ဖက်ရှင်ကျကျဝတ်စားထားတဲ့ အမျိုးသားတစ်ယောက်က မိန်းကလေးတွေကို အသက်ရှုမှားလောက်အောင် ဆွဲဆောင်နိုင်ပါတယ်။ တကယ်လို့ သင့်က ကောင်မလေးတွေကြည်တဲ့ ဆော်ကြည်ဘဲဖြစ်ချင်တယ်ဆိုရင်တော့ စမတ်ကျကျဝတ်စားတတ်ဖို့ပဲလိုပါတယ်။ စမတ်ကျကျဝတ်စားထားတယ်ဆိုတာကလည်း ဈေးကြီးတဲ့ အဝတ်အစားတွေကို ဝတ်ဆင်ရမယ်လို့ ဆိုလိုတာမဟုတ်ပါဘူး။

ကိုယ့်မှာရှိတဲ့ အဝတ်အစားတွေကို သပ်သပ်ရပ်ရပ်ဝတ်ဆင်တတ်ဖို့ပဲလိုတာပါ။ ဒါဆိုရင် ပျိုမေလေးတွေ တဖြုတ်ဖြုတ်ကြွေသွားအောင် ဘယ်လိုဖက်ရှင်မျိုး ဝတ်ဆင်သင့်သလဲ…

အကွက်ရှပ်အင်္ကျီနဲ့ ဂျင်းဘောင်းဘီဖက်ရှင်

Photo Source: Galknows.com

ရှပ်အင်္ကျီအကွက်တွေကတော့ ဘယ်အခါမှာ မရိုးသွားတဲ့ ဖက်ရှင်တစ်မျိုးပါ။ ဒါ့အပြင် ဂျင်းဘောင်းဘီတွေဆိုတာကလည်း အကြမ်းခံပြီး ဘယ်အင်္ကျီနဲ့မဆို လိုက်ဖက်လှပါတယ်။

Denim ဂျက်ကတ်ဖက်ရှင်

Photo Source: Galknows.com

တီရှပ်အင်္ကျီအဖြူရောင်ပေါ်မှာ Denimin ဂျက်ကတ်ထပ်ဝတ်ထားပြီး ဘောင်းဘီအရောင်ရင့်ရင့်လေးဝတ်ထားပါ။ ဖိနပ်ကိုတော့ ခြေမျက်စိဖုံးတဲ့ ဘွတ်ဖိနပ်လေးတွေဝတ်ဆင်လိုက်ပြီး ဘောင်းဘီကို အောက်အနားစ ခေါက်ထားလိုက်ပါ။ ဒါဆိုရင်တော့ ပြည့်စုံတဲ့ ဖက်ရှင်ပုံစံလေးရရှိသွားပါပြီ။

ဒီ့ထက် စမတ်ကျချင်တယ်ဆိုရင်တော့ အောက်က တီရှပ်အင်္ကျီကို ဘောင်းဘီထဲထည့်ဝတ်ပြီး ခါးပတ်ပေါ်အောင် ဝတ်ဆင်လိုက်လို့လည်း ရပါတယ်။

ဘောင်းဘီအတိုဖက်ရှင်

Photo Source: Galknows.com

ဘောင်းဘီအတို ဝတ်ရတာ ကြိုက်နှစ်သက်သူများအတွက် ဒီဖက်ရှင်ကတော့ အံဝင်ခွင်ကျဖြစ်နေမှာ အမှန်ပါပဲ။

ရှပ်အင်္ကျီအပါးတစ်ထည် ထပ်ဝတ်ပါ

Photo Source: Pinterest.com

တစ်ချက်ခုတ် နှစ်ချက်ပြတ်ဆိုသလို တီရှပ်အဖြူရောင်ပေါ်မှာ ရှပ်အင်္ကျီအပါးတစ်ထည် ထပ်ဝတ်လိုက်ခြင်းက ဖက်ရှင်လည်း ကျသလို နေလောင်ဒဏ်မှလည်း ကာကွယ်ပေးနိုင်ပါတယ်။

စမတ်ကျကျ ဝတ်ဆင်ချင်တဲ့အမျိုးသားများအတွက်

Photo Source: Galknows.com

တီရှပ်ကို ကြယ်သီးပြည့် တပ်ဆင်ခြင်းက ကျင့်သားမရသူများအတွက် အနေကြပ်စေနိုင်ပေမယ့် ထိုကဲ့သို့ ဝတ်ဆင်ထားခြင်းက သင့်ကို စမတ်ကျတဲ့အသွင် ဖော်ဆောင်ပေးနိုင်ပါတယ်။

ဆွဲဆောင်မှုအားပြင်းပြီး ဆော်ကြည်ချင်တဲ့ ကွီးများအတွက် နက်ပြာရောင်ဖက်ရှင်

Photo Source: Galknows.com

နက်ပြာရောင် မကြိုက်သူများအနေနဲ့ အမဲရောင် ဝတ်ဆင်နိုင်ပါတယ်။ နေကာမျက်မှန်တစ်လက် ဝတ်ဆင်ထားခြင်းအားဖြင့် ညှို့ငင်အား ပိုမြှင့်မားအောင် ကူညီပေးနိုင်ပါတယ်။

အညိုရောင် အင်္ကျီနှင့် အနက်ရောင်ဘောင်းဘီ အတွဲအစပ်

Photo Source: Galknows.com

ဒီဖက်ရှင်ကတော့ လူငယ်ဆန်တဲ့ဖက်ရှင်မျိုးဖြစ်ပြီး ပေါ့ပေါ့ပါးပါး ဝတ်ဆင်ချင်သူများအတွက် အသင့်တော်ဆုံးဖက်ရှင်တစ်မျိုးပါ။

စတိုင်လ်ပန်ကို တီရှပ်အဖြူရောင်နဲ့ တွဲထားတဲ့ ဖက်ရှင်

Photo Source: Galknows.com

ထသွားထလာ ဟိုနားဒီနားသွားတဲ့အခါ ဖက်ရှင်ကျချင်တဲ့ ဘော်ဒါတွေအတွက်ကတော့ ဒီလိုကပိုကရိုဖက်ရှင်က အသင့်တော်ဆုံးပါပဲ။