Honor ရဲ့ နောက်ဆုံးထွက် အလယ်အလတ်တန်းစား ဖုန်း Honor X40i ကို ဒီနေ့အစောပိုင်းက တရုတ်နိုင်ငံမှာ စတင်ကြေညာသွားခဲ့ပါတယ်။ Honor X40i ဖုန်း မှာ ၆.၇ လက်မ LTPS LCD နဲ့ FHD+ မျက်နှာပြင် တပ်ဆင်ထားပြီး 60Hz Refresh Rate နဲ့ MediaTek ရဲ့ Dimensity 700 Chipset မောင်းနှင်ပေးထားပါတယ်။

Photo : TechNave

Honor X40i ဖုန်းကို ပါးလွှာတဲ့ စွဲမက်ဖွယ်ဒီဇိုင်းနဲ့ ထုတ်ထားပြီး ဖုန်းရဲ့ အထူက ၇.၄၃ မီလီမီတာသာရှိကာ အလေးချိန်ကတော့ ၁၇၅ ဂရမ်ရှိပါတယ်။ အနောက်ဘက်မှာ 50 MP Main ကင်မရာ နဲ့ 2MP Depth Sensor ကင်မရာ တစ်လုံးတပ်ဆင်ထားပြီး ကင်မရာ ၂ လုံးကို ကန့်လန့် ဖြတ် အင်္ဂလိပ်အက္ခရာ နံပါတ် ၈ ပုံသဏ္ဍာန် ဖန်တီးထားပါတယ်။

Software ဘက်မှာတော့ Android 12 ကို အခြေပြုထားတဲ့ Honor ရဲ့ Magic UI 6.1 ကို အသုံးပြုထားပါတယ်။ Honor X40i ဖုန်းမှာ 4,000 mAh ဘက်ထရီကို သုံးထားပြီး 40W အားသွင်းစနစ် ထောက်ပံ့ပေးထားပါတယ်။

Photo : GSMArena.com

Honor X40i ဖုန်းကို Rose Pink ၊ Silver ၊ Green နဲ့ Black အရောင် ၄ မျိုး ထုတ်ထားပြီး RAM 8/128GB မော်ဒယ်ကို ယွမ် ၁,၅၉၉ (ဒေါ်လာ ၂၃၈ / မြန်မာငွေ ၄ သိန်း ၄ သောင်းခန့်) ၊ RAM 12/256GB မော်ဒယ်အတွက်ကိုတော့ ယွမ် ၁,၉၉၉ (ဒေါ်လာ ၂၉၇ / မြန်မာငွေ ၅ သိန်း ၅ သောင်းခန့်) ကျသင့်မှာဖြစ်ပြီး ဇူလိုင် ၂၂ ရက်ကစပြီး တရုတ်နိုင်ငံမှာ စတင်ရောင်းချသွားမှာ ဖြစ်ပါတယ်။

Featured Photo : NoypiGeeks