ဒီတပက်မှာလည်း kwee ပရိသတ်တွေအတွက် စိတ်ဝင်စားဖွယ်ရာ အကြောင်းအရာလေးတွေကို ပြောပြပေးသွားမှာပါ။
တံတွေး နှင့် အစားအသောက်တွေ ရောနှောသွားခြင်းမရှိခဲ့ဘူးဆိုရင် ကျနော်တို့ဟာ အရသာကို ခံစားရမှာမဟုတ်ပါဘူး။
Source: Practo
ပုံမှန်လူတစ်ယောက်ဟာ (၇) မိနစ်အတွင်း အိပ်မောကြသွားလေ့ရှိပါတယ်။
Source: Steemit
ဝက်ဝံတွေမှာ သွား (၄၇) ချောင်းရှိပါတယ်။
Source: GreenArea
ငှက်ကုလားအုတ်တွေရဲ့မျက်လုံးဟာ သူတို့ရဲ့ဦးနှောက်တွေထက်ကြီးကြတယ်။
Source: Pinterest
သံပယိုသီးတွေမှာ စတော်ဘယ်ရီသီးတွေထက် သကြားပါဝင်မူနှုန်းပိုများကြတယ်။
Source: Steemit
ကမ္ဘာ့လူဦးရေရဲ့ (၈) ရာခိုင်နှုန်းသောလူတွေမှာ နံရိုးတစ်ချောင်းအပိုပါကြတယ်။
Source: Incredipedia
အပင်တွေအားလုံးရဲ့ (၈၅) ရာခိုင်နှုန်းခန့်ဟာ သမုဒ္ဒရာ အောက်မှာရှိကြပါတယ်။
Source: Medium
ယုန်တွေက နွယ်ချိုပင်ကို ကြိုက်ကြတယ်။
Source: ListingDock
ဟာဝိုင်အီ လူမျိုးတွေမှာ အက္ခရာစဉ် (၁၃) လုံးပဲရှိပါတယ်။
Source: YouTube
Topolino ဆိုတဲ့နာမည်ဟာ Mickey Mouse ကိုအီတလီနိူင်ငံသားတွေပေးထားတဲ့နာမည်ပါ။
Source: Muscara
ကျောက်ပုစွန်ရဲ့သွေးဟာ အရောင်မရှိပါဘူး။ ဒါပေမယ့် အပြင်အောက်စီဂျင်လေနဲ့ ထိတွေ့လိုက်ရင်တော့ အပြာရောင်ပြောင်းသွားကြပါတယ်။
Source: Steemit
အကြေးခွံအလွှာကိုးခုပါတဲ့ သင်းခွေချပ်တွေဟာ သားတစ်ခါပေါက်ရင် (၄) ကောင်တစ်ပြိုင်တည်း သားပေါက်လေ့ရှိပါတယ်။ ပြီးတော့ (၄) ကောင်လုံးဟာ အထီးဖြစ်ရင်ဖြစ် မဟုတ်ရင် အမချည်းပဲသားပေါက် လေ့ရှိပါတယ်။ အထီးအမ ရောပြီး သားပေါက်လေ့မရှိပါဘူး။
Source: Depositphotos
မှတ်တမ်းတင်ထားသမျှ ကြက်တစ်ကောင်ရဲ့အကြာဆုံးပျံသန်းချိန်ဟာ (၁၃) စက္ကန့်ရှိပါတယ်။
Source: YouTube1
အင်္ဂလိပ်စာလုံးတွေမှာ အသုံးအများဆုံး အက္ခရာဟာ E အက္ခရာဖြစ်ပါတယ်။
Source: Steemit
ကမ္ဘာပေါ်မှာ အသုံးအများဆုံး ဘာသာစကား (၃) ခုဟာ တရုတ် (Mandarin Chinese) ၊ စပိန် နှင့် အင်္ဂလိပ်ဘာသာစကား တို့ပဲဖြစ်ပါတယ်။
Source: YouTube