ရေကူးခြင်းသည် ခန္ဓာကိုယ်အလေးချိန်ကို ကျစ်ကျစ်လျစ်လျစ်လေးဖြစ်စေပြီး နှလုံးနှင့် အဆုတ် ကျန်းမာအောင်၊ ကြွက်သားများ ကျစ်လျစ်တောင်းတင့်စေဖို့နဲ့ နှလုံးသွေးလှည့်ပတ်မှုကောင်းမွန်စေခြင်း၊ အမောအပန်းခံနိုင်ခြင်း အစရှိတဲ့ အကျိုးကျေးဇူးများကို ရရှိပိုင်ဆိုင်စေပါတယ်။

ကျွမ်းကျင်သော ရေကူးအားကစားသမားများသည် မိမိအားသန်ရာ ရေကူးနည်းများဖြင့် ရေကူးပြိုင်ပွဲများတွင် ဝင်ပြိုင်လေ့ရှိကြပါတယ်။ အိုလံပစ်ပြိုင်ပွဲများတွင်တော့ အလွတ်ကူးနည်းနှင့် လိပ်ပြာကူးနည်းများကို အများဆုံးတွေ့ရလေ့ရှိပါတယ်။

ရေကူးနည်းအမျိုးမျိုးရှိသည့်အနက် မိမိကူးတဲ့ရေကူးနည်းက ဘယ်လိုကျန်းမာရေးအကျိုးကျေးဇူးများကို ဆောင်ကျဉ်းပေးသလဲဆိုတာကို ဆက်လေ့လာကြည့်လိုက်ရအောင်။

အလွတ်ကူးနည်း

swimming freestyle for men

Photo Source: Active.com

အလွတ်ရေကူးနည်းသည် ကယ်လိုရီအမြောက်အမြားကို လောင်ကျွမ်းစေပါတယ်။ လက်မောင်း၊ ခြေထောက်နှင့် နောက်ကျောကြွက်သားများ သန်မာအောင် ကူညီပေးတာကြောင့် Full Body Workout ပြုလုပ်ခြင်းနှင့် အကျိုးသက်ရောက်မှု အတူတူပဲဖြစ်ပါတယ်။

ဖားကူးနည်း

breaststroke swimming for men

Photo Source: Rittersp.com

ဒီရေကူးနည်းကတော့ ရင်အုပ်ကြွက်သားများ၊ ပေါင်လုံးကြွက်သားများ၊ လက်မောင်းကြွက်သားများ သန်မာချင်သူများအတွက် အသင့်တော်ဆုံးပါပဲ။ ဖားကူးနည်းဖြင့် မိနစ် ၃၀ ခန့် ကူးပေးပါက ကယ်လိုရီ ၂၀၀ ကျော် လောင်ကျွမ်းစေပါတယ်။ ဖားကူးနည်းက နှေးတဲ့အတွက်ကြောင့် ရေကူးပြိုင်တဲ့အားကစားသမားများအတွက်တော့ မှန်ကန်တဲ့ရွေးချယ်မှုမဟုတ်ပါဘူး။

ပက်လက်ကူး

backstroke swimming style for men

Source: Wikihow.com

အလွတ်ကူးနည်းကိုမှ သင့်ခန္ဓာကိုယ်ကို ပက်လက်လှန်လိုက်တဲ့အခါ ပက်လက်ကူးဖြစ်သွားပါပြီ။ ဒီရေကူးနည်းကတော့ မိနစ် ၃၀ ကူးတဲ့အခါ ၂၅၀ ကယ်လိုရီလောင်ကျွမ်းသွားမှာပဲဖြစ်ပါတယ်။ ဒါ့အပြင် သင့်ခန္ဓာကိုယ်ကို အနေအထားမှန်ကန်အောင် ကူညီပေးမှာဖြစ်ပြီး အရိုးအကြောများ ကွေးလွယ်ဆန့်လွယ်အောင်လည်း ကူညီပေးနိုင်ပါတယ်။

ဘေးတစောင်းကူး

sidestroke swimming style for men

Source: Ninjashark.com

ဒီရေကူးနည်းသည်လည်း မိနစ် ၃၀ ကူးရုံနဲ့တင် ကယ်လိုရီ ၂၀၀ ကျော် လောင်ကျွမ်းသွားမှာပဲဖြစ်ပါတယ်။ အရေးပေါ် အသက်ကယ်တဲ့အခါ ဒီရေကူးနည်းက အသုံးအတည်းဆုံးဖြစ်ပါတယ်။ လက်မောင်းနှင့် ခြေထောက်ကြွက်သားများကို သန်မာစေတဲ့ရေကူးနည်းတစ်ခုပါ။

လိပ်ပြာကူးနည်း

butterfly swimming style for men

Photo Source: Wallpaperflare.com

လိပ်ပြာကူးနည်းကတော့ ကယ်လိုရီအလောင်ကျွမ်းဆုံးပဲဖြစ်ပါတယ်။ မိနစ် ၃၀ ကူးရုံနဲ့တင် ကယ်လိုရီ ၄၅၀ ကျော် လောင်ကျွမ်းသွားမှာပါ။ ခန္ဓာကိုယ်အပေါ်ပိုင်း ကြွက်သားများ သန်မာချင်တဲ့ ယောကျာ်းများအတွက် လိပ်ပြာကူးနည်းက အမှန်ကန်ဆုံးရွေးချယ်မှုပဲဖြစ်ပါတယ်။

Source: Allamericanswim.com