အသည်းရဲ့အဓိက တာဝန်ကတော့ ခန္ဓာကိုယ်ထဲကနေ အသုံးမလိုတဲ့ပစ္စည်း (စွန့်ပစ်ပစ္စည်းများ) တွေကိုဖယ်ရှားပေးတာပါပဲ။ ဒါ့ကြောင့်လည်း အသည်းကျန်းမာရေးကို ဂရုစိုက်ပေးဖို့က အလွန်အရေးကြီးနေတာပါ။ ပြီးတော့ အသည်းဟာ အဆီတွေကိုထိန်းညှိပေးရာမှာလည်း ကူညီပေးပြီး၊ သွေးအတွင်းက ကာဗွန်ဟိုက်ဒရိုတ်တွေကို ကောင်းကောင်းလည်ပတ်နိုင်ဖို့၊ သွေးကနေ အဆိပ်အတောက်တွေ ဖယ်ရှားဖို့ လုပ်ဆောင်ပေးပါတယ်။ ဒီနေ့တော့ အသည်းရဲ့ လုပ်ဆောင်ချက်တွေကို အကူအညီပေးနိုင်တဲ့ အစားအသောက်တွေအကြောင်း ပြောပြပေးသွားမှာပါ။
အမျှင်ဓာတ်ကြွယ်ဝသော အစားအစာများ

Source: Healing-Lifestyles-Spas
စားမယ့်အစားအစာထဲမှာ အမျှင်ဓာတ်ကြွယ်ဝတဲ့ အစားအစာတွေ ပါဝင်မယ်ဆိုရင် အသည်းကျန်းမာရေးအတွက် အထောက်အကူဖြစ်စေပါတယ်။ အမျှင်ဓာတ်ဟာ အသည်းထဲမှာတင်ကျန်နေတဲ့ သကြားပမာဏကို ဖြတ်တောက်ပေးတဲ့နေရာမှာ ကူညီပေးပါတယ်။
Green Tea

Source: Healthline
Green Tea သောက်ပေးခြင်းက ကျန်းမာရေးနဲ့ ညီညွတ်တယ်ဆိုတာ လူအများစုသိကြပါတယ်။ အထူးသဖြင့် ဝိတ်ချနေတဲ့လူတွေ သောက်ကြပါတယ်။ ပြီးတော့ Green Tea ဟာအသည်းမှာရှိတဲ့ အဆီတွေကို ဖယ်ထုတ်ပေးဖို့ အကူအညီပေးပါသေးတယ်။ Green Tea ဟာအသည်းရဲ့လုပ်ဆောင်ချက်တွေကို မြှင်တင်ပေးတာကြောင့် တစ်နေ့ကို တစ်ခွက်သောက်ပေးဖို့ အကြံပေးချင်ပါတယ်။
အချဉ်ပါသော အစားအစာများ

Source: Times of India
သဘာဝအလျှောက် အသည်းကျန်းမာရေးကို အထောက်အကူဖြစ်စေတဲ့ အသီးတွေအများကြီးရှိပါတယ်။ အချဉ်ဓာတ်ပါတဲ့ အသီးတွေမှာ ဗီတာမင် စီ နဲ့ အင်ဇိုင်းဓာတ်တွေပါဝင်တာကြောင့် အသည်းကို သန့်စင်ပေးဖို့အတွက် အကောင်းဆုံးအသီးတွေအဖြစ် သတ်မှတ်လို့ရပါတယ်။
သစ်ကြားသီး

Source: Medical News Today
သစ်ကြားသီးက အိုမီဂါ ၃ အက်ဆစ်နဲ့ အမီနိုအက်ဆစ်ဓာတ်တွေနဲ့ ပြည့်ဝနေတာပါ။ အဲဒါတွေက အသည်းကို သန့်စင်ပေးနိုင်တဲ့ Arginine အက်ဆစ်ပါဝင်ပါတယ်။ အိုမီဂါ ၃ က အသည်းကောင်းမွန်ဖို့အတွက် အဆိပ်အတောက်တွေ သန့်စင်တဲ့နေရာမှာ အကူအညီဖြစ်စေပါတယ်။
အစိမ်းရောင်ဟင်းသီးဟင်းရွက်

Source: Blog
အစိမ်းရောင်ဟင်းသီးဟင်းရွက်ကို နေ့တိုင်းပါအောင် စားသုံးပေးမယ်ဆိုရင် ကျွန်တော်တို့ရဲ့ကျန်းမာရေးအတွက် ကောင်းပါတယ်။ အစိမ်းရောင်ဟင်းသီးဟင်းရွက်တွေဟာ အသည်းက အဆိပ်အတောက်တွေကို သန့်စင်ဖို့အတွက် ကူညီပေးနိုင်ပါတယ်။
