ရှပ်အင်္ကျီများက အမျိုးသားတိုင်းရဲ့အဝတ်ဘီဒိုထဲမှာ မရှိမဖြစ် လိုအပ်တဲ့ ဖက်ရှင်အဝတ်အစားတစ်မျိုးပဲဖြစ်ပါတယ်။ သင်က စီးပွားရေးသမားပဲဖြစ်ဖြစ်၊ စွန့်ဦးတီထွင်သူပဲဖြစ်ဖြစ်၊ ကျောင်းသားပဲဖြစ်ဖြစ် အမျိုးသားတိုင်းပိုင်ဆိုင်ထားသင့်တဲ့ ရှပ်အင်္ကျီများကို ဖက်ရှင်ကျဖို့အတွက် ပိုင်ဆိုင်ထားသင့်ပါတယ်။

သင် ဝတ်ဆင်တဲ့အဝတ်အစားများက သင့်အကြောင်းကို ဖော်ပြနေတာကြောင့် လတ်တလောမှာ ဘယ်ဖက်ရှင်စတိုင်လ်က ရေပန်းစားနေသလဲဆိုတာ သိထားသင့်ပါတယ်။ ကိုယ် ဝတ်ဆင်တဲ့ ဖက်ရှင်ကလည်း ကိုယ် သွားမယ့်နေရာနဲ့ လိုက်ဖက်အောင် ရွေးချယ်ဖို့ လိုပါသေးတယ်။

ယောကျာ်းများအတွက် စတိုင်ကျစေဖို့ ကူညီပေးမယ့် ရှပ်အင်္ကျီဖက်ရှင်များကတော့…

Causal ဖက်ရှင်ရော Formal ဖက်ရှင်အတွက်ပါ ဝတ်ဆင်နိုင်တဲ့ ရှပ်အင်္ကျီ

causal shirts for men

စီးပွားရေးသမားများအတွက် ဝတ်စုံပြည့် ရှပ်အင်္ကျီ

dress shirts for men

Cuban စတိုင်လ် ကော်လံ ရှပ်အင်္ကျီ

cuban collar shirt for men

အပေါ်ဝတ် ရှပ်အင်္ကျီ

overshirt for men

ဖလန်နယ် ချည်ထည်အကွက်အဆင် ရှပ်အင်္ကျီ

flannel shirt for men

ရုံးတက်ဖက်ရှင်

office shirt for men

ဂျင်း ရှပ်အင်္ကျီ

denim shirt for men

လက်တို ရှပ်အင်္ကျီ

causal fashion for men

ချည်ထည် ရှပ်အင်္ကျီ

linen shirt for men

ပိုလို ရှပ်အင်္ကျီ

polo shirt for men

ရှပ်အင်္ကျီ ဝယ်ယူတဲ့အခါ သတိထားရမယ့်အချက်ကတော့ ရှပ်အင်္ကျီကွာလတီပဲဖြစ်ပါတယ်။ အချို့အင်္ကျီများက ဈေးသာကြီးပြီး အင်္ကျီက နှစ်ခါသုံးခါ ဝတ်ပြီးတဲ့အခါ အပြင်သွား ဝတ်လို့မရတော့လောက်အောင်ကို ရေကျပြီး အင်္ကျီက နွမ်းဖတ်သွားတတ်ပါတယ်။

different types of shirts for men

နောက်ထပ် သတိထားရမယ့်အချက်ကတော့ အဖြူရောင်ရှပ်အင်္ကျီလိုမျိုး အရောင်ဖျော့သော အဝတ်အစားများကို အရောင်ကျွတ်တတ်သော အင်္ကျီ၊ ဘောင်းဘီများနဲ့ တွဲမလျှော်သင့်ပါဘူး။ ဖြစ်နိုင်မယ်ဆိုရင် အရောင်ဖျော့တဲ့ အင်္ကျီများကို သပ်သပ်စီ ခွဲလျှော်သင့်ပါတယ်။

Source: Toptrendsguide.com