ဒီတပတ်မှာတော့ kwee ပရိသတ်တွေအတွက် စိတ်ဝင်စားဖွယ်ရာ အကြောင်းအရာလေးတွေကို ပြောပြပေးသွားမှာပါ။
မုန်လာဥနီမှာ အဆီဓာတ်ပါဝင်မူနှုန်း လုံးဝ မရှိပါဘူး။

Source: GreenArea.me
စားသောက်ဆိုင်တွေမှာ ခရုအကောင်ပေါင်း (၁) ဘီလီယံခန့် နှစ်စဉ် လူတွေစားသုံးနေကြတယ်။

Source: Mobile Cuisine
အသံသွားနှုန်းဟာ လေထဲမှာထက် ရေထဲမှာ (၄.၃) ဆပိုမိုမြန်ဆန်ပါတယ်။

Source: NOAA’s National Ocean Service
ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာ (၂၇) ရာခိုင်နှုန်းသော အစားအစာတွေဟာ အလာဟသ လွှင့်ပစ်နေရပါတယ်။

Source: FoodPrint
ကမ္ဘာ့ပထမဆုံးရထားရဲ့ သွားနှုန်းဟာ တစ်နာရီကို (၅) မိုင်ခန့်သာရှိခဲ့ပါတယ်။

Source: Twitter
ငှက်ပျော်သီးတစ်လုံးမှာ ရေဓာတ် (၇၅) ရာခိုင်နှုန်းခန့်ပါဝင်နေပါတယ်။

Source: Health Thoroughfare
မိုးရေထဲမှာ ဗီတာမင် B12 ပါဝင်နေပါတယ်။

Source: Patch
လူတစ်ယောက်ရဲ့အသည်းမှာ လုပ်ငန်းတာဝန် (၅၀၀) ကျော်ခန့်ရှိပါတယ်။

Source: The Healthy
လူတွေရှုသွင်းလိုက်တဲ့အောက်စီဂျင်ရဲ့ (၂၅) ရာခိုင်နှုန်းကို ဦးနှောက်က အသုံးပြုပါတယ်။

Source: AARP
သခွားသီးမှာ ရေပါဝင်မှုနှုန်း (၉၆) ရာခိုင်နှုန်းအထိ ရှိပါတယ်။

Source: Pinterest
မြင်းတွေမှာ လူတွေထက် အရိုး (၁၈) ချောင်းပိုရှိတယ်။

Source: Horsy Planet
လင်းနို့တွေဟာ နို့တိုက်သတ္တဝါတွေထဲမှာ ပျံသန်းနိုင်တဲ့ တစ်မျိုးတည်းသော မျိုးစိတ်ဖြစ်ပါတယ်။

Source: Discover Animals
ခရုတစ်ကောင်ဟာ (၃) နှစ်ကြာအိပ်စက်နိုင်ပါတယ်။

Source: Daily Treasure
