လှပသပ်ရပ်တဲ့ ဖိနပ်များသည် သင့်ရဲ့ဖက်ရှင်ကို ပိုမိုစတိုင်လ်ကျလှပအောင် ကူညီပေးနိုင်တယ်ဆိုတာကို သင် လက်ခံပါသလား။ ဈေးကြီးလွန်းလှတဲ့ ဖိနပ်များကို ဝယ်စီးစရာမလိုပါဘူး။ ကိုယ့်မှာရှိတဲ့ဖိနပ်များကို စည်းစနစ်တကျ ဝတ်ဆင်မယ် ညစ်ပတ်ပေရေသွားတဲ့အခါ သန့်ရှင်းတိုက်ချွတ်မယ်ဆိုရင်ပဲ လုံလောက်ပါပြီ။ ဒါဆိုရင် သင့်ရဲ့ဖိနပ်က ဝယ်ခါစတုန်းကအတိုင်း သန့်ရှင်းလှပနေမှာပါ။

ညှပ်ဖိနပ်၊ ကွင်းထိုးဖိနပ်၊ သားရေဖိနပ်၊ ရှူးဖိနပ်၊ အားကစားဖိနပ် စသည်ဖြင့် ဖိနပ်အမျိုးအစား အမျိုးမျိုးရှိသည့်အနက် စတိုင်လ်ကျချင်တဲ့ ယောကျာ်းများအတွက် မရှိမဖြစ်ပိုင်ဆိုင်ထားသင့်တဲ့ ဖိနပ်အမျိုးအစားတချို့ကို ဝေမျှပေးချင်ပါတယ်။

အဖြူရောင် Sneaker ဖိနပ်

novesta star master

ဖြူဖြူသန့်သန့်လေးတွေကိုမှ ကြိုက်နှစ်သက်တယ်ဆိုရင်တော့ ဒီဖိနပ်လေးတွေက အသင့်တော်ဆုံးပါပဲ။

different types of shoes for men

အဖြူရောင် Sneaker ဖိနပ်ကို ဒီလိုဖက်ရှင်များနှင့်လည်း စမတ်ကျကျ ဝတ်ဆင်နိုင်ပါတယ်။

အစွပ်ဖိနပ်

different types of shoes for men

ဒီဖိနပ်ကတော့ Sneaker နဲ့ ရှူးဖိနပ် နှစ်ခုကို ပေါင်းစပ်ကာ ထုတ်လုပ်လိုက်တဲ့ ဒီဇိုင်းတစ်မျိုးပါ။ ပေါ့ပေါ့ပါးပါး စီးချင်သူများအတွက် သင့်တော်ပါတယ်။

different types of shoes for men

ထိုဖိနပ်ကိုတော့ ချည်သားအင်္ကျီ၊ ချည်သားဘောင်းဘီများနှင့် တွဲဖက်ဝတ်ဆင်နိုင်ပါတယ်။

အားကစားဖိနပ်

new balance fresh foam 1080v11 trainers

အခုနောက်ပိုင်းမှာတော့ ဒီလိုမျိုး အားကစားဖိနပ်တွေ ခေတ်စားလာပါတယ်။ ဖိနပ်အသားက သိုးမွေးအသားနဲ့ ခပ်ဆင်ဆင်တူပြီး ဝတ်ရတာ သက်သောင့်သက်သာရှိပါတယ်။

different types of shoes for men

ထိုဖိနပ်ကိုတော့ ဒီလိုဖက်ရှင်လေးနဲ့ ဝတ်ဆင်နိုင်ပါတယ်။

ကတ္တီပါသား ရှူးဖိနပ်

trickers daniel suede derby shoes

ပွဲနေပွဲထိုင်ဖက်ရှင်များနှင့် အင်မတန်လိုက်ဖက်တဲ့ ဖိနပ်တစ်မျိုးပါ။

different types of shoes for men

ထသွားထလာဖက်ရှင်မျိုးနဲ့ တွဲဝတ်မယ့်အစား ဝတ်စုံပြည့်ဖက်ရှင်မျိုးနဲ့ ပိုမိုလိုက်ဖက်ပါတယ်။

သားရေ ကွင်းထိုးဖိနပ်

officine creative agora 3 leather sandals

ကမ်းခြေဖက်ရှင်နဲ့ တွဲဖက်ဝတ်ဆင်သင့်တဲ့ ဖိနပ်ပါ။ လူငယ်ဆန်ပြီး ကြည့်ကောင်းစေတဲ့ ဖက်ရှင်ရရှိအောင် ဒီသားရေကွင်းထိုးဖိနပ်က ကူညီပေးနိုင်ပါတယ်။

different types of shoes for men

ဘောင်းဘီရှည်နဲ့သာမက ဘောင်းဘီတိုနဲ့လည်း လိုက်ဖက်တဲ့ ဖိနပ်တစ်မျိုးပါ။

ဗြောင်သားရေပျော့ ရှူးဖိနပ်

cheaney hudson penny loafer

ဒီဖိနပ်သည်လည်း ထသွားထလာအဝတ်အစားများနှင့် ဝတ်တာထက်စာရင် ကြီးကျယ်ခမ်းနားတဲ့ ပွဲတက်များနှင့် ပိုမိုလိုက်ဖက်ပါတယ်။

different types of shoes for men

ဝတ်စုံပြည့် မဝတ်ရင်တောင် ရှပ်အဖြူ၊ စတိုင်လ်ဘောင်းဘီအမဲနှင့် ပိုမိုလိုက်ဖက်ပါတယ်။

သင့်မှာရော အခုဖော်ပြသွားတဲ့ အမျိုးအစားတွေထဲကမှ ဖိနပ်အမျိုးအစား ဘယ်နှမျိုးလောက် ပိုင်ဆိုင်ထားပါသလဲ။

Source: Apetogentleman.com

Faeatured Image Source : Apetogentleman.com