ဆီးချိုရောဂါဖြစ်လာတဲ့အခါမှာ အစားအသောက်ဆင်ဆင်ခြင်ခြင်စားဖို့ အရေးကြီးလာပါတယ်။။ တချို့က စားသင့်တာတွေကို မစားဘဲ စားသင့်တာကို မစားသုံးဘဲ နေတတ်ကြပါတယ်။
ခန္ဓာကိုယ်ကြီး နေ့စဉ်လှုပ်ရှားသွား လာနိုင်ဖို့၊ ခန္ဓာကိုယ်ဖွံ့ဖြိုးဖို့၊ ကိုယ်ခံအားစနစ် ကောင်းမွန်ဖို့ စတာတွေအတွက် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်တွေကို ရွေးချယ်စားသုံးဖို့အတွက် အလွန်အရေးကြီးပါတယ်။
ဆီးချို သွေးချိုရောဂါရှိသူ တွေအတွက် အစားအစာရွေးချယ် တဲ့အခါ အောက်ပါအချက်တွေ က အထောက်အကူပြုနိုင်မှာပါ။
ကစီဓာတ်
Source: Mother Nature Network
ကောက်နှံတစ်ခုလုံးပါဝင်တဲ့ပေါင်မုန့်၊ ဆန်လုံးညို၊ ကန်စွန်းဥ မီးဖုတ် စတာတွေကို စားပေးပါ။ ဖြူဆွတ်အောင် ချွတ်ထားတဲ့ ပေါင်မုန့်၊ ထမင်းဖြူ၊ ဂျုံဖြူ၊ အာလူးကြော်၊ သကြားဓာတ်အ များကြီးပါတဲ့ အစားအစာ တွေကို လျှော့စားပါ။
ဟင်းသီးဟင်းရွက်
Source: The Spruce Eats
လတ်ဆတ်တဲ့ အသီးအနှံ၊ ကြက်သွန်ဖြူတွေ စားပေးပါ။ အသင့်ဖြစ်လုပ်ထားတဲ့အစားအစာ၊ စည်သွတ်ဘူးတွေနဲ့ ထည့်ထားတဲ့အစားအစာ နှင့် ဆားစိမ်ချဉ်ဖတ်တွေမစားပါနဲ့။
အသီးအနှံ
Source: The Paleo Dier
လတ်ဆတ်တဲ့ အသီးအနှံ၊ သကြားရည်မစိမ် ထားတဲ့ သဘာဝစစ်စစ် အသီးအနှံတွေကို ရွေး ချယ်စားပါ။ အချိုရည် စိမ်ထားတဲ့ အသီးအနှံ၊ စည် သွတ်ဘူးထဲထည့်ထားတဲ့ သစ်သီးတွေ၊ သစ်သီး ယို၊ ဂျယ်လီ၊ သစ်သီး ဖျော်ရည်တွေရှောင်ပါ။
ပရိုတင်း
Source: Harvard TH Chan School
ပရိုတင်းရရှိဖို့ အစေ့အဆန်၊ ပင်လယ် စာ၊ ကြက်သား၊ ဥအမျိုးမျိုးစားပေးပါ။ အသားကင်၊ အဆီပါတဲ့ အသား ၊ ဆားနယ်ကျပ်တင်ထားတဲ့ ဝက်သား ခြောက်၊ ငါးကြော်၊ ချိစ်စတာတွေကို မစားပါနဲ့။
နို့နှင့်နို့ထွက်ပစ္စည်း
Source: Medical News Today
အဆီလျှော့ထားတဲ့ ဒိန်ချဉ်၊ ချိစ်၊ နွားနို့၊ အဆီမပါတဲ့ ခရင်မ်တွေ စားလို့ရပါတယ်။ အဆီများတဲ့ နွားနို့၊ ချိစ်၊ ရေခဲမုန့်နဲ့ အချိုစာတွေရှောင်ပါ။