ယောကျာ်းလေးအများစုသည် သူတို့ရဲ့ခံစားချက်ကို ထုတ်ဖော်ပြောပြတဲ့နေရာမှာ အားနည်းတတ်ကြပါတယ်။ သူတို့သည် များသောအားဖြင့် သူတို့ရဲ့ခံစားချက်ကို မြိုသိပ်ထားကြသူတွေပါ။ သူတို့ရဲ့ ချစ်သူကောင်မလေးက မျက်နှာရိပ်မျက်နှာခြေကြည့်ပြီး အတင်းအစ်အောက်မေးမှသာလျှင် ပြောပြတတ်ကြသူတွေပါ။ ဒါတောင်မှ သူတို့ ပြောချင်စိတ်မရှိဘဲ အတင်းမေးရင် စိတ်တိုဒေါသထွက်တတ်ကြပါသေးတယ်။

သင်ရော ထိုအမျိုးအစားထဲမှာ ပါပါသလား။

ကံကောင်းတာတစ်ခုက ကိုယ့်ရဲ့ခံစားချက်ကို နှုတ်က မထုတ်ဖော်ပြရင်တောင်မှ ကိုယ်လက်အမူအရာကို ကြည့်ပြီး ဖော်ပြနိုင်သေးတယ်ဆိုတာပါပဲ။

သင့်ကောင်မလေးအပေါ်ထားရှိတဲ့ သင့်ရဲ့အချစ်တွေကို ဘယ်လိုအမူအရာတွေကနေတဆင့် သိမြင်နိုင်သလဲဆိုတော့ …

သင့်ကောင်မလေးကို အနောက်က သိုင်းဖက်လိုက်တဲ့အခါ

man hugging his girlfriend

ဒီလိုသိုင်းဖက်ထားခြင်းအားဖြင့် သင်သည် သင့်ကောင်မလေးကို ဘယ်လိုခက်ခဲကြမ်းတမ်းတဲ့အခြေအနေပဲဖြစ်နေပါစေ စောင့်ရှောက်ချင်စိတ်ရှိသူတွေပါပဲ။ တာဝန်ယူစိတ်၊ တာဝန်ခံစိတ်ရှိကြတဲ့ ယောကျာ်းကောင်းတစ်ယောက်ရဲ့အချစ်မျိုးဖြစ်ပါတယ်။

ခါးကနေ ပွေ့ဖက်လိုက်တဲ့အခါ

man hugging his girlfriend

ဒီလိုပွေ့ဖက်လိုက်တဲ့အခါ သင်သည် သင့်ကောင်မလေးနဲ့ အကြာကြီး အတူတူရှိနေချင်ကြောင်း၊ အတူတူ အချိန်ဖြုန်းချင်နေကြောင်းကို ဖော်ပြနေပါတယ်။ တစ်ချိန်တည်းမှာပဲ သင်သည် တစ်စုံတစ်ယောက်ကို မြန်မြန်ချစ်မိတတ်ကြသလို မြန်မြန်မချစ်တတ်တဲ့ စိတ်အပြောင်းအလဲမြန်မှုမျိုး ရှိတတ်ကြပါတယ်။

ကျောကုန်းနောက်ကို ပုတ်ပေးပြီး ဖက်ထားတဲ့အခါ

man hugging his girlfriend

ဒီလိုအချစ်မျိုးကတော့ ရိုမန့်တစ်ဆန်တဲ့အချစ်ရေးထက် သူငယ်ချင်းပိုဆန်တဲ့အချစ်မျိုးကို ပိုင်ဆိုင်ထားကြပါတယ်။ သင်သည် သင့်ကောင်မလေးအတွက် သူငယ်ချင်းမိတ်ဆွေကောင်းတစ်ယောက်ဖြစ်ပြီး သူ့ကို အပြည့်အဝထောက်ပံ့လိုစိတ်လည်းရှိပါတယ်။

အကြည့်ချင်းဆုံပြီး ပွေ့ဖက်တဲ့အခါ

man hugging his girlfriend

ဒီအချစ်ကတော့ တော်တော်လေးကို ခံစားချက်ပြင်းထန်ပြီး နက်နဲတဲ့အချစ်ဖြစ်ပါတယ်။ ကိုယ့်ကောင်မလေးကို အင်မတန် တန်ဖိုးထားကြသူတွေဖြစ်ပြီး ကိုယ့်ကောင်မလေးသည် ကိုယ့်အတွက် အရေးအကြီးဆုံးပဲဖြစ်ပါတယ်။ ထိုကဲ့သို့သော  RS မျိုးသည် အပျော်ရွှင်ရဆုံးပဲဖြစ်ပါတယ်။

လက်တစ်ဖက်တည်းနဲ့ ဖက်ထားတဲ့အခါ

man hugging his girlfriend

ကိုယ့်ကောင်မလေးရဲ့ပုခုံးကို လက်တစ်ဖက်တည်းနဲ့ ဖက်ထားခြင်းမျိုးကျတော့ သင်သည် သင့်ကောင်မလေးကို သင့်ရဲ့အတောင်ပံအောက်မှာ လုံခြုံမှုရှိစေချင်တယ်လို့ ဖော်ပြနေပါတယ်။

ဒါပေမဲ့ ကောင်မလေးက ကောင်ကလေးကို ထိုကဲ့သို့ ပြန်ဖက်ထားမယ်ဆိုရင်တော့ ထိုကောင်မလေးသည် ကောင်ကလေးအပေါ် သူငယ်ချင်းသံယောဇဉ်ထက် မပိုဘူးလို့ အဓိပ္ပာယ်ဖွင့်ရပါလိမ့်မယ်။

တင်းတင်းကြပ်ကြပ်လေး ဖက်ထားတဲ့အခါ

man hugging his girlfriend

ဒီလိုအဖက်ခံရတဲ့ ကောင်မလေးကတော့ ကမ္ဘာပေါ်မှာ ကံအကောင်းဆုံးလို့တောင် ပြောလို့ရပါတယ်။ ထိုကဲ့သို့ တင်းတင်းကြပ်ကြပ်ဖက်တတ်တဲ့ယောကျာ်းများသည် ရိုမန့်တစ်လည်းဆန်သလို ကိုယ့်မိသားစုအပေါ် အကောင်းဆုံးတွေသာ ပေးချင်တဲ့ အကောင်းဆုံးခင်ပွန်းကောင်းတစ်ယောက်၊ အိမ်ထောင်ဦးစီးကောင်းတစ်ယောက်လည်းဖြစ်ကြပါတယ်။

Source: Brightside.me

Featured Image Source: Hdnicewallpapers.com