ကွီးတို့ အားကစားလုပ်တဲ့နေ့ရောက်ရင် သောက်ချင်တဲ့ ဖျော်ရည်က ဘီယာ အေးအေး တစ်ခွက်လို့ ထင်ပါတယ်။ အရက်ဟာ ကျန်မာရေးနဲ့ ညီညွတ်တဲ့ သောက်စရာ မဟုတ်သလို ကိုယ်အလေးချိန်လျှော့ချ ဖို့အတွက်လည်း အကျိုးမပြုပါဘူး။ ဘီယာကို ပရိုတင်း၊ အမျှင်ဓါတ်များသော အစားအစာနဲ့ သောက်ခြင်းဟာ ကွီးတို့ရဲ့ အစားသောက်အစီအစဉ်ကို ထိခိုက်မှာ မဟုတ်ပါဘူး။ အပျော့စား ဘီယာကို ပြောင်းသောက်ခြင်းဟာ ကယ်လိုရီစားသုံးမှုကို လျှော့ကျစေတဲ့ နည်းလမ်း ကောင်းတစ်ခုဖြစ်ပါတယ်။ အောက်မှာ ကွီးတို့ Diet လုပ်နေတာကို မထိခိုက်စေဘဲ ဘီယာ ဘယ်လို သောက်ကြမလဲ ဆိုတာ ပြောပြထားပါတယ်။
(၁) အစာအိမ်ထဲမှာ အစာမရှိဘဲ မသောက်ပါနဲ့

Photo : Life hack
ကွီးတို့ Diet ကို မထိခိုက်စေဘဲ ဘီယာ သောက်ချင်တယ်ဆိုရင် အစာမရှိဘဲ မသောက်မိဖို့ သတိမူရပါမယ်။ အစာအိမ်ထဲမှာ အစာမရှိဘဲ ကွီးတို့အနေနဲ့ ကိုယ်ကြိုက်တဲ့ ဘီယာကို များများသောက်ခြင်းဟာ မလုပ်သင့်တဲ့ ကိစ္စတစ်ခုဖြစ်ပါတယ်။ အစာမရှိတဲ့ အစာအိမ်ဟာ အရက်ကြောင့် အန္တရာယ် ဖြစ်နိုင်ပါတယ်။ သွေးတွင်းသကြားဓါတ်ကို တိုးစေပါတယ်။ အစာအိမ် လေဖောင်းပြီး မအီမသာ ဖြစ်စေပါတယ်။ ပြောင်းမှုန့်နဲ့လုပ်ထားပြီး ဒိန်ချဉ်လောင်းထားတဲ့ အစာမျိုးတွေကို တစ်နေ့လုံး ဘီယာနဲ့ အကြိုက်တွေ့နေရင်လည်း ကျန်းမာရေးအတွက် မကောင်းပါဘူး။
(၂) အမြည်းစားပြီး သောက်ပါ

Photo : Unplash
အစာအိမ်လေပွတာ၊ မအီမသာ မဖြစ်အောင် တစ်ကြိမ်တည်း များများစားတာကို ရှောင်ရပါမယ်။ ပရိုတင်းအသားဓါတ်များတဲ့ အစာတွေဟာ ကွီးတို့ကို စိတ်ကျေနပ်မှုရစေပြီး အားကစားလုပ်စဉ်မှာ အင်အားကို ဖြစ်စေပါတယ်။ မြည်းစရာတစ်ခုခုနဲ့ ဘီယာသောက်တဲ့အခါ အနည်းဆုံး ရေတစ်ခွက် သောက်ပါ။ ဒါက ကွီးတို့ ရေငတ်သလို ခံစားတာမျိုး မဖြစ်တဲ့အပြင် အရက်ကြောင့် ရေဓါတ်လျှော့နည်းခြင်းကို ပြန်လည်ဖြည့်ပေးပါတယ်။ နောက်တစ်နေ့ အရက်နာကျတာမျိုးမဖြစ်ဘဲ နိုးထလာမှာ သေချာပါတယ်။ ကျန်းမာရေးအတွက် ကောင်းပါတယ်။
(၃) ဖြည်းဖြည်းချင်းသောက်ပါ

Photo : Elite Daily
အားကစားလုပ်တဲ့နေ့မှာ အစားကိုလျှော့ပြီး ဘီယာကို ပိုသောက်တာမျိုးမလုပ်ဘဲ အစားနဲ့ဘီယာကို မျှတအောင်သောက်ဖို့လိုပါတယ်။ ရက် သတ္တပတ်မှာ တစ်ရက်ဘီယာတစ်လုံး သောက်တာနဲ့ တစ်ရက်တည်း ဘီယာ (၇) လုံးသောက်တာဟာ ကျန်းမာရေးအပေါ် သက်ရောက်မှု မတူပါဘူး။ အားကစားလုပ်တဲ့နေ့မှာ တစ်နေ့တာလုံး ဘီယာ(၂) ခွက်မှ (၃) ခွက်ထိဘဲ သောက်သင့်ပါတယ်။ ဘီယာများများ သောက်လေလေ သွေးတွင်းသကြားဓါတ်ပမာဏကို အနှောင့်အယှက်ဖြစ်လေ ဖြစ်ပါတယ်။ ပင်ပန်းနွမ်းနယ်မှုကနေ နောက်ပိုင်းမှာ အဆီများတဲ့ အစာနဲ့ အချိုဓါတ်အစာတွေကို ပိုတောင်းတတာမျိုး ဖြစ်လာနိုင်ပါတယ်။
(၄) သင့်တော်မဲ့ ဘီယာကို ရွေးချယ်ပါ

Photo : Crafty Bartending
ကွီးတို့ Diet လုပ်နေတာကို မထိခိုက်စေဘဲ ဘီယာ သောက်မယ်ဆိုရင် ကယ်လိုရီနည်းတဲ့ ဘီယာကို ရွေးချယ်ဖို့လိုပါတယ်။ ဈေးကွက်မှာ ဘီယာမျိုးစုံ ရှိပါတယ်။ ဒါပေမဲ့ ကျန်းမာရေးအတွက် ဘာအကောင်းဆုံးဆိုတာ ပြောရခက်ပါတယ်။ အပျော့စားဘီယာတွေဟာ စွမ်းအင်ကယ်လိုရီနည်းပြီး အရသာပေါ့လို့ ကွီးတို့ မထိန်းနိုင်ဘဲ များများသောက်မိတတ်ပါတယ်။ အကောင်းဆုံး အကြံပေးရရင် ကွီးတို့နှစ်သက်တဲ့ ဘီယာအမျိုးအစားကို အသင့်အတင့်ပမာဏဘဲ သောက်သင့်ပါတယ်။ ကယ်လိုရီ အနည်းအများထက် မျှတတဲ့ပမာဏကို သောက်ခြင်းဟာ ကျန်းမာရေးကို ကောင်းစေပါတယ်။
ကဲ ကွီးတို့ရေ ဘီယာသောက်ခြင်းနဲ့ပတ်သက်ပြီး Diet လုပ်နေတာကို မထိခိုက်စေဘဲ ဘီယာ ဘယ်လိုသောက်ရမလဲဆိုတာ ကောင်းကောင်းသိပြီးဖြစ်လို့ ကျန်းမာရေးနဲ့ ညီအောင် သောက်ကြပါလို့ အကြံပြုလိုက်ပါတယ်။
Source : Cooking Light
Featured Photo : Only Craft Beer
