သင်ဒါတွေသိပြီးပြီလား?

၁။ လေ့လာမှုတွေအရ ခန္ဓာကိုယ်ပေါ်မှာ အမွေးအမျှင်တွေ များတာဟာ ဉာဏ်ရည်မြင့်တာနဲ့ ဆက်စပ်နေတယ်လို့ ဆိုထားပါတယ်။

Source: RebelCircus

၂။ (Paranormal activity movie) လျှို့ဝှက်ဆန်းကြယ်တဲ့အရာတွေအကြောင်း ရိုက်ကူးထားတဲ့ ရုပ်ရှင်တွေဟာ ဒေါ်လာ (၁) သောင်းခွဲအောက်သာ ကုန်အကျပြီး ဒေါ်လာသန်း (၁၉၀) ကျော် ပြန်ရလေ့ရှိပါတယ်။

Source: The Mind Reels

၃။ ဆိုရှယ်မီဒီယာတွေပေါ်ကနေ မိမိရဲ့ ex ကိုဖယ်ရှားလိုက်တာက အသည်းကွဲတာကို သက်သာစေဖို့ ပထမဆုံးခြေလှမ်းပဲဖြစ်ပါတယ်။

Source: wikihow

၄။ လေ့လာမှုတွေအရ မကောင်းတဲ့ သူတွေဟာ ဆိုရှယ်မီဒီယာပေါ်မှာ ပိုမိုအချိန်ဖြုန်းလေ့ရှိပြီး သူတို့ထက် ပိုဆိုးတဲ့သူတွေ ရှာဖွေနေကြပါတယ်။

Source: MakeUseOf

၅။ သိပ္ပံပညာရှင်တွေရဲ့အဆိုအရ ယနေ့ခေတ်ကျောင်းသားတွေဟာ အိမ်စာတွေအတွက် အချိန်ပိုမို ပေးနေကြရပါတယ်။

Source: The Straits Times

၆။ အမျိုးသမီးတွေဟာ အမျိုးသားတွေထက် တစ်ခြားသူတွေရဲ့ စိတ်ခံစားမှုကို သိနိုင်ချေ ၁၀ ဆပိုမိုများပြားပါတယ်။

Source: HelpGuide

၇။ အင်္ဂါနေ့ဟာ ကလေးမွေးဖွားမှု အများဆုံးနေ့ ပဲဖြစ်ပါတယ်။

Source: Romper

၈။ ၆၀-၆၇ ဖာရင်ဟိုက်ဟာ ညဘက်ကောင်းကောင်းအိပ်ဖို့အတွက် အကောင်းဆုံး အခန်းအပူချိန်ပဲဖြစ်ပါတယ်။

Source: Old Farmer’s Almanac

၉။ ဂျပန်နိုင်ငံ တိုကျိုမြို့ဟာ ကမ္ဘာ့အလုံခြုံဆုံး မြို့လို့ပြောရင်မမှားပါဘူး။ (၆) နှစ်အရွယ်ကလေးတွေဟာ သူတို့ဖာသာ ဘက်စ်ကားတွေ စီးပြီး သွားလာနိုင်တဲ့အထိ လုံခြုံမှုရှိပါတယ်။

Source: Pinterest

၁၀။ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာတုန်းက Computer ဆိုတဲ့စကားလုံးဟာ သင်္ချာ ပုစ္ဆာတွေ ဖြေရှင်းပေးရတဲ့သူတွေရဲ့ အလုပ်နာမည်ကို ခေါ်ဆိုခြင်းဖြစ်ပါတယ်။

Source: Digital Trends

၁၁။ ကမ္ဘာ့အမြန်ဆုံးပြေးနိုင်တဲ့ သတ္တဝါဟာ ကျားသစ်ဖြစ်ပြီး တစ်နာရီကို (၁၁၃) ကီလိုမီတာခန့် ပြေးနိုင်ပါတယ်။ ရန်ကုန် – မန္တလေးဟာ ကီလိုမီတာ ၅၆၀ ကျော်ပဲရှိပါတယ်။ ဒါဟာ ကျားသစ်က ရန်ကုန် – မန္တလေး ကို ၅ နာရီလောက်နဲ့ အရောက်ပြေးနိုင်တယ်လို့ ဆိုလိုခြင်းဖြစ်ပါတယ်။

Source: Earth and World 2020