အရွယ်လေး နည်းနည်း ရလာရင် Double Chin လို့ ခေါ်ကြတဲ့ မေးနှစ်ထပ်ပုံစံတွေ ဖြစ်လာတတ်ပါတယ်။ Double Chin ဖြစ်ရတဲ့ အကြောင်း ၃ ခု ရှိပါတယ်။ အသက်အရွယ် ၊ မျိုးရိုးဗီဇ ၊ ကိုယ်အလေးချိန် ဖြစ်ပါတယ်။ မေးနှစ်ထပ်ဖြစ်တာကို အစားအသောက်နဲ့ လေ့ကျင့်ခန်းပုံမှန်လုပ်ပြီး သက်သာအောင် လုပ်ပေးလို့ ရပါတယ်။

(၁) စား‌ပေးသင့်တာတွေ

Photo: Freepik

Double Chin ဖြစ်တာ သက်သာစေဖို့ ရေများများသောက်ပါ။ မုန်လာဥနီ ၊ သခွားမွှေး နဲ့ ငရုတ်ပွကြီးတွေ လိုမျိုး အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်တွေ စားပေးသင့်ပါတယ်။ နေ့တိုင်း Green Tea သောက်ပေးသင့်ပြီး ဟင်းချက်ရာမှာ အုန်းဆီ Coconut Oil ကို သုံးဖို့ အကြံပေးချင်ပါတယ်။ မနက်ခင်းတိုင်း အစာအိမ်ဗလာကျင်းနေတဲ့အချိန် သံပုရာရည်တစ်ခွက်သောက်ပေးရင်လည်း ကောင်းပါတယ်။

ရှားစောင်းလက်ပတ်ဖျော်ရည်ကိုလည်း တစ်နေ့တစ်ကြိမ် သောက်ပေးနိုင်ပါတယ်။ ဒါမှမဟုတ် နှမ်းကျက်စေ့မှုန့် စားပွဲတင်ဇွန်း တစ်ဇွန်းကို ရေနွေးနွေး တစ်ဖန်ခွက်နဲ့ ရောပြီး နေ့စဉ် တစ်နေ့ တစ်ကြိမ် သောက်လို့လည်း ရပါတယ်။

(၂) ရှောင်သင့်တဲ့ အစားအစာတွေ

Photo: Unsplash

ထုတ်ပိုးထားတဲ့ အစားအစာ (Packaged Foods) တွေ ၊ ရေခဲရိုက် အစားအစာတွေ ၊ အချိုရည်နဲ့ ပြုပြင်ထားတဲ့ သကြားပါတဲ့ အစားအစာတွေက ရှောင်ရှားရမယ့် အစားအစာတွေပါ။ အစားအသောက်နဲ့ လေ့ကျင့်ခန်းတွေက မေးနှစ်ထပ် ဖြစ်တာကို လျော့ကျစေတယ်ဆိုပေမယ့် ဗီဇလိုက်တာ ဆိုရင်တော့ တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်နဲ့ တွေ့ပြီး ကုသမှု ခံယူရမှာ ဖြစ်ပါတယ်။