ဒီတပတ်မှာလည်း kwee ပရိသတ်တွေအတွက် စိတ်ဝင်စားဖွယ်ရာ အကြောင်းအရာလေးတွေကို ပြောပြပေးသွားမှာပါ။
(၁) ကနေ (၁၀၀) ဂဏန်းအားလုံးပေါင်းလိုက်ရင် (၅၀၅၀) ရပါတယ်

Source: SlideShare
ကမ္ဘာပေါ်ကို (၁) မိနစ် တိုင်း မိုးကြိုး အကြိမ် (၆၀၀၀) ခန့် ပစ်လေ့ရှိပါတယ်

Source: ScienceAlert
မီးဟာ အပေါ်ကနေအောက်ကိုလောင်သွားတာထက် အောက်ကနေအပေါ်ကို လောင်သွားခြင်းက ပိုမြန်ဆန်လေ့ရှိတယ်

Source: Pinterest
ကြောင်တွေမှာ မတူညီတဲ့ သံစဉ် (၁၀၀) ကျော်ရှိကြတယ်

Source: YouTube
ကုလားအုတ် နို့ကို အချဉ်ဖောက်လို့ မရပါဘူး

Source: Euronews
ဆင်တွေဟာ တစ်ရက်အိပ်ချိန်ဟာ (၄) နာရီမှ (၅) နာရီအကြားမှာ ရှိပါတယ်

Source: Upali.ch
နွားတွေကို လှေကားထစ် အပေါ်တတ်ခိုင်းလို့ရနိုင်ပါတယ်။ ဒါပေမယ့် လှေကားထစ် အောက်ကို ဆင်းခိုင်းဖို့တော့ မဖြစ်နိုင်ပါဘူး

Source: Swissinfo
ဖားတွေက သူတို့ရဲ့အစာကို မျက်လုံးဖွင့်လျက် မျိုမချတတ်ကြဘူး

Source: NPR
ဆင်တွေဟာ မခုန်နိုင်တဲ့ တစ်မျိုးတည်းသော နို့တိုက်သတ္တဝါဖြစ်ပါတယ်

Source: The Times
လူတွေရဲ့ အရိုး (၄) ပုံ (၁) ပုံဟာ ခြေထောက်မှာ ရှိကြတယ်

Source: Harvard-Health
လူတွေရဲ့လျှာဟာ တစ်ကိုယ်လုံးမှာ အနာကျက်တာ အမြန်ဆုံးနေရာဖြစ်ပါတယ်

Source: Healthline
ဖားတွေက ရေကိုအမြဲတမ်း မျိုချလေ့မရှိကြဘူး (သူတိုဟာ လိုအပ်တဲ့ရေကို ခန္ဓာကိုယ် အရေခွံကနေ စုပ်ယူကြတယ်)

Source: GreenArea.me
ငှက်ပိတုန်းတွေဟာ နောက်ပြန် ပျံနိုင်တဲ့ တစ်မျိုးတည်းသော ငှက်တွေဖြစ်ပါတယ်

Source: WorldAtlas
