ဒီတစ်ပတ်မှာတော့ kwee page ကနေ ပရိသတ်တွေအတွက် စိတ်ဝင်စားဖွယ်ရာ အကြောင်းတွေကို တင်ဆက်ပေးလိုက်ပါတယ်။
နှစ်စဉ် ပျမ်းမျှ လူဦးရေ (၁၀၀) ခန့် ဘောပင်အချွန်ကြောင့် သေဆုံးနေရပါတယ်။

Source: The World According To Al Vimh
Siri ဟာသင်ပြောသမျှ စကားတွေကို ခွဲခြမ်းစိတ်ဖြာပြီး iPhone မှာသိမ်းဆည်းထားလေ့ရှိပါတယ်။ ဒီအချက်အလက်တွေအားလုံးကို Apple ဆီပေးပို့ပြီး ဒါတွေကို Apple က ပြန်လည်မျှဝေခွင့်ရှိပါတယ်။

Source: Computerworld
အလုပ်ထွက်တဲ့ လူဦးရေရဲ့ (၇၅) ရာခိုင်နှုန်းဟာ အလုပ်ကိုမကြိုက်လို့ထွက်တာ မဟုတ်ပါဘူး။ အများစုက သူတို့ရဲ့ အလုပ်ရှင်ကို သဘောမကျတာကြောင့် အလုပ်ထွက်ခြင်းဖြစ်ပါတယ်။

Source: Legacy Business Cultures
တိုက်တန်းနစ် (Titanic) ဇာတ်ကားထဲက မင်းသမီးချော Kate Winslet ရဲ့ ကိုယ်ဗလာကျင်း ခဲသားပုံကြမ်းဟာ ဒါရိုက်တာဖြစ်သူ James Cameron ကိုယ်တိုင် ရေးဆွဲခဲ့ခြင်း ဖြစ်ပါတယ်။

Source: Amazon
Dindim လို့ အမည်ရတဲ့ ပင်ဂွင်းတစ်ကောင်ဟာ နှစ်တိုင်း ကီလိုမီတာ (၈၀၀၀) ကူးခက်ပြီး အသက် (၇၁) နှစ်အရွယ်လူကြီးတစ်ယောက်ဆီကို လာရောက်တွေ့ဆုံလေ့ရှိပါတယ်။ အဲ့ဒီလူကြီးဟာ (၂၀၁၁) ခုနှစ်တုန်းက Dindim ကို အသက်ဘေးကနေ ကယ်တင်ပေးခဲ့တယ်လို့ သိရပါတယ်။

Source: CNN.com
ပုံပါလေယာဉ်ဟာ အရေးပေါ်အခြေအနေမှာ သူ့ရဲ့ကိုယ်ထည်တစ်ခုလုံးကို ဖြုတ်ထုတ်ပြီး ပါဝင်တဲ့လေထီးတွေကို အသုံးချပြီး ခရီးသည်တွေကို မြေပြင်ပေါ် ဘေးကင်းစွာ ဆင်းသက်နိုင်စေတဲ့ တည်ဆောက်မှုပုံစံပါ။

Source :Daily Mail
Lenovo ရဲ့ CEO ဖြစ်သူ Yang Yuanqing ဟာ သူပိုင်ဆိုင်တဲ့ငွေတွေထဲက ဒေါ်လာ (၃) သန်းကို ဝန်ထမ်းတစ်သောင်းခန့်ကို ဆုကြေးအဖြစ်ပေးအပ်ခဲ့ပါတယ်။ ဒါဟာ ဝန်ထမ်းတွေက လုပ်ဆောင်ပေးခဲ့တာတွေအတွက် မှန်ကန်ပြီး လက်ဆုပ်လက်ကိုင်ပြနိုင်တဲ့ အပြုအမူတစ်ရပ်လို့ သူက ယူဆပါတယ်။

Source :Alchetron
ဂျေရုဆလမ်မြို့ဟာ နှစ်ကြိမ် ဖျက်ဆီးခြင်းခံခဲ့ရပါတယ်။ (၂၃) ကြိမ် စစ်တပ်အဝိုင်းခံခဲ့ရတယ်။ (၅၂) ကြိမ် တိုက်ခိုက်ခံခဲ့ရတယ်။ (၄၄) ကြိမ် အသိမ်းခံခဲ့ရပြီး ပြန်လည်သိမ်းယူခဲ့တယ်။ သူဟာ ကမ္ဘာပေါ်မှာ ရှေးအကျဆုံး မြို့တစ်မြို့ဖြစ်ပါတယ်။

Source :Tourist Israel
ခြင်္သေ့တွေဟာ ခြင်္သေ့ငယ်လေးက ကိုက်တဲ့အခါ နာချင်ဟန်ဆောင်ပြီး ခြင်္သေ့ငယ်လေးတွေကို အားတက်အောင်ပြုလုပ်တတ်ကြပါတယ်။

Source :Reddit
Lamborghini Gallardo အမျိုးအစားကားတစ်စီးဟာ (၂.၈) စက္ကန့်အတွင်းမှာ တစ်နာရီ (၄၅) မိုင် ပြေးနိုင်ပါတယ်။ အာဖရိကတောလိုက် ကျားသစ်တစ်ကောင်ဟာ ဒီနှုန်းကို (၂) စက္ကန့်အတွင်းနဲ့ ပြေးနိုင်ပါတယ်။

Source: Goodheart’s Extreme Science
