ကိုယ်အလေးချိန်ကျဆင်းဖို့အတွက် အလွယ်အကူဆုံးနဲ့ ထိရောက်ဆုံးနည်းလမ်းတွေထဲက တစ်ခုကိုပြောပါဆိုရင် Detox Water သောက်ခြင်းပဲဖြစ်ပါတယ်။ Detox Water ဟာလတ်ဆတ်တဲ့ သဘာဝသစ်သီးတွေကို ရေနဲ့စိမ်ပြီးသောက်သုံးပေးရတာဖြစ်တဲ့အတွက် ကယ်လိုရီပါဝင်မှုအရမ်းကိုနည်းပြီး လျင်လျင်မြန်မြန်ပဲ ဝိတ်ကျစေဖို့ကူညီပေးမှာဖြစ်ပါတယ်။
ခန္ဓာကိုယ်အဆိပ်အတောက်တွေကိုလည်း ဖယ်ရှားပေးတာကြောင့် ကျန်းကျန်းမာမာနှင့် ကိုယ်အလေးချိန်ကျစေမှာပါ။ ဒီနေ့မှာတော့ လွယ်ကူရိုးရှင်းပြီး ဝမ်းဗိုက်အဆီတွေကို လျင်လျင်မြန်မြန်ကျစေမယ့် Detox Water ပြုလုပ်နည်းကိုပြောပြပေးချင်ပါတယ်။
ပါဝင်ပစ္စည်းများ
ဂရိတ်ဖရုသီး (၁) လုံး
သံပုရာသီး (၁) လုံး
သခွားသီး (၁) လုံး
သံပရိုသီး (၁) လုံး
ပူစီနံရွှက် (၅) ရွှက်
ရေ
Detox Water ပြုလုပ်နည်းအဆင့်ဆင့် – အရင်ဆုံးပါဝင်ပစ္စည်းတွေကို စင်ကြယ်အောင်ရေသေချာလေးဆေးကြောသန့်စင်ပေးရပါမယ်။ ထို့နောက် သန့်ရှင်းတဲ့ဓားကိုအသုံးပြုပြီး ဂရိတ်ဖရုသီး သံပုရာသီး သခွားသီး သံပရိုသီး တို့ကိုခပ်ပါးပါးလေးတွ လှီးဖြတ်ပေးပါ။ ထို့နောက် ရေဗူးသို့မဟုတ် ရေခရားတစ်ခုအတွင်းသို့ ပါဝင်ပစ္စည်းတွေအားလုံးရောထည့်ပြီး ရေ (၁) လီတာခန့်ထည့်ပေးပါ။ ပြီးရင်တော့ ရေခဲသေတ္တာထဲမှာအနည်းဆုံး (၅) နာရီခန့်ထားပေးရပါမယ်။ (၅) နာရီပြည့်ပြီးဆိုရင်တော့ Detox Water ကိုသောက်သုံးလို့ရပါပြီ။ ရေကုန်သွားရင် ရေပြန်ဖြည့်ပြီးသောက်လို့ရပါတယ်။ လွယ်ကူရိုးရှင်းတဲ့နည်းလမ်းလေးဖြစ်တာကြောင့် အိမ်မှာလုပ်သောက်ကြည့်လိုက်ပါနော်။