နာရီဆိုတာ အချိန်သိရုံအတွက်တင် သုံးတဲ့ အသုံးအဆောင်တော့ မဟုတ်ပါဘူး။ နာရီတွေဟာ လူတစ်ယောက်ရဲ့ ပင်ကိုယ်စရိုက် ၊ ဥပဓိနဲ့ စွမ်းဆောင်ရည်ကို တနည်းနည်းနဲ့ ပြောပြနေပါတယ်။ နေရာအလိုက် ကိုယ်နဲ့ သင့်တင့်လိုက်ဖက်တဲ့ နာရီပတ်ထားမယ်ဆိုရင် ကိုယ့်ရဲ့ တန်ဖိုးဟာ အလိုလိုနေရင်း တက်နေပါတယ်။ ဒါကြောင့် အချိန်အခါအလိုက် ၊ နေရာအလိုက် ပတ်သင့်တဲ့ နာရီတွေအကြောင်းကို ကွီးတို့အတွက် မိတ်ဆက်ပေးချင်ပါတယ်။

(၁) Field Watch

Source: Oxemberg

အကြမ်းခံဖို့ အဓိကထုတ်ထားတဲ့ Field Watch မျိုး နာရီတွေဟာ စတိန်းလက်စတီးကိုယ်ထည်နဲ့ လာပြီး တစ်ချို့တွေကတော့ တိုက်တေနီယံတို့ PVD Coating ကိုယ်ထည်တို့နဲ့လည်း လာပါတယ်။ Field Watch တွေဟာ ဒိုင်ခွက်ကို အနက်ရောင်ဘက်ဂရောင်းထားပြီး ဂဏန်းကို အဖြူရောင်သုံးပါတယ်။ ဒါကတော့ အမှောင်နဲ့ အလင်းအားနည်းချိန်တွေမှာ နာရီကြည့်လို့ လွယ်စေဖို့ ထုတ်ထားတာပါ။ ဂျင်းလက်ပတ်ကြိုး သုံးတာ များပြီး တစ်ချို့တွေမှာ လယ်သာနဲ့ ကန်းဗတစ်ဖျင်စကို သုံးထားပါတယ်။ စစ်သားတွေ အသုံးများတဲ့ နာရီလည်း ဖြစ်ပါတယ်။

(၂) Dress Watch

Source: gearpatrol

အလှအပဦးစားပေးတဲ့ နာရီမျိုး ဖြစ်ပြီး အကြမ်းသိပ်မခံပေမယ့် ပွဲတက်ဖို့ ကောင်းတဲ့ နာရီထဲမှာ ပါပါတယ်။ သတ္တုကိုယ်ထည်နဲ့ လုပ်ပြီး တန်ဖိုးကြီးကြီး Dress Watch တွေမှာဆို ပလတ်တီနမ်နဲ့ ရွှေသားလို တန်ဖိုးကြီး ရတနာတွေနဲ့လည်း ထုတ်ထားတာ ရှိပါတယ်။ ဒိုင်ခွက်နဲ့ လက်တံတင်မဟုတ်ဘဲ ရက်စွဲနဲ့ နေ့စွဲတွေပါ ပြတဲ့ နာရီမျိုး ဖြစ်ပါတယ်။ ပွဲတက်နာရီတွေဟာ သတ္ထုစပ်ကိုမှ လယ်သာ ၊ ကင်းဗတ်စ်ကြိုးတွေ သုံးတာ များပါတယ်။ ပွဲသွားပွဲလာတွေမှာ ရိုးရိုးနဲ့ ယဉ်တဲ့ နာရီထဲမှာ ပါပါတယ်။

(၃) Dive Watch

Source: Worn & Wound

ရေကူးတဲ့သူတွေအတွက် အထူးထုတ်ထားတဲ့ ရေလုံနာရီဖြစ်ပြီး Swimming Watch လို့လည်း ခေါ်ပါတယ်။ ပင်လယ်ထဲမှာ ရေကူးလို့လည်း ဆားမပေါက်အောင် ထုတ်ထားတာ ဖြစ်ပါတယ်။ များသောအားဖြင့် ရာဘာနဲ့ ဆီလီကွန် လက်ပတ်ကြိုးပါပြီး တိုက်တီနီယံ (သို့မဟုတ်) စတိန်းလတ်စတီး ကိုယ်ထည် သုံးထားပါတယ်။

(၄) Mechanical Watch

Source: Pinterest

လူလတ်ပိုင်းတွေ အကြိုက်များတဲ့ နာရီပါ။ Old-School ဘဲကြီးတွေ လက်မှာ အတွေ့များပါတယ်။ တစ်ခြားနာရီတွေနဲ့ မတူတာက Mechanical Watch တွေဟာ ဘက်ထရီသုံးနာရီမဟုတ်ဘဲ သွေးခုန်နှုန်းတို့ ဂီယာစနစ်တို့နဲ့ လည်ပတ်တာပါ။ ပုံစံအမျိုးမျိုးနဲ့ ထွက်ပေမယ့် အဝိုင်းပုံစံက လူကြိုက်များပါတယ်။ တိုက်တေနီယံကြိုး တိုက်တေနီယံကိုယ်ထည်အပြင် တစ်ခါတစ်လေ စတီးကိုယ်ထည် ၊ လယ်သာကြိုးနဲ့ပါ ထွက်တာ ရှိပါတယ်။ အခုခေတ်မှာ Classic ဒီဇိုင်းကိုမှ Sporty ဆန်တဲ့ Mechanical Watch တွေလည်း ထွက်ထားပါတယ်။

(၅) SmartWatch

Source: EASYTIPS&TRICKS

ဒီခေတ်မှာ စမတ်ဖုန်းနဲ့ အတူ ခေတ်စားလာတဲ့ နာရီတစ်မျိုးက စမတ်နာရီ ဖြစ်ပါတယ်။ ဈေးနှုန်း ဒေါ်လာ ၁၀၀ လောက်ကနေ ဒေါ်လာ ထောင်ဂဏန်းအထိ တန်တဲ့ စမတ်နာရီတွေ ဒီခေတ်မှာ မြင်ရပါပြီ။ လူငယ်တွေ အကြိုက်ပိုများပြီး အားကစားနဲ့ ကျန်းမာရေးပိုင်း လိုက်စားတဲ့ လူတွေလည်း စမတ်နာရီ ပတ်လာကြပါပြီ။ စမတ်နာရီတွေဟာ တစ်ကိုယ်ရေ နှလုံးခုန်တိုင်း စက်တွေလို ဖြစ်လာသလို ဖုန်းခေါ်လို့ ရလာတာတွေကြောင့် လူကြိုက်များတာ မဆန်းပါဘူး။ နာရီအိုးကိုလည်း မှန်ကိုယ်ထည် ၊ စတီးကိုယ်ထည် ၊ တိုက်တေနီယံသတ္ထုစပ်အမျိုးမျိုးနဲ့ ထွက်ထားကြပြီး လုပ်ဆောင်ချက် အစုံဆုံး ခေတ်ပေါ် နာရီတွေလည်း ဖြစ်ပါတယ်။