for men

Photo Source: Cleaneatingkitchen.com

ဒီဖျော်ရည်ထဲမှာ ငှက်ပျောသီး ၁ လုံး၊ ကီဝီသီး ၁ လုံး၊ နာနတ်သီး စားပွဲတင်ဇွန်း ၄ ဇွန်းစာ၊ တရုတ်နံနံ ၂ ချောင်း၊ ဟင်းနုနွယ်ရွယ် အနည်းငယ်နှင့် ရေတို့ လိုအပ်ပါမယ်။ ပါဝင်ပစ္စည်းများအားလုံးကို သစ်သီးဖျော်စက်ထဲ ထည့်ကာ သမအောင် ဖျော်ပေးလိုက်ပါ။ ရေကိုတော့ မိမိလိုသလောက် အတိုးအလျော့ ပြုလုပ်ရပါမယ်။

ဘယ်ရီသီး ဖျော်ရည်

detox smoothies for men

Photo Source: Blissfulbasil.com

ဘယ်ရီသီးအရောအနှော (ရက်စ်ဘယ်ရီ၊ စတော်ဘယ်ရီနှင့် ဘလူးဘယ်ရီသီးများ) ပန်းကန်လုံး ၁ လုံးစာ၊ ပန်းသီး ၁ လုံး၊ ဟင်းနုနွယ် ပန်းကန်လုံး ၂ လုံးစာ၊ ရေ ၁ ခွက်တို့ လိုအပ်ပါမယ်။ ပါဝင်ပစ္စည်းများအားလုံးကို ဖျော်စက်ထဲထည့်ကာ သမအောင် မွှေဖျော်ပေးလိုက်ပါ။ ဖျော်ရည်ပျစ်ပျစ်လေး သောက်ချင်ပါက ရေအနည်းငယ်ပဲ ထည့်ပြီး အရည်ကျဲကျဲဖြင့် များများသောက်ချင်ပါက ရေများများဖြင့် ဖျော်ပါ။

ပန်းသီး၊ နာနတ်သီးဖျော်ရည်

detox smoothies for men

Photo Source: Simpleveganblog.com

နာနတ်သီး ၁ လုံး၊ ငှက်ပျောသီး ၁ လုံး၊ ပန်းသီး ၁ လုံး၊ ဟင်းနုနွယ် ပန်းကန်လုံး ၂ ခွက်နှင့် ရေတို့ကို ဖျော်စက်ထဲထည့်ကာ သမအောင် မွှေဖျော်ပေးလိုက်ပါ။ ရရှိလာတဲ့ဖျော်ရည်ကို အရသာရှိရှိ သောက်သုံးနိုင်ပါတယ်။

Source: Loseweightbyeating.com