ဖက်ရှင်ကျတဲ့ ယောကျာ်းတိုင်းအတွက် မရှိမဖြစ်ဆောင်ထားသင့်တဲ့ ဖိနပ်အမျိုးအစားတွေထဲမှာ ဘွတ်ဖိနပ်တွေသည်လည်း တစ်ခုအပါအဝင်ပါပဲ။ ဘွတ်ဖိနပ်များသည် သက်သောင့်သက်သာဖြစ်ရုံသာမကဘဲ အကြမ်းလည်းခံတဲ့အပြင် စတိုင်လ်လည်းကျစေပါတယ်။
ဘွတ်ဖိနပ်များကို ရွေးချယ်တဲ့အခါမှာလည်း ရွေးချယ်စရာတွေ အများအပြားရှိပါတယ်။ ဘယ်လိုအမျိုးအစားတွေ ရှိကြသလဲဆိုတော့ …
Ankle Boots

ဒီဘွတ်ဖိနပ်အမျိုးအစားကို ဝတ်တော့မယ်ဆိုရင် အရင်ဦးဆုံး အဝတ်အစားကို အရင်ရွေးချယ်ပြီး ပြီးမှ ဘွတ်ဖိနပ်စီးလို့ရပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ ဒီအမျိုးအစားသည် အဝတ်အစားမရွေး လိုက်ဖက်လို့ပါပဲ။
Combat Boots

Classic ဖက်ရှင်မျိုးကို ဖန်တီးချင်တဲ့ ယောကျာ်းများအတွက် Combat အမျိုးအစားသည် သင့်တော်ပါတယ်။ ပွဲတက်အခမ်းအနားပဲဖြစ်ဖြစ် သွားတဲ့အခါလည်း ဝတ်ဆင်နိုင်ပါတယ်။ Combat ဘွတ်ကို အနက်ရောင်အဝတ်အစား (သို့) အရောင်ရင့်အဝတ်အစားများနဲ့ တွဲဖက်ဝတ်ဆင်ပါက ပိုကြည့်ကောင်းပါလိမ့်မယ်။
Work Boots

ဒီလိုဖိနပ်မျိုးကိုတော့ လုပ်ငန်းခွင်တွေမှာ ဝတ်ဆင်လေ့ရှိကြပါတယ်။ ဒီဘွတ်ဖိနပ်နဲ့ တွဲဝတ်မယ်ဆိုရင်တော့ အပြာရောင် ဂျင်းဘောင်းဘီ၊ Slim Fit ဂျင်းဘောင်းဘီမျိုးနဲ့ ပိုမိုလိုက်ဖက်ပါတယ်။
Timberland Boots

Timberland အမျိုးအစားကတော့ ပေါ့ပေါ့ပါးပါးဖက်ရှင် ဖန်တီးချင်သူများအတွက် ရွေးချယ်သင့်တဲ့ ဘွတ်ဖိနပ်အမျိုးအစားတစ်ခုပါ။
Biker Boots

သင့်မှာ ဆိုင်ကယ်တစ်စီး ရှိတယ်ဆိုရင် Biker Boots လည်း ရှိထားသင့်ပါတယ်။ ဒီဘွတ်ဖိနပ်တွေကိုတော့ Skinny ဂျင်းမျိုးနဲ့ တွဲဖက်ဝတ်ဆင်နိုင်ပါတယ်။
Lace-Up Boots

ဒီအမျိုးအစားသည်လည်း မည်သည့်အဝတ်အစားစတိုင်လ်နဲ့မဆို လိုက်ဖက်တဲ့ဘွတ်ဖိနပ်တစ်ခုပါ။
Chelsea Boots

ဂျင်းဘောင်းဘီ (သို့) စတိုင်လ်ဘောင်းဘီများကတော့ Chelsea ဘွတ်ဖိနပ်တွေနဲ့ အလိုက်ဖက်ဆုံးပါပဲ။ တီရှပ်၊ ဂျက်ကတ် (သို့) ဆွယ်တာအင်္ကျီများနဲ့ သင့်ဖက်ရှင်ကို ပြီးပြည့်စုံအောင် ဖန်တီးနိုင်ပါတယ်။
Source: Thetrendspotter.net
Featured Image Source: Business Insider
