ဘူဂေးရီးယားဂန္တဝင်တိုက်စစ်မှူး ဒီမီတာ ဘာဘာတော့ဗ်က နောက်ထပ် ကြီးမားတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်တွေ ပါဝင်နေတဲ့ ရက်သတ္တပတ်အတွက် ဟောကိန်းထုတ်ခဲ့ပြီး မန်ချက်စတာစီးတီးအသင်းက လမ်းပတ်ရဲ့အဲဗာတန်ကို အနိုင်ယူပြီး အမှတ်ပေးဇယားထိပ်ဆုံးမှာ ဆက်လက်အမှတ်ဖြတ်နိုင်ဖို့ မျှော်လင့်နေမှာဖြစ်ပါတယ်။

Tuchel and Klopp on the touchline

Photo: Football365

ရုန်းကန်နေရတဲ့ လိဒ်စ်ယူနိုက်တက်အသင်းဟာ ကွန်တီရဲ့ ခြေမမှန်တဲ့ တော့တင်ဟမ်ဟော့စပါးနဲ့ ရင်ဆိုင်သွားရမှာဖြစ်ပြီး နယူးကာဆယ်လ်အသင်းကတော့ တန်းဆင်းဇုန်နဲ့ ဝေးသည်ထက် ဝေးနိုင်အောင် ကြိုးစားဖို့ ဘရန့်တ်ဖို့ဒ်အိမ်ကွင်းမှာ ကြိုးပမ်းသွားရမှာဖြစ်ပါတယ်။ တနင်္ဂနွေနေ့ ဝင်ဘလေမှာ ကစားရမယ့် ကာရာဘောင်းဖလားဗိုလ်လုပွဲမှာ ချဲလ်ဆီးနဲ့ လီဗာပူးလ်တို့ တွေ့ဆုံယှဉ်ပြိုင်သွားရမှာဖြစ်ပြီး ယခုရာသီအတွက် ပထမဆုံးပြည်တွင်းဖလားကို ဘယ်သူဆွတ်ခူးသွားမလဲဆိုတာ ရင်ခုန်စရာကောင်းနေတာဖြစ်ပါတယ်။

Chelsea Vs Liverpool

Photo: TheprideofLondon

Betfair ရဲ့ သံတမန်ဖြစ်တဲ့ ဘာဘာတော့ဗ်က ယခုအပတ်ရဲ့ အကြီးမားဆုံးပွဲစဉ်ဖြစ်တဲ့ ချဲလ်ဆီးနဲ့ လီဗာပူးလ်တို့ရဲ့ပွဲစဉ်အတွက် သုံးသပ်မှုတွေ ပြုလုပ်သွားခဲ့ပြီး ဘယ်အသင်းက အနိုင်ရသွားမလဲဆိုတာကို ဟောကိန်းထုတ်ခဲ့ပါတယ်။ “ပရီးမီးယားလိဂ်ဖလား စိန်ခေါ်သူအချင်းချင်း၊ တစ်ယောက်အကြောင်း တစ်ယောက် ကောင်းကောင်းသိတဲ့ ကမ္ဘာ့အကောင်းဆုံး နည်းပြတွေထဲက ၂ ဦးတို့ အချင်းချင်းတွေ့ဆုံကြမယ့် လိဂ်ဖလား ဗိုလ်လုပွဲဖြစ်ပါလိမ့်မယ်။ လီဗာပူးလ်က အံ့အားသင့်ဖွယ်ပုံစံကောင်းရရှိနေပေမယ့် ချဲလ်ဆီးက အရင်ပွဲတွေမှာ ရုန်းကန်နေခဲ့ရပါတယ်”

“ကျွန်တော်ကတော့ ချဲလ်ဆီးအသင်းကို ဒီဗိုလ်လုပွဲမှာ အနိုင်ရသွားလိမ့်မယ်လို့ ထင်ပါတယ်။ ဒီပွဲက မိနစ် ၉၀ အတွင်းမှာ အဖြေပေါ်မယ်လို့တော့ ကျွန်တော် မထင်ဘဲ ချဲလ်ဆီးက အချိန်ပိုမှာ အနိုင်ယူသွားမယ်လို့ ထင်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

Featured Photo: Metro