ဒီတစ်ပတ်မှာတော့ kwee ပရိသတ်တွေအတွက် စိတ်ဝင်စားဖွယ်ရာ အကြောင်းအရာလေးတွေကို ပြောပြပေးသွားမှာပါ။

ဟင်းသီးဟင်းရွတ်တွေထဲမှာ ပဲသီးဟာ သက်တမ်းအရင့်ဆုံးဖြစ်ပါတယ်။

Source: Twitter

စနေနေ့မှာဖြစ်တဲ့ ကားမတော်တဆမှုတွေဟာ လူသေဆုံးမှု အများဆုံးဖြစ်ပါတယ်။

Source: ConsumerAffairs

ကြက်မတစ်ကောင်ဟာ တစ်နှစ်ကို ပျမ်းမျှ (၂၂၈) ဥခန့် ဥချလေ့ရှိပါတယ်။

Source: Nancy’s Nook

ဝက်သစ်ချပင်မျိုးစိတ်တော်တော်များများဟာ အပင်သက်တမ်း (၂၀-၃၀) နှစ် မပြည့်ခင်အထိ အသီးမသီးပါ။

Source: Pinterest

လူတွေရဲ့ပေါင်ရိုးဟာ ကွန်ကရစ်တွေထက် ပိုမိုမာကြောပါတယ်။

Source: Medical News Today

ဓာတ်မတည့်တဲ့ရောဂါသည်တော်တော်များများဟာ စားစရာတွေထဲမှာ အခြားအစားအစာတွေထက် နွားနို့နဲ့ ဓာတ်မတည့်ကြတာများတယ်။

Source: British-Journal-of-Family-Medicine

ကမ္ဘာပေါ်မှာ မြွေကိုက်တာထက် ပျားတုတ်လို့ သေတဲ့လူပိုများပါတယ်။

Source: The New York Times

ပုံမှန်လူတစ်ယောက်ရဲ့ ဦးခေါင်းမှာ အရိုး (၂၂) ချောင်းရှိတယ်။

Source: Lumen Learning

လူတစ်ယောက်ရဲ့ပါးစပ်ဟာ တစ်နေ့ကို တံတွေး (၁) လီတာခန့် ထုတ်ပါတယ်။

Source: The Conversation

လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်မှာ ရေဓာတ် (၁) ရာခိုင်နှုန်းဆုံးရှုံးပြီဆိုရင် ရေဆာလာပါတယ်။

Source: CNN

ယင်ကောင်တစ်ကောင်ရဲ့ သတ်တမ်းဟာ (၁၀-၂၅) ရက်အထိပဲ ရှိပါတယ်။

Source: Twitter

နယူးဇီလန်နိုင်ငံမှာ သိုးအကောင်ပေါင်း သန်း (၇၀) ကျော်ရှိပါတယ်။

Source: Stuff.co.nz

အာဖရိကဆင်တွေမှာ သွား (၄) ချောင်းပဲရှိပါတယ်။

Source: GreenArea.me

ကမ္ဘာ့အရှားပါးဆုံး စိန်ဟာ အစိမ်းရောင်စိန်ဖြစ်ပါတယ်။

Source: Gems-Story

အမျိုးသားတွေဟာ အမျိုးသမီးတွေထက် မိုးကြိုးအပစ်ခံရနိုင်ချေ (၇) ဆပိုမို အခွင့်အရေးရှိပါတယ်။

Source: Washington Post