အစားအစာများကို အတူတကွ ဝေမျှစားသုံးခြင်းသည် ချစ်ဖို့ကောင်းသော ရိုးရာဓလေ့တစ်ခုဖြစ်ပါတယ်။ ဒါပေမဲ့ ညစာ စားပွဲသို့ ဖိတ်ကြားခံရပြီး အစားအစာများ ဝေမျှစားသုံးတဲ့အခါမှာ Table Manners လို့ခေါ်တဲ့ အပြုအမူများကိုလည်း သိထားသင့်ပါတယ်။ ဒါမှသာ အများအမြင်မှာ သင်သည် လူကြီးလူကောင်းဆန်တဲ့သူတစ်ယောက်ဖြစ်မှာပါ။

ဒီလိုမျိုး လူကြီးလူကောင်းဆန်ဖို့အတွက် ညစာ စားပွဲတက်ရောက်တဲ့အခါ ဘယ်လိုအပြုအမူများကို ပြုလုပ်သင့်သလဲ၊ ဘယ်လိုအပြုအမူများကိုတော့ ရှောင်ကြဉ်သင့်သလဲဆိုတာ ဆက်လေ့လာကြည့်လိုက်ရအောင်။

၃ ရက်အတွင်း Reply ပြန်ပါ

Dining Etiquette When You're invited to a Dinner

Photo: Piktochart

ကိုယ်က အလုပ်များလွန်းလို့ ဖိတ်တဲ့အချိန်မှာ ချက်ချင်းအဖြေမပေးနိုင်သေးဘူးဆိုရင်တောင်မှ အနည်းဆုံး ၃ ရက်ခန့် လာနိုင် မလာနိုင်ဆိုတာကို အကြောင်းပြန်သင့်ပါတယ်။ ဒါ့အပြင် ညစာ စားပွဲတက်ရောက်တဲ့အခါ နေရာထိုင်ခင်းပေါ် မူတည်ပြီး သင့်ရဲ့အဝတ်အစားကိုလည်း ပြင်ဆင်ဝတ်စားသင့်ပါတယ်။ အလွန်အကျူး ဝတ်စားဆင်ယင်ခြင်းကိုလည်း ရှောင်ရှာသင့်ပြီး သာမန်ကာလျှံကာ ဝတ်ဆင်ခြင်းမျိုးကိုလည်း မပြုလုပ်သင့်ပါဘူး။

ပုဝါအသုံးပြုတဲ့အခါ

Dining Etiquette When You're invited to a Dinner

Photo: Mensopedia

တစ်ယောက်ချင်းစီအတွက် ပါးစပ်သုတ်ဖို့ ပုဝါငယ်လေး ချပေးထားတဲ့အခါ ထိုပုဝါကို သင့်ပေါင်ပေါ်တွင် တင်ထားလိုက်ပါ။ နှုတ်ခမ်းသုတ်တဲ့အခါမှာလည်း ပွတ်ဆွဲပြီး သုတ်တာမျိုး မလုပ်ရဘဲ ပုဝါဖြင့် နှုတ်ခမ်းကို ဖိပေးကာ သုတ်ရပါမယ်။

ဘယ်အချိန်မှာ စစားရမလဲ

Dining Etiquette When You're invited to a Dinner

ဖိတ်ကြားထားတဲ့ အိမ်ရှင်တွေကို အရင်အကဲခတ်ပါ။ သူတို့ စစားပြီဆိုမှ သင်သည်လည်း ဇွန်း၊ ခက်ရင်းတို့ကိုင်ကာ စားသုံးနိုင်ပါပြီ။

ဘယ်လိုစားသုံးရမလဲ

Dining Etiquette When You're invited to a Dinner

တံတောင်ကြီးကို ကားကားကြီးထားပြီး စားခြင်း၊ ကိုယ် မမှီတဲ့ အစားအစာတစ်ခုခုကို အခြားသူရဲ့ပန်းကန်တွေကို ကျော်ပြီးမှ လှမ်းယူလိုက်တာမျိုး (သို့) မတ်တပ်ရပ်ပြီး ထယူလိုက်တာမျိုးကို ရှောင်ကြဉ်သင့်ပါတယ်။ သင် မမှီဘူးဆိုရင် တစ်ယောက်ယောက်ကို ယူခိုင်းလိုက်ပါ။

မငြင်းပါနဲ့

Dining Etiquette When You're invited to a Dinner

ဒါလေး သုံးဆောင်ကြည့်ပါဦး။ ဒီဖျော်ရည်လေး သောက်ကြည့်ပါဦး စသည်ဖြင့် အိမ်ရှင်က ကမ်းလှမ်းလာတဲ့အခါ သင့်အနေနဲ့ ငြင်းဆန်လိုက်တဲ့အခါ ထိုအပြုအမူသည် ရိုင်းသွားတတ်ပါတယ်။ သင် မကြိုက်ရင်တောင်မှ တစ်လုတ်လောက် မြည်းစမ်းကြည့်လိုက်ပါ။ သင်နဲ့ ထိုအစား အစာက ဓာတ်မတည့်ဘူးဆိုရင်တော့ ဓာတ်မတည့်ကြောင်း သေချာရှင်းပြသင့်ပါတယ်။ တကယ်လို့ အရက်၊ ဘီယာ သောက်သုံးဖို့ ကမ်းလှမ်းလာတဲ့အခါမှာလည်း ကားမောင်း ရဦးမှာမို့လို့ (သို့) မနက်ဖြန် အလုပ်တက်ရဦးမှာမလို့ မသောက်သေးပါဘူးဆိုပြီး ယဉ်ယဉ်ကျေးကျေးငြင်းဆန်နိုင်ပါတယ်။

လက်ဆောင်တစ်ခုခု ယူသွားပါ

Dining Etiquette When You're invited to a Dinner

Photo: Foodandwine

ကိုယ့်ကို ညစာ စားပွဲတက်ဖို့ ဖိတ်ကြားလာတဲ့အခါ လက်ဗလာကြီးနဲ့ တက်ဖို့ကကျတော့ သိပ်ကြည့်ကောင်းမှာမဟုတ်ပါဘူး။ အချို့နိုင်ငံတွေကတော့ ဒီလိုမျိုး ဖိတ်ကြားခံရတဲ့အခါ အိမ်ရှင်ကို အကောင်းစား ဝိုင်တစ်လုံး လက်ဆောင်ပေးလေ့ရှိပါတယ်။ သင့်အနေနဲ့လည်း အိမ်ရှင်တွေအတွက် သူတို့ ကြိုက်တတ်မယ့် ပစ္စည်းတစ်မျိုးမျိုး လက်ဆောင်ယူသွားပေးသင့်ပါတယ်။

Source: Realmenrealstyle.com

Featured Image Source: Identity Magazine